DVB Logo
Home
မြန်မာသတင်း
ရေချိုငါးလုပ်ငန်းဥပဒေ ပြင်ဆင်ပေးရန် ပဲခူးတိုင်း ရေလုပ်သားများ တောင်းဆို
DVB
·
September 15, 2019
ရေချိုငါးလုပ်ငန်းဥပဒေ ပြင်ဆင်ပေးရန် ပဲခူးတိုင်း ရေလုပ်သားများ တောင်းဆို
Donate to DVB

ရေချိုငါးလုပ်ငန်းနည်းဥပဒေဟာ ရေလုပ်သားတွေနဲ့ လယ်မဲ့ ယာမဲ့တွေအတွက် အခက်အခဲ ဖြစ်နေတာကြောင့် ပြန်လည်ပြင်ဆင်ပေးဖို့ ပဲခူးတိုင်းအတွင်းရှိ ရေလုပ်သားတွေက တောင်းဆိုလိုက်ပါတယ်။

ပဲခူးတိုင်းအတွင်း ၂၀၁၈ ခုနှစ်က အသစ် ပြန်လည်ပြင်ဆင်ရေးဆွဲထားတဲ့ ရေချိုငါးလုပ်ငန်းနည်းဥပဒေဟာ ရေလုပ်သားနဲ့ လယ်မဲ့ ယာမဲ့ ပြည်သူတွေအတွက်  အင်းလုပ်ကိုင်ခွင့် ရရှိဖို့ ကန့်သတ်ထားသလို ဖြစ်နေပြီး တရားမျှတစွာ လေလံပြိုင်စနစ်နဲ့ အင်းဆွဲခွင့်ရရှိဖို့ အခက်အခဲတွေ ဖြစ်နေတာကြောင့် အမြန်ဆုံး ပြန်လည်ပြင်ဆင်ပေးဖို့ ရေလုပ်သားတွေက တောင်းဆိုနေကြတာပါ။

ညောင်လေးပင်မြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးအောင်ဝင်းက “ကျနော်တို့က အမြန်ဆုံး နည်းဥပဒေကို ပြင်စေချင်တာပဲ။ ဘာလို့လဲဆိုတော့ ဒီနည်းဥပဒေမှာပါတဲ့ အချက်ကြောင့် အောက်ခြေမှာ ပြဿနာပေါင်းစုံ ဖြစ်ပေါ်နေရတယ်။ ဥပဒေထဲမှာက ပုံစံ-၇ ရှိမှ အင်းလေလံ အပြိုင်ဆွဲရမယ်ဆိုတာ ပါနေတော့ ရေလုပ်သား ဆိုတာက လယ်မရှိလို့ အင်းလုပ်နေရတာလေ။ ဒါကို ပုံစံ-၇ ပြနိုင်မှ ဆိုတော့ ဘယ်လိုလုပ် ပြနိုင်မှာလဲ။ လယ်ရှိမှတော့ ရေလုပ်သားဘဝနဲ့ လုပ်စားမနေတော့ဘူး။ ဒီဥပဒေဟာ မျှတတဲ့ ဥပဒေမဟုတ်ဘဲ ရေလုပ်သားနဲ့ လယ်မဲ့ ယာမဲ့တွေ အင်း မလုပ်စားနဲ့တော့ဆိုပြီး ရေးဆွဲထားသလို ဖြစ်နေတယ်” လို့ ပြောပါတယ်။

ပုံစံ-၇ မတင်ပြနိုင်တဲ့ ရေလုပ်သားတွေ၊ လယ်မဲ့ ယာမဲ့ ပြည်သူတွေ အင်းလုပ်ကိုင်ခွင့် မရရှိတော့တာကြောင့် အလုပ်လက်မဲ့တွေ ဖြစ်ပေါ်နေပြီး မိသားစု စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ရေလုပ်သားတွေက ပြောပါတယ်။

ရေလုပ်သားတဦးဖြစ်တဲ့ ဦးစိုးဝင်းအောင်က “နောင်လာမယ့်နှစ်တွေမှာ ဒီနည်းဥပဒေကို သုံးနေမယ်ဆိုလို့ရှိရင် ကျနော်တို့ လယ်မဲ့ ယာမဲ့ ပြည်သူတွေဟာ အင်း ဘယ်လို လုပ်စားရတော့မလဲ။ ပုံစံ-၇ ရှိတဲ့ လယ်သမားတောင် အင်းနားမှာရှိတဲ့ လယ်သမားပဲ လုပ်ရမယ်ဆိုတော့ ဒီဥပဒေဟာ ကျနော်တို့ လယ်မဲ့ ယာမဲ့တွေ ရေလုပ်သားတွေရဲ့ ဘဝကို သက်သက်ဒုက္ခရောက်အောင် ရေးဆွဲထားသလို ဖြစ်နေတယ်။ ဒီနည်းဥပဒေဟာ လယ်သမားတွေအတွက် သီးသန့်ချထားပေးတဲ့ဥပဒေ ဖြစ်နေတယ်” လို့ ပြောပါတယ်။

မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးစန်းဝင်းက “ကျနော်တို့အနေနဲ့ ဒီနည်းဥပဒေကို ပြင်ခွင့် မရှိတော့ပါဘူး။ လွှတ်တော်ကိုတော့ တင်ပြထားပါတယ်။ ပြီးခဲ့တဲ့အပတ်က လွှတ်တော်မှာ ကျနော်တို့ နည်းဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ဒီအချက်နဲ့ဆိုရင် ရေလုပ်သားတွေ၊ လယ်မဲ့ ယာမဲ့တွေ ပါလို့ မရဘူး။ အဲဒါကြောင့် ဒီအချက်ကို ပြင်ဆင်ပေးဖို့ တောင်းဆိုထားပါတယ်။ လွှတ်တော်ကလည်း ဒီအချက်တွေသာမက ကျန်တဲ့အချက်တွေရော အစုအဖွဲ့နဲ့ပတ်သက်တဲ့ အချက်တွေရောကို ပြင်ဆင်ဖို့ ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

နည်းဥပဒေအရ အစုအဖွဲ့ ဖွဲ့စည်းခွင့် မရရှိတော့တာကြောင့် အင်းလေလံဆွဲခွင့် မရရှိတဲ့ ရေလုပ်သားတွေ၊ လယ်မဲ့ ယာမဲ့တွေ စုပေါင်းပြီး ညောင်လေးပင်မြို့နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့တို့မှာ စက်တင်ဘာလ ပထမအပတ်က ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

နေလင်းထိုက်

~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version

ေရခ်ိဳငါးလုပ္ငန္းဥပေဒ ျပင္ဆင္ေပးရန္ ပဲခူးတိုင္း ေရလုပ္သားမ်ား ေတာင္းဆို

ေရခ်ိဳငါးလုပ္ငန္းနည္းဥပေဒဟာ ေရလုပ္သားေတြနဲ႔ လယ္မဲ့ ယာမဲ့ေတြအတြက္ အခက္အခဲ ျဖစ္ေနတာေၾကာင့္ ျပန္လည္ျပင္ဆင္ေပးဖို႔ ပဲခူးတိုင္းအတြင္းရွိ ေရလုပ္သားေတြက ေတာင္းဆိုလိုက္ပါတယ္။

ပဲခူးတိုင္းအတြင္း ၂၀၁၈ ခုႏွစ္က အသစ္ ျပန္လည္ျပင္ဆင္ေရးဆြဲထားတဲ့ ေရခ်ိဳငါးလုပ္ငန္းနည္းဥပေဒဟာ ေရလုပ္သားနဲ႔ လယ္မဲ့ ယာမဲ့ ျပည္သူေတြအတြက္  အင္းလုပ္ကိုင္ခြင့္ ရရွိဖို႔ ကန႔္သတ္ထားသလို ျဖစ္ေနၿပီး တရားမွ်တစြာ ေလလံၿပိဳင္စနစ္နဲ႔ အင္းဆြဲခြင့္ရရွိဖို႔ အခက္အခဲေတြ ျဖစ္ေနတာေၾကာင့္ အျမန္ဆုံး ျပန္လည္ျပင္ဆင္ေပးဖို႔ ေရလုပ္သားေတြက ေတာင္းဆိုေနၾကတာပါ။

ေညာင္ေလးပင္ၿမိဳ႕နယ္ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ ဒုဥကၠ႒ ဦးေအာင္ဝင္းက “က်ေနာ္တို႔က အျမန္ဆုံး နည္းဥပေဒကို ျပင္ေစခ်င္တာပဲ။ ဘာလို႔လဲဆိုေတာ့ ဒီနည္းဥပေဒမွာပါတဲ့ အခ်က္ေၾကာင့္ ေအာက္ေျခမွာ ျပႆနာေပါင္းစုံ ျဖစ္ေပၚေနရတယ္။ ဥပေဒထဲမွာက ပုံစံ-၇ ရွိမွ အင္းေလလံ အၿပိဳင္ဆြဲရမယ္ဆိုတာ ပါေနေတာ့ ေရလုပ္သား ဆိုတာက လယ္မရွိလို႔ အင္းလုပ္ေနရတာေလ။ ဒါကို ပုံစံ-၇ ျပႏိုင္မွ ဆိုေတာ့ ဘယ္လိုလုပ္ ျပႏိုင္မွာလဲ။ လယ္ရွိမွေတာ့ ေရလုပ္သားဘဝနဲ႔ လုပ္စားမေနေတာ့ဘူး။ ဒီဥပေဒဟာ မွ်တတဲ့ ဥပေဒမဟုတ္ဘဲ ေရလုပ္သားနဲ႔ လယ္မဲ့ ယာမဲ့ေတြ အင္း မလုပ္စားနဲ႔ေတာ့ဆိုၿပီး ေရးဆြဲထားသလို ျဖစ္ေနတယ္” လို႔ ေျပာပါတယ္။

ပုံစံ-၇ မတင္ျပႏိုင္တဲ့ ေရလုပ္သားေတြ၊ လယ္မဲ့ ယာမဲ့ ျပည္သူေတြ အင္းလုပ္ကိုင္ခြင့္ မရရွိေတာ့တာေၾကာင့္ အလုပ္လက္မဲ့ေတြ ျဖစ္ေပၚေနၿပီး မိသားစု စားဝတ္ေနေရးအတြက္ အခက္အခဲေတြနဲ႔ ႀကဳံေတြ႕ေနရတယ္လို႔ ေရလုပ္သားေတြက ေျပာပါတယ္။

ေရလုပ္သားတဦးျဖစ္တဲ့ ဦးစိုးဝင္းေအာင္က “ေနာင္လာမယ့္ႏွစ္ေတြမွာ ဒီနည္းဥပေဒကို သုံးေနမယ္ဆိုလို႔ရွိရင္ က်ေနာ္တို႔ လယ္မဲ့ ယာမဲ့ ျပည္သူေတြဟာ အင္း ဘယ္လို လုပ္စားရေတာ့မလဲ။ ပုံစံ-၇ ရွိတဲ့ လယ္သမားေတာင္ အင္းနားမွာရွိတဲ့ လယ္သမားပဲ လုပ္ရမယ္ဆိုေတာ့ ဒီဥပေဒဟာ က်ေနာ္တို႔ လယ္မဲ့ ယာမဲ့ေတြ ေရလုပ္သားေတြရဲ႕ ဘဝကို သက္သက္ဒုကၡေရာက္ေအာင္ ေရးဆြဲထားသလို ျဖစ္ေနတယ္။ ဒီနည္းဥပေဒဟာ လယ္သမားေတြအတြက္ သီးသန႔္ခ်ထားေပးတဲ့ဥပေဒ ျဖစ္ေနတယ္” လို႔ ေျပာပါတယ္။

ၿမိဳ႕နယ္ငါးလုပ္ငန္းဦးစီးမႉး ဦးစန္းဝင္းက “က်ေနာ္တို႔အေနနဲ႔ ဒီနည္းဥပေဒကို ျပင္ခြင့္ မရွိေတာ့ပါဘူး။ လႊတ္ေတာ္ကိုေတာ့ တင္ျပထားပါတယ္။ ၿပီးခဲ့တဲ့အပတ္က လႊတ္ေတာ္မွာ က်ေနာ္တို႔ နည္းဥပေဒနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ့ပါတယ္။ ဒီအခ်က္နဲ႔ဆိုရင္ ေရလုပ္သားေတြ၊ လယ္မဲ့ ယာမဲ့ေတြ ပါလို႔ မရဘူး။ အဲဒါေၾကာင့္ ဒီအခ်က္ကို ျပင္ဆင္ေပးဖို႔ ေတာင္းဆိုထားပါတယ္။ လႊတ္ေတာ္ကလည္း ဒီအခ်က္ေတြသာမက က်န္တဲ့အခ်က္ေတြေရာ အစုအဖြဲ႕နဲ႔ပတ္သက္တဲ့ အခ်က္ေတြေရာကို ျပင္ဆင္ဖို႔ ႀကိဳးစားေနပါတယ္” လို႔ ေျပာပါတယ္။

နည္းဥပေဒအရ အစုအဖြဲ႕ ဖြဲ႕စည္းခြင့္ မရရွိေတာ့တာေၾကာင့္ အင္းေလလံဆြဲခြင့္ မရရွိတဲ့ ေရလုပ္သားေတြ၊ လယ္မဲ့ ယာမဲ့ေတြ စုေပါင္းၿပီး ေညာင္ေလးပင္ၿမိဳ႕နယ္နဲ႔ တိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံးေရွ႕တို႔မွာ စက္တင္ဘာလ ပထမအပတ္က ဆႏၵျပမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

ေနလင္းထိုက္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013