DVB Logo
Home
မြန်မာသတင်း
ဥရာပရုပ်ရှင်ပွဲတော်ကို ပထမဆုံးအကြိမ် မန္တလေးမြို့တွင် ပြသ
DVB
·
September 14, 2019
ဥရာပရုပ်ရှင်ပွဲတော်ကို ပထမဆုံးအကြိမ် မန္တလေးမြို့တွင် ပြသ
1 / 4
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂-လမ်း၊ မနော်ဟရီလမ်း၊ မင်္ဂလာရုပ်ရှင်ရုံ စင်ထရယ်ပွိုင့်မှာ စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၆ နာရီက ဥရောပ ရုပ်ရှင်ပွဲတော်ကို ပထမဦးဆုံးအကြိမ် ပြသသွားပါတယ်။

ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးဖြစ်တဲ့ H.E.Kristian Schimdt က “ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မှာ နှစ်စဉ် ကျင်းပနိုင်တဲ့အတွက်ရော ပထမဦးဆုံးအကြိမ် ရုံးပိတ်ရက် အစီအစဉ်အဖြစ် မန္တလေးမြို့မှာ ပြသနိုင်ပြီဖြစ်တဲ့အတွက်ပါ ကျနော်တို့အနေနဲ့ ပျော်ရွှင်ကျေနပ်မိပါတယ်။ မြန်မာနိုင်ငံသားတွေကို ဥရောပနိုင်ငံအချင်းချင်း ကူးလူးဆက်နွှယ်နေတဲ့ ခံယူချက်တွေ အကြောင်းအရာတွေနဲ့ အနုပညာတွေကို ကြီးမားတဲ့ ဖန်သားပြင်ပေါ်ကနေတဆင့် ဥရောပက လူတွေရဲ့ လူနေမှုဘဝတွေကို ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုပါတယ်။ ဥရောပရုပ်ရှင်တွေအနေနဲ့ အကြောင်းအရာမျိုးစုံတွေ စုံလင်စွာရှိပြီး နောက်ခံယဉ်ကျေးမူတွေက ဆက်နွှယ်မှု ရှိနေတာတွေကို တွေ့ရမှာပါ” လို့ ပြောပါတယ်။

ဥရောပရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်သွားမှဖြစ်ပြီး ရုပ်ရှင်ပွဲတော်မှာ ဥရောပနိုင်ငံ ၁၆ နိုင်ငံက အနုပညာရသ ပြောင်မြောက်တဲ့ ရုပ်ရှင်ကားကြီး ၂၀ ကို ပြသသွားမှာပါ။

ရန်ကုန်မြို့မှာ ၂၁ ကား ပြသကာ မန္တလေးမြို့မှာတော့ စက်တင်ဘာလ ၁၃ ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ ရုပ်ရှင်ကားကြီး ၉ ကားကို ရန်ကုန်မြို့ထက် ၁၀ ရက်စောပြီး ပြသသွားမှာလည်း ဖြစ်ပါတယ်။

ပထမဆုံးအကြိမ် မန္တလေးမြို့မှာ ကျင်းပတဲ့ ဥရောပ ရုပ်ရှင်ပွဲတော်ကို ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်၊ ဦးငြိမ်းမင်း၊ ရုပ်ရှင် ဒါရိုက်တာ မမေနွယ်ထွန်း၊ အမျိုးသမီး သရုပ်ဆောင် စာရေးဆရာမ ယဉ်ယဉ်နှောင်းတို့ တက်ရောက်ခဲ့ကြပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဥရာပ႐ုပ္ရွင္ပြဲေတာ္ကို ပထမဆုံးအႀကိမ္ မႏၲေလးၿမိဳ႕တြင္ ျပသ

မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၆၂-လမ္း၊ မေနာ္ဟရီလမ္း၊ မဂၤလာ႐ုပ္ရွင္႐ုံ စင္ထရယ္ပြိဳင့္မွာ စက္တင္ဘာ ၁၃ ရက္ေန႔ ညေန ၆ နာရီက ဥေရာပ ႐ုပ္ရွင္ပြဲေတာ္ကို ပထမဦးဆုံးအႀကိမ္ ျပသသြားပါတယ္။

ဥေရာပသမဂၢ ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ႀကီးျဖစ္တဲ့ H.E.Kristian Schimdt က “႐ုပ္ရွင္ပြဲေတာ္ကို ရန္ကုန္မွာ ႏွစ္စဥ္ က်င္းပႏိုင္တဲ့အတြက္ေရာ ပထမဦးဆုံးအႀကိမ္ ႐ုံးပိတ္ရက္ အစီအစဥ္အျဖစ္ မႏၲေလးၿမိဳ႕မွာ ျပသႏိုင္ၿပီျဖစ္တဲ့အတြက္ပါ က်ေနာ္တို႔အေနနဲ႔ ေပ်ာ္႐ႊင္ေက်နပ္မိပါတယ္။ ျမန္မာႏိုင္ငံသားေတြကို ဥေရာပႏိုင္ငံအခ်င္းခ်င္း ကူးလူးဆက္ႏႊယ္ေနတဲ့ ခံယူခ်က္ေတြ အေၾကာင္းအရာေတြနဲ႔ အႏုပညာေတြကို ႀကီးမားတဲ့ ဖန္သားျပင္ေပၚကေနတဆင့္ ဥေရာပက လူေတြရဲ႕ လူေနမႈဘဝေတြကို ၾကည့္ရႈခံစားဖို႔ ဖိတ္ေခၚလိုပါတယ္။ ဥေရာပ႐ုပ္ရွင္ေတြအေနနဲ႔ အေၾကာင္းအရာမ်ိဳးစုံေတြ စုံလင္စြာရွိၿပီး ေနာက္ခံယဥ္ေက်းမူေတြက ဆက္ႏႊယ္မႈ ရွိေနတာေတြကို ေတြ႕ရမွာပါ” လို႔ ေျပာပါတယ္။

ဥေရာပ႐ုပ္ရွင္ပြဲေတာ္ကို ရန္ကုန္ၿမိဳ႕နဲ႔ မႏၲေလးၿမိဳ႕ေတြမွာ ျပဳလုပ္သြားမွျဖစ္ၿပီး ႐ုပ္ရွင္ပြဲေတာ္မွာ ဥေရာပႏိုင္ငံ ၁၆ ႏိုင္ငံက အႏုပညာရသ ေျပာင္ေျမာက္တဲ့ ႐ုပ္ရွင္ကားႀကီး ၂၀ ကို ျပသသြားမွာပါ။

ရန္ကုန္ၿမိဳ႕မွာ ၂၁ ကား ျပသကာ မႏၲေလးၿမိဳ႕မွာေတာ့ စက္တင္ဘာလ ၁၃ ရက္ေန႔ကစၿပီး ၁၅ ရက္ေန႔အထိ ႐ုပ္ရွင္ကားႀကီး ၉ ကားကို ရန္ကုန္ၿမိဳ႕ထက္ ၁၀ ရက္ေစာၿပီး ျပသသြားမွာလည္း ျဖစ္ပါတယ္။

ပထမဆုံးအႀကိမ္ မႏၲေလးၿမိဳ႕မွာ က်င္းပတဲ့ ဥေရာပ ႐ုပ္ရွင္ပြဲေတာ္ကို ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီး ဦးစိုင္းပန္ဆိုင္၊ ဦးၿငိမ္းမင္း၊ ႐ုပ္ရွင္ ဒါ႐ိုက္တာ မေမႏြယ္ထြန္း၊ အမ်ိဳးသမီး သ႐ုပ္ေဆာင္ စာေရးဆရာမ ယဥ္ယဥ္ေႏွာင္းတို႔ တက္ေရာက္ခဲ့ၾကပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013