DVB Logo
Home
မြန်မာသတင်း
လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရုံးခန်း အောင်မြေသာစံမြို့နယ်တွင် ဖွင့်လှစ်
DVB
·
September 14, 2019
လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရုံးခန်း အောင်မြေသာစံမြို့နယ်တွင် ဖွင့်လှစ်
1 / 3
Donate to DVB

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရုံးခန်းကို မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် ၈၆x၈၇ လမ်းကြား၊ ၁၉ လမ်း အောင်မြေသာစံရပ်ကွက်မှာ စက်တင်ဘာ ၁၄ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။

“ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံဟာ မပြီးဆုံးသေးဘူး ဖြစ်တယ်၊ ဒီနေ့ ဒီအခြေအနေအထိ ကျနော်တို့တိုင်းပြည်ဟာ စစ်ဝါဒ လွှမ်းမိုးထားဆဲ ဖြစ်တယ်။ အဲဒီစစ်ဝါဒက ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ ကျနော်တို့ရဲ့ နိုင်ငံရေးထဲကနေ မထွက်ခွာမချင်း ကျနော်တို့ တိုင်းပြည် ဒီမိုကရေစီရပြီလို့ ဘယ်လိုမှ ပြောလို့မရသေးဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့၊ စစ်မှန်တဲ့ လွတ်လပ်မှုတွေရဖို့၊ ဒါတွေကို မျှော်လင့်နိုင်ဖို့ တပ်မတော်က ဒီကနေ့ ကျနော်တို့ တိုင်းပြည်က နိုင်ငံရေးကနေ ဆုတ်ခွာသွားဖို့ အရေးကြီးတယ်” လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ  ဦးအောင်မိုးဇော်က ပြောပါတယ်။

မန္တလေးတိုင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ကော်မတီဝင် ၁၇ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ လူဘောင်သစ်ပါတီ ရုံးခန်းဖွင့်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ၊ ဗကသ ကျောင်းသားဟောင်းတွေ၊ ရွှေဝါရောင်သံဃာတော်တွေ အပါအဝင် လူ ၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ လုပ်ငန်းတာဝန်ဝန်တွေကို ဆက်လက် ထမ်းရွက်နိုင်ဖို့အတွက် ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်အချို့က ဦးဆောင်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို စတင်တည်ထောင်ခဲ့တာလည်း ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

လူေဘာင္သစ္ဒီမိုကရက္တစ္ပါတီ ႐ုံးခန္း ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ ဖြင့္လွစ္

လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ ႐ုံးခန္းကို မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္ ၈၆x၈၇ လမ္းၾကား၊ ၁၉ လမ္း ေအာင္ေျမသာစံရပ္ကြက္မွာ စက္တင္ဘာ ၁၄ ရက္ေန႔က ဖြင့္လွစ္လိုက္ပါတယ္။

“က်ေနာ္တို႔တိုင္းျပည္ရဲ႕ ဒီမိုကေရစီအေရးေတာ္ပုံဟာ မၿပီးဆုံးေသးဘူး ျဖစ္တယ္၊ ဒီေန႔ ဒီအေျခအေနအထိ က်ေနာ္တို႔တိုင္းျပည္ဟာ စစ္ဝါဒ လႊမ္းမိုးထားဆဲ ျဖစ္တယ္။ အဲဒီစစ္ဝါဒက က်ေနာ္တို႔ တိုင္းျပည္ရဲ႕ ႏိုင္ငံေရး၊ က်ေနာ္တို႔ရဲ႕ ႏိုင္ငံေရးထဲကေန မထြက္ခြာမခ်င္း က်ေနာ္တို႔ တိုင္းျပည္ ဒီမိုကေရစီရၿပီလို႔ ဘယ္လိုမွ ေျပာလို႔မရေသးဘူး။ စစ္မွန္တဲ့ ဒီမိုကေရစီရဖို႔၊ စစ္မွန္တဲ့ လြတ္လပ္မႈေတြရဖို႔၊ ဒါေတြကို ေမွ်ာ္လင့္ႏိုင္ဖို႔ တပ္မေတာ္က ဒီကေန႔ က်ေနာ္တို႔ တိုင္းျပည္က ႏိုင္ငံေရးကေန ဆုတ္ခြာသြားဖို႔ အေရးႀကီးတယ္” လို႔ လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီ ဥကၠ႒  ဦးေအာင္မိုးေဇာ္က ေျပာပါတယ္။

မႏၲေလးတိုင္း လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီကို ေကာ္မတီဝင္ ၁၇ ဦးနဲ႔ ဖြဲ႕စည္းခဲ့ပါတယ္။ လူေဘာင္သစ္ပါတီ ႐ုံးခန္းဖြင့္ပြဲကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီဝင္ေတြ၊ ဗကသ ေက်ာင္းသားေဟာင္းေတြ၊ ေ႐ႊဝါေရာင္သံဃာေတာ္ေတြ အပါအဝင္ လူ ၅၀ ေက်ာ္ တက္ေရာက္ခဲ့ၾကပါတယ္။

ရွစ္ေလးလုံး ဒီမိုကေရစီအေရးေတာ္ပုံႀကီးရဲ႕ လုပ္ငန္းတာဝန္ဝန္ေတြကို ဆက္လက္ ထမ္း႐ြက္ႏိုင္ဖို႔အတြက္ ၁၉၈၈ ခုႏွစ္ ေအာက္တိုဘာလ ၁၄ ရက္ေန႔မွာ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္အခ်ိဳ႕က ဦးေဆာင္ၿပီး လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီကို စတင္တည္ေထာင္ခဲ့တာလည္း ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013