တိုက်ပွဲများကြောင့် အခြေအနေ ပိုဆိုးလာနိုင်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်
DVB
·
September 15, 2019

နှစ်ဖက် အပစ်ရပ်တယ်လို့ ကြေညာထားပေမယ့် လက်ရှိတိုက်ပွဲတွေဖြစ်နေတာကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ တည်ငြိမ်မှု အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့၊ MNDAA ကိုးကန့် လက်နက်ကိုင်အဖွဲ့နဲ့ TNLA တအာင်းလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်နေတာပါ။
ကိုးကန့်၊ တအာင်းနဲ့ ရခိုင်ဒေသမှာ တပ်မတော်က စစ်အင်အားတွေ တိုးချဲ့နေလို့ စစ်ရေး ပဋိပက္ခ ပိုပြင်းထန်လာနိုင်ပြီး လက်ရှိတိုက်ပွဲတွေမှာလည်း လက်နက်ကြီး ကူပစ်တာ၊ ရဟတ်ယာဉ်တွေ သုံးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အပစ်ရပ်ပြီးနောက် ရထားတဲ့ အခြေအနေ တည်ငြိမ်တာကို ထိခိုက်ပြီး ပိုဆိုးလာနိုင်တာကို ပြည်သူလူထုနဲ့ သိသင့်သိထိုက်သူတွေသိအောင် အခုလို ထုတ်ပြန်တာလို့ ဆိုပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းအပါအဝင် စစ်တိုင်း ၅ ခုမှာ စက်တင်ဘာ ၂၁ ရက်အထိ စစ်ရေးလှုပ်ရှားတာ မလုပ်ဘူးလို့ တပ်မတော်က ကြေညာထားသလို ညီနောင် မဟာမိတ် ၃ ဖွဲ့ကလည်း စက်တင်ဘာ ၉ ရက်ကနေ အောက်တိုဘာ ၈ ရက်အထိ တဖက်သတ် အပစ်ရပ်တယ်လို့ ကြေညာထားခဲ့ကြတာပါ။
ဒါပေမယ့် ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်နေခဲ့ပြီး ဒီရက်ပိုင်းမှာပဲ နမ့်ဆန်မြို့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။
ညီနောင်သုံးဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ အစိုးရ၊ တပ်မတော်တို့ဟာ စက်တင်ဘာ ၁၇ ရက်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
=============================
တိုက္ပြဲမ်ားေၾကာင့္ အေျခအေန ပိုဆိုးလာႏိုင္ဟု ညီေနာင္မဟာမိတ္ ၃ ဖြဲ႕ ထုတ္ျပန္
DVB
ႏွစ္ဖက္ အပစ္ရပ္တယ္လို႔ ေၾကညာထားေပမယ့္ လက္ရွိတိုက္ပြဲေတြျဖစ္ေနတာေၾကာင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္နဲ႔ တည္ၿငိမ္မႈ အေျခအေန ပိုဆိုးလာႏိုင္တယ္လို႔ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕က ထုတ္ျပန္လိုက္ပါတယ္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႕၊ MNDAA ကိုးကန႔္ လက္နက္ကိုင္အဖြဲ႕နဲ႔ TNLA တအာင္းလက္နက္ကိုင္အဖြဲ႕တို႔ တိုက္ပြဲေတြ ျဖစ္ေနတာပါ။
ကိုးကန႔္၊ တအာင္းနဲ႔ ရခိုင္ေဒသမွာ တပ္မေတာ္က စစ္အင္အားေတြ တိုးခ်ဲ႕ေနလို႔ စစ္ေရး ပဋိပကၡ ပိုျပင္းထန္လာႏိုင္ၿပီး လက္ရွိတိုက္ပြဲေတြမွာလည္း လက္နက္ႀကီး ကူပစ္တာ၊ ရဟတ္ယာဥ္ေတြ သုံးေနတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒါေၾကာင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္နဲ႔ အပစ္ရပ္ၿပီးေနာက္ ရထားတဲ့ အေျခအေန တည္ၿငိမ္တာကို ထိခိုက္ၿပီး ပိုဆိုးလာႏိုင္တာကို ျပည္သူလူထုနဲ႔ သိသင့္သိထိုက္သူေတြသိေအာင္ အခုလို ထုတ္ျပန္တာလို႔ ဆိုပါတယ္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္းအပါအဝင္ စစ္တိုင္း ၅ ခုမွာ စက္တင္ဘာ ၂၁ ရက္အထိ စစ္ေရးလႈပ္ရွားတာ မလုပ္ဘူးလို႔ တပ္မေတာ္က ေၾကညာထားသလို ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕ကလည္း စက္တင္ဘာ ၉ ရက္ကေန ေအာက္တိုဘာ ၈ ရက္အထိ တဖက္သတ္ အပစ္ရပ္တယ္လို႔ ေၾကညာထားခဲ့ၾကတာပါ။
ဒါေပမယ့္ ရက္ဆက္ဆိုသလို တိုက္ပြဲေတြ ျဖစ္ေနခဲ့ၿပီး ဒီရက္ပိုင္းမွာပဲ နမ့္ဆန္ၿမိဳ႕မွာ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ေနပါတယ္။
ညီေနာင္သုံးဖြဲ႕ အပါအဝင္ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕နဲ႔ အစိုးရ၊ တပ္မေတာ္တို႔ဟာ စက္တင္ဘာ ၁၇ ရက္မွာ ေတြ႕ဆုံေဆြးေႏြးဖို႔ ရွိေနတာလည္း ျဖစ္ပါတယ္။