
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ Beauty Gold KTV မှာ စက်တင်ဘာ ၁၃ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားတာဟာ မျက်နှာကျက်မှာ တပ်ဆင်ထားတဲ့ ဝါယာကြိုးတွေ ဆွေးမြေ့ပေါက်ပြဲပြီး အပူရှိန်ကြောင့် မီးလောင်ကျွမ်းရတာလို့ စစ်ကိုင်းတိုင်း မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဦးမင်းစန်းအေးက ပြောပါတယ်။
"ကြိုးပေါက်တဲ့ နေရာတွေကစပြီး ဝါယာတလျှောက် အကုန်လောင်တာ။ သွပ်ခေါင်တွေနဲ့ အခန်းပစ္စည်းတွေ အကုန်မီးစွဲလောင်တာ ဖြစ်ပါတယ်။"
မီးလောင်မှုကြောင့် သွပ်မိုး၊ အဆောက်အဦအတွင်းရှိ KTV စက်များနဲ့ အတွင်းပစ္စည်းတွေ လောင်ကျွမ်းသွားတယ်လို့ သိရပါတယ်။
အဆိုပါ KTV မှာ အခန်း ၈ ခန်းပါဝင်ပြီး မီးလောင်မှုကြောင့် လူထိခိုက်မှုတစုံတရာတော့ မရှိခဲ့ပါဘူး။
မီးလောင်မှုကိုတော့ မီးငြှိမ်းသတ်ယာဉ် ၁၄ စီး၊ ရေသည်ယာဉ် ၈ စီးနဲ့ လူအယောက် ၁၀၀ ကျော် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် ဆုံးရှုံးမှုအနေနဲ့ကတော့ တန်ဖိုး ကျပ် ၁၆၇၆၀၀၀ ရှိတယ်လို့ သိရပါတယ်။
အခုလို မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆသူ KTV မန်နေဂျာကို မုံရွာမြို့နယ်မြေ ရဲစခန်းက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
ရန်နိုင်စိုး
မုံ႐ြာၿမိဳ႕ Beauty Gold KTV မီးေလာင္
DVB
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ ၿမိဳ႕သစ္ရပ္ကြက္ရွိ Beauty Gold KTV မွာ စက္တင္ဘာ ၁၃ ရက္ေန႔က မီးေလာင္မႈျဖစ္ပြားခဲ့ပါတယ္။
မီးေလာင္မႈျဖစ္ပြားတာဟာ မ်က္ႏွာက်က္မွာ တပ္ဆင္ထားတဲ့ ဝါယာႀကိဳးေတြ ေဆြးေျမ့ေပါက္ၿပဲၿပီး အပူရွိန္ေၾကာင့္ မီးေလာင္ကြၽမ္းရတာလို႔ စစ္ကိုင္းတိုင္း မီးသတ္တပ္ဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးမင္းစန္းေအးက ေျပာပါတယ္။
"ႀကိဳးေပါက္တဲ့ ေနရာေတြကစၿပီး ဝါယာတေလွ်ာက္ အကုန္ေလာင္တာ။ သြပ္ေခါင္ေတြနဲ႔ အခန္းပစၥည္းေတြ အကုန္မီးစြဲေလာင္တာ ျဖစ္ပါတယ္။"
မီးေလာင္မႈေၾကာင့္ သြပ္မိုး၊ အေဆာက္အဦအတြင္းရွိ KTV စက္မ်ားနဲ႔ အတြင္းပစၥည္းေတြ ေလာင္ကြၽမ္းသြားတယ္လို႔ သိရပါတယ္။
အဆိုပါ KTV မွာ အခန္း ၈ ခန္းပါဝင္ၿပီး မီးေလာင္မႈေၾကာင့္ လူထိခိုက္မႈတစုံတရာေတာ့ မရွိခဲ့ပါဘူး။
မီးေလာင္မႈကိုေတာ့ မီးျငႇိမ္းသတ္ယာဥ္ ၁၄ စီး၊ ေရသည္ယာဥ္ ၈ စီးနဲ႔ လူအေယာက္ ၁၀၀ ေက်ာ္ ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ရတယ္လို႔ သိရပါတယ္။
မီးေလာင္မႈေၾကာင့္ ဆုံးရႈံးမႈအေနနဲ႔ကေတာ့ တန္ဖိုး က်ပ္ ၁၆၇၆၀၀၀ ရွိတယ္လို႔ သိရပါတယ္။
အခုလို မီးေလာင္မႈနဲ႔ပတ္သက္ၿပီး မီးေပါ့ဆသူ KTV မန္ေနဂ်ာကို မုံ႐ြာၿမိဳ႕နယ္ေျမ ရဲစခန္းက ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၂၈၅ နဲ႔ အမႈဖြင့္ အေရးယူထားပါတယ္။
ရန္ႏိုင္စိုး











