DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် မူးယစ်ဆေးသုံးထားသူတဦးက ဓားဖြင့် လိုက်ခုတ်၊ အဘိုးအို ၁ ဦး သေဆုံး
DVB
·
September 15, 2019
ရေးမြို့တွင် မူးယစ်ဆေးသုံးထားသူတဦးက ဓားဖြင့် လိုက်ခုတ်၊ အဘိုးအို ၁ ဦး သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှာ စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက အမျိုးသားတဦးက ဓားနဲ့ ခုတ်လို့ အဘိုးအို ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ မူးယစ်ဆေးသုံးထားတဲ့ အောင်တင်ဝင်း ဆိုသူက လက်ဖက်ရည်ဆိုင်တဆိုင်မှာ လက်ဖက်ရည် သောက်နေတဲ့ ဆိုင်ရှင် ဦးတယ် (၉၅-နှစ်)ရဲ့ လည်ကုပ်ကို ဓားနဲ့ခုတ်ပြီး ကျန်သူတွေကိုလည်း လိုက်ခုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် အဆိုပါအမျိုးသားဟာ တခြားလက်ဖက်ရည်ဆိုင်မှ အီကြာကွေး ရောင်းတဲ့ အသက် ၇၀ အရွယ် အမျိုးသားကိုလည်း ဓားနဲ့ခုတ်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတဲ့ အမျိုးသားကို နာရီပိုင်းအတွင်း ရေးမြို့နယ် ပုပ္ပဝတီကျေးရွာ ကိုရင်လေးကျောင်းအနီးအနားမှာ ရဲတပ်ဖွဲ့မှူးနဲ့ အဖွဲ့ဝင်တွေက စိတ်ကြွဆေးပြား ၅ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။

ဓားခုတ်ခံရလို့ ဦးတယ်ကတော့ သေဆုံးသွားပြီး အီကြာကွေး ရောင်းတဲ့ အဘိုးအိုကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။

ရေးမြို့မ ရဲစခန်းမှ အောင်တင်ဝင်းကို လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ-၃၀၂/၃၂၆ တို့နဲ့ အမှုဖွင့်အရေးယူထားပြီး အသေးစိတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

နေမျိုးထွဋ်(ရေး)

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေရးၿမိဳ႕တြင္ မူးယစ္ေဆးသုံးထားသူတဦးက ဓားျဖင့္ လိုက္ခုတ္၊ အဘိုးအို ၁ ဦး ေသဆုံး

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ ေက်ာင္း႐ြာေက်း႐ြာမွာ စက္တင္ဘာ ၁၅ ရက္ မနက္ပိုင္းက အမ်ိဳးသားတဦးက ဓားနဲ႔ ခုတ္လို႔ အဘိုးအို ၁ ဦး ေသဆုံးၿပီး ၁ ဦး ဒဏ္ရာရသြားတယ္လို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးမွ ရဲအရာရွိတဦးက ေျပာပါတယ္။

ျဖစ္စဥ္မွာ မူးယစ္ေဆးသုံးထားတဲ့ ေအာင္တင္ဝင္း ဆိုသူက လက္ဖက္ရည္ဆိုင္တဆိုင္မွာ လက္ဖက္ရည္ ေသာက္ေနတဲ့ ဆိုင္ရွင္ ဦးတယ္ (၉၅-ႏွစ္)ရဲ႕ လည္ကုပ္ကို ဓားနဲ႔ခုတ္ၿပီး က်န္သူေတြကိုလည္း လိုက္ခုတ္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒီေနာက္ အဆိုပါအမ်ိဳးသားဟာ တျခားလက္ဖက္ရည္ဆိုင္မွ အီၾကာေကြး ေရာင္းတဲ့ အသက္ ၇၀ အ႐ြယ္ အမ်ိဳးသားကိုလည္း ဓားနဲ႔ခုတ္ၿပီး ဆိုင္ကယ္နဲ႔ ထြက္ေျပးသြားတယ္လို႔ ဆိုပါတယ္။

ဆိုင္ကယ္နဲ႔ ထြက္ေျပးသြားတဲ့ အမ်ိဳးသားကို နာရီပိုင္းအတြင္း ေရးၿမိဳ႕နယ္ ပုပၸဝတီေက်း႐ြာ ကိုရင္ေလးေက်ာင္းအနီးအနားမွာ ရဲတပ္ဖြဲ႕မႉးနဲ႔ အဖြဲ႕ဝင္ေတြက စိတ္ႂကြေဆးျပား ၅ ျပားနဲ႔အတူ ဖမ္းဆီးရမိခဲ့တယ္လို႔ ရဲအရာရွိက ေျပာပါတယ္။

ဓားခုတ္ခံရလို႔ ဦးတယ္ကေတာ့ ေသဆုံးသြားၿပီး အီၾကာေကြး ေရာင္းတဲ့ အဘိုးအိုကေတာ့ ဒဏ္ရာရရွိခဲ့ပါတယ္။

ေရးၿမိဳ႕မ ရဲစခန္းမွ ေအာင္တင္ဝင္းကို လူသတ္မႈ၊ အျပင္းအထန္ နာက်င္ေစမႈ ရာဇသတ္ႀကီး ပုဒ္မ-၃၀၂/၃၂၆ တို႔နဲ႔ အမႈဖြင့္အေရးယူထားၿပီး အေသးစိတ္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။

ေနမ်ိဳးထြဋ္(ေရး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013