DVB Logo
Home
မြန်မာသတင်း
မိုင်းဖြတ်မြို့တွင် မိသားစုလိုက် အဆိပ်ရည်သောက် သေဆုံး
DVB
·
September 13, 2019
မိုင်းဖြတ်မြို့တွင် မိသားစုလိုက် အဆိပ်ရည်သောက် သေဆုံး
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ စျေးတန်းကွက်သစ်ရပ်မှာ မိသားစုလိုက် အဆိပ်ရည်သောက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သင်္ဂဟမိတ်ဆွေ လူမှုကူညီရေးအသင်းဥက္ကဋ္ဌက ပြောပါတယ်။

မိဘတွေက အဆိပ်မြစ်နဲ့ အဆိပ်ရွက်တို့ကို ရေနွေးနဲ့ ကျိုချက်ကာ မိသားစု ၆ ဦး သောက်သုံးခဲ့ရာမှ ၄ ဦး သေဆုံးခဲ့ပြီး ကလေး ၂ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

သင်္ဂဟမိတ်ဆွေ  လူမှုကူညီရေးအသင်းဥက္ကဋ္ဌက “အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့ ကလေးတွေက မနက်အိပ်ရာက နိုးလာချိန် မိဘ ၂ ယောက်နဲ့ အစ်ကိုဖြစ်သူ၊ အငယ်ဆုံးသားတို့ သေဆုံးနေတာ တွေ့ပြီး ဘေးအိမ်တွေကို ပြောပြရာက ရဲစခန်းကို အကြောင်းကြားခဲ့တာ" လို့ ပြောပါတယ်။

ဖခင်ဖြစ်သူ ဦးအားမြာနဲ့ မိခင်ဖြစ်သူဒေါ်အီနားတို့က စီးပွားရေးအဆင်မပြေတာကို မကြာခဏ ညည်းတွားလေ့ရှိကြောင်းနဲ့ စက်တင်ဘာလ ၁၃ ရက်ည ၉ နာရီလောက်မှာ ဆေးရွက်ကျိုထားတဲ့အရည်တွေကို သားသမီး ၄ ဦးကို အရင်တိုက်ကျွေးခဲ့ကာ မိဘတွေက နောက် ဆုံးမှသောက်ခဲ့တာလို့ အသက်ရှင်ကျန်ရစ်ခဲ့သူ အသက် ၁၃ နှစ်အရွယ် မနောမိက ပြောတယ်လို့ ရဲစခန်းက သိရပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ ဦးအားမြာ (၄၆ နှစ်)၊ မိခင်ဖြစ်သူ ဒေါ်အီနား (၄၈ နှစ်)၊ မောင်ထောမေ (၁၅ နှစ်)နဲ့ မောင်နေလင်းထွန်း (၈ နှစ်)တို့ သေဆုံးခဲ့ပြီး မနောမိ (၁၃ နှစ််)နဲ့ မောင်ဆီလှ (၉ နှစ်)တို့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ 

မိသားစုလိုက် အခုလို သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး မိုင်းဖြတ်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၉)အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အောင်ဇေယျ




မိုင္းျဖတ္ၿမိဳ႕တြင္ မိသားစုလိုက္ အဆိပ္ရည္ေသာက္ ေသဆုံး
DVB

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕ ေစ်းတန္းကြက္သစ္ရပ္မွာ မိသားစုလိုက္ အဆိပ္ရည္ေသာက္ ေသဆုံးမႈ ျဖစ္ပြားခဲ့တယ္လို႔ သဂၤဟမိတ္ေဆြ လူမႈကူညီေရးအသင္းဥကၠ႒က ေျပာပါတယ္။

မိဘေတြက အဆိပ္ျမစ္နဲ႔ အဆိပ္႐ြက္တို႔ကို ေရေႏြးနဲ႔ က်ိဳခ်က္ကာ မိသားစု ၆ ဦး ေသာက္သုံးခဲ့ရာမွ ၄ ဦး ေသဆုံးခဲ့ၿပီး ကေလး ၂ ဦးသာ အသက္ရွင္က်န္ရစ္ခဲ့ပါတယ္။

သဂၤဟမိတ္ေဆြ လူမႈကူညီေရးအသင္းဥကၠ႒က “အသက္မေသဘဲ က်န္ရစ္ခဲ့တဲ့ ကေလးေတြက မနက္အိပ္ရာက ႏိုးလာခ်ိန္ မိဘ ၂ ေယာက္နဲ႔ အစ္ကိုျဖစ္သူ၊ အငယ္ဆုံးသားတို႔ ေသဆုံးေနတာ ေတြ႕ၿပီး ေဘးအိမ္ေတြကို ေျပာျပရာက ရဲစခန္းကို အေၾကာင္းၾကားခဲ့တာ" လို႔ ေျပာပါတယ္။

ဖခင္ျဖစ္သူ ဦးအားျမာနဲ႔ မိခင္ျဖစ္သူေဒၚအီနားတို႔က စီးပြားေရးအဆင္မေျပတာကို မၾကာခဏ ညည္းတြားေလ့ရွိေၾကာင္းနဲ႔ စက္တင္ဘာလ ၁၃ ရက္ည ၉ နာရီေလာက္မွာ ေဆး႐ြက္က်ိဳထားတဲ့အရည္ေတြကို သားသမီး ၄ ဦးကို အရင္တိုက္ေကြၽးခဲ့ကာ မိဘေတြက ေနာက္ ဆုံးမွေသာက္ခဲ့တာလို႔ အသက္ရွင္က်န္ရစ္ခဲ့သူ အသက္ ၁၃ ႏွစ္အ႐ြယ္ မေနာမိက ေျပာတယ္လို႔ ရဲစခန္းက သိရပါတယ္။

ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ဖခင္ျဖစ္သူ ဦးအားျမာ (၄၆ ႏွစ္)၊ မိခင္ျဖစ္သူ ေဒၚအီနား (၄၈ ႏွစ္)၊ ေမာင္ေထာေမ (၁၅ ႏွစ္)နဲ႔ ေမာင္ေနလင္းထြန္း (၈ ႏွစ္)တို႔ ေသဆုံးခဲ့ၿပီး မေနာမိ (၁၃ ႏွစ္္)နဲ႔ ေမာင္ဆီလွ (၉ ႏွစ္)တို႔ အသက္ရွင္က်န္ရစ္ခဲ့ပါတယ္။

မိသားစုလိုက္ အခုလို ေသဆုံးခဲ့တာနဲ႔ ပတ္သက္ၿပီး မိုင္းျဖတ္ၿမိဳ႕မရဲစခန္းက ေသမႈေသခင္းအမွတ္စဥ္(၄/၂၀၁၉)အရ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။
ေအာင္ေဇယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013