DVB Logo
Home
မြန်မာသတင်း
ပုသိမ်ကြီး ဆရာ၊ ဆရာမများက ကျောင်းသား ၁၀၈ ဦးကို ပထမဆုံးအကြိမ် ရှင်ပြုပေး
DVB
·
September 14, 2019
ပုသိမ်ကြီး ဆရာ၊ ဆရာမများက ကျောင်းသား ၁၀၈ ဦးကို ပထမဆုံးအကြိမ် ရှင်ပြုပေး
1 / 5
Donate to DVB

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့၊ ပုသိမ်ကြီး အ.ထ.က ကျောင်းက ဆရာ၊ ဆရာမတွေဟာ ကျောင်းသား ကလေးငယ် ၁၀၈ ဦးကို ရှင်သာမဏေပြု လှူဒါန်းပေးခဲ့ကြပါတယ်။

ဆရာ၊ ဆရာမတွေ၊ ရုံးဝန်ထမ်းတွေ အပါအဝင် ပညာရေးဝန်ထမ်းဟောင်းတချို့ ပူးပေါင်းကာ လှူဒါန်းတာဖြစ်ပြီး ပဉ္စမတန်းကနေ နဝမတန်းအထိ ကျောင်းသားတွေ ပါဝင်တယ်လို့ ကျောင်းအုပ် ဒေါ်ခင်စန္ဒာကပြောပါတယ်။

သင်္ကန်းနဲ့ ပရိက္ခရာရှစ်ပါး အပါအဝင် ရှင်သာမဏေတစ်ပါးအတွက် ကုန်ကျစရိတ် တစ်သောင်းခြောက်ထောင်ခန့် ကျသင့်ပြီး မိဘတွေဆီက ကောက်ခံတာမရှိဘဲ ပညာရေးဝန်ထမ်းတွေက သီးသန့်လှူဒါန်းတာ ဖြစ်တယ်လို့ သိရပါတယ်။ ဆွမ်းကပ်လှူဖို့ ကုန်ကျစရိတ်ကိုလည်း ပညာရေးဝန်ထမ်းဟောင်းတဦးက လှူဒါန်းတာလို့ ဆိုပါတယ်။

အခုလို ကျောင်းသားတွေကို ဆရာ၊ ဆရာမတွေက သာမဏေပြုပေးတာဟာ ဝမ်းမြောက်ဖွယ် ဖြစ်တယ်လို့လည်း ကျောင်းသားမိဘတဦးက ပြောပါတယ်။

သာမဏေပြုနေတဲ့ ကျောင်းသားတွေအတွက်ကိုလည်း သင်္ကန်းဝတ်နေတဲ့ ကာလအတွင်း ပညာဆက်လက်သင်ယူခွင့်ရဖို့ စီစဉ်ထားတယ်လို့ ကျောင်းအုပ်ဆရာမကြီးက ပြောပါတယ်။

ဒီအလှူပွဲမှာ အရွယ်ရောက်တဲ့အထိ သာမဏေမပြုဖူးသူတွေ၊ မိဘချို့တဲ့တာကြောင့် သာမဏေပြုမပေးနိုင်တဲ့ ကလေးတွေကို စာသင်တန်းအလိုက် ဦးစားပေးပြီး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်ကြီး အ.ထ.က ကျောင်းမှာ အခု ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၂၆၀၀ တက်ရောက် သင်ကြားနေပြီး ရုံးဝန်ထမ်းအပါအဝင် ဆရာ၊ ဆရာမ ၈၉ ဦးရှိတယ်လို့ သိရပါတယ်။

လာမယ့်နှစ်မှာလည်း အခုလို ရှင်သာမဏေပြု လှူဒါန်းမှုတွေ ဆက်လက် ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ပုသိမ္ႀကီး ဆရာ၊ ဆရာမမ်ားက ေက်ာင္းသား ၁၀၈ ဦးကို ပထမဆုံးအႀကိမ္ ရွင္ျပဳေပး

မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕၊ ပုသိမ္ႀကီး အ.ထ.က ေက်ာင္းက ဆရာ၊ ဆရာမေတြဟာ ေက်ာင္းသား ကေလးငယ္ ၁၀၈ ဦးကို ရွင္သာမေဏျပဳ လႉဒါန္းေပးခဲ့ၾကပါတယ္။

ဆရာ၊ ဆရာမေတြ၊ ႐ုံးဝန္ထမ္းေတြ အပါအဝင္ ပညာေရးဝန္ထမ္းေဟာင္းတခ်ိဳ႕ ပူးေပါင္းကာ လႉဒါန္းတာျဖစ္ၿပီး ပၪၥမတန္းကေန နဝမတန္းအထိ ေက်ာင္းသားေတြ ပါဝင္တယ္လို႔ ေက်ာင္းအုပ္ ေဒၚခင္စႏၵာကေျပာပါတယ္။

သကၤန္းနဲ႔ ပရိကၡရာရွစ္ပါး အပါအဝင္ ရွင္သာမေဏတစ္ပါးအတြက္ ကုန္က်စရိတ္ တစ္ေသာင္းေျခာက္ေထာင္ခန႔္ က်သင့္ၿပီး မိဘေတြဆီက ေကာက္ခံတာမရွိဘဲ ပညာေရးဝန္ထမ္းေတြက သီးသန႔္လႉဒါန္းတာ ျဖစ္တယ္လို႔ သိရပါတယ္။ ဆြမ္းကပ္လႉဖို႔ ကုန္က်စရိတ္ကိုလည္း ပညာေရးဝန္ထမ္းေဟာင္းတဦးက လႉဒါန္းတာလို႔ ဆိုပါတယ္။

အခုလို ေက်ာင္းသားေတြကို ဆရာ၊ ဆရာမေတြက သာမေဏျပဳေပးတာဟာ ဝမ္းေျမာက္ဖြယ္ ျဖစ္တယ္လို႔လည္း ေက်ာင္းသားမိဘတဦးက ေျပာပါတယ္။

သာမေဏျပဳေနတဲ့ ေက်ာင္းသားေတြအတြက္ကိုလည္း သကၤန္းဝတ္ေနတဲ့ ကာလအတြင္း ပညာဆက္လက္သင္ယူခြင့္ရဖို႔ စီစဥ္ထားတယ္လို႔ ေက်ာင္းအုပ္ဆရာမႀကီးက ေျပာပါတယ္။

ဒီအလႉပြဲမွာ အ႐ြယ္ေရာက္တဲ့အထိ သာမေဏမျပဳဖူးသူေတြ၊ မိဘခ်ိဳ႕တဲ့တာေၾကာင့္ သာမေဏျပဳမေပးႏိုင္တဲ့ ကေလးေတြကို စာသင္တန္းအလိုက္ ဦးစားေပးၿပီး ေဆာင္႐ြက္ခဲ့တယ္လို႔ သိရပါတယ္။

ပုသိမ္ႀကီး အ.ထ.က ေက်ာင္းမွာ အခု ပညာသင္ႏွစ္အတြင္း ေက်ာင္းသား၊ ေက်ာင္းသူ ၂၆၀၀ တက္ေရာက္ သင္ၾကားေနၿပီး ႐ုံးဝန္ထမ္းအပါအဝင္ ဆရာ၊ ဆရာမ ၈၉ ဦးရွိတယ္လို႔ သိရပါတယ္။

လာမယ့္ႏွစ္မွာလည္း အခုလို ရွင္သာမေဏျပဳ လႉဒါန္းမႈေတြ ဆက္လက္ ေဆာင္႐ြက္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ထိန္ထိန္လင္း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013