DVB Logo
Home
မြန်မာသတင်း
အလွဲသုံးစားမှုဖြင့် တရားစွဲခံရသည့် ဧရာဝတီတိုင်း လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ကျန်းမာရေးအာမခံ ရရှိ
DVB
·
September 13, 2019
အလွဲသုံးစားမှုဖြင့် တရားစွဲခံရသည့် ဧရာဝတီတိုင်း လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ကျန်းမာရေးအာမခံ ရရှိ
Donate to DVB

အလွဲသုံးစားမှုနဲ့တရားစွဲဆို ခံထားရတဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ရဲ့ ကျန်းမာရေးအာမခံ လျှောက်ထားမှုကို တရားရုံးက ခွင့်ပြုလိုက်ပါတယ်။

ဒီကနေ့ရုံးချိန်းမှာ ဆရာဝန်သက်သေကို စစ်ဆေးပြီးတဲ့နောက် အချုပ်လွှတ်ထုချေခွင့်ပြု ကြောင်း တရာရုံးက အမိန့်ချမှတ်ခဲ့တဲ့အတွက် ဦးစံမင်းအောင်အနေနဲ့ အာမခံရရှိသွားတာပါ။

ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဇာရှိန်း ရဲ့ထွက်ချက်အရ အဖျားတာရှည်နေပြီး ရောဂါဇစ်မြစ်ကိုသိရဖို့ အထူးကုသမားတော်တွေနဲ့ တိုင်ပင်ဆောင်ရွက်သင့်တာ ရုံးရှေ့မျက်မြင် အခြေအနေတွေနဲ့ ဆေးစာတွေအရ သုံးသပ်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇။(၁) ခြွင်းချက်အရ သိန်း ၅၀၀ တန် အာမခံနှစ်ယောက်နဲ့ အချုပ်လွတ်ထုချေခွင့်ပြုလိုက်တာလို့ ပုသိမ်မြို့နယ်တရားသူကြီး ဒေါ်ခင်မြတ်မြတ်ထွန်း ကပြောပါတယ်။

လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာတော့ တရားရုံးအနေနဲ့ တရားလိုကို စတင်စစ်ဆေးဖို့ ချိန်းဆိုထားပါတယ်။ တရားလိုဘက်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေ အပါအဝင် တရားလိုပြသက်သေ ၁၉ ဦးတင်ပြထားပါတယ်။

ဧရာဝတီတိုင်း လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ဟာ လွှတ်တော်အတွက် ကားငါးစီးဝယ်ယူတဲ့ကိစ္စမှာ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခံခဲ့ရပြီးနောက် အလွဲသုံးစားမှုရာဇသတ်ကြီး ပုဒ်မ ၄၀၉ နဲ့ တရားစွဲခံထားရတာပါ။




အလြဲသုံးစားမႈျဖင့္ တရားစြဲခံရသည့္ ဧရာဝတီတိုင္း လႊတ္ေတာ္ဒုဥကၠ႒ေဟာင္း က်န္းမာေရးအာမခံ ရရွိ
ေသာ္ဇင္မ်ိဳး

အလြဲသုံးစားမႈနဲ႔တရားစြဲဆို ခံထားရတဲ့ ဧရာဝတီတိုင္းေဒသႀကီး လႊတ္ေတာ္ဒုဥကၠ႒ေဟာင္း ဦးစံမင္းေအာင္ရဲ႕ က်န္းမာေရးအာမခံ ေလွ်ာက္ထားမႈကို တရား႐ုံးက ခြင့္ျပဳလိုက္ပါတယ္။

ဒီကေန႔႐ုံးခ်ိန္းမွာ ဆရာဝန္သက္ေသကို စစ္ေဆးၿပီးတဲ့ေနာက္ အခ်ဳပ္လႊတ္ထုေခ်ခြင့္ျပဳ ေၾကာင္း တရာ႐ုံးက အမိန႔္ခ်မွတ္ခဲ့တဲ့အတြက္ ဦးစံမင္းေအာင္အေနနဲ႔ အာမခံရရွိသြားတာပါ။

ခြဲစိတ္အထူးကုဆရာဝန္ႀကီး ေဒါက္တာဇာရွိန္း ရဲ႕ထြက္ခ်က္အရ အဖ်ားတာရွည္ေနၿပီး ေရာဂါဇစ္ျမစ္ကိုသိရဖို႔ အထူးကုသမားေတာ္ေတြနဲ႔ တိုင္ပင္ေဆာင္႐ြက္သင့္တာ ႐ုံးေရွ႕မ်က္ျမင္ အေျခအေနေတြနဲ႔ ေဆးစာေတြအရ သုံးသပ္ၿပီး ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၉၇။(၁) ႁခြင္းခ်က္အရ သိန္း ၅၀၀ တန္ အာမခံႏွစ္ေယာက္နဲ႔ အခ်ဳပ္လြတ္ထုေခ်ခြင့္ျပဳလိုက္တာလို႔ ပုသိမ္ၿမိဳ႕နယ္တရားသူႀကီး ေဒၚခင္ျမတ္ျမတ္ထြန္း ကေျပာပါတယ္။

လာမယ့္ စက္တင္ဘာ ၁၉ ရက္ေန႔မွာေတာ့ တရား႐ုံးအေနနဲ႔ တရားလိုကို စတင္စစ္ေဆးဖို႔ ခ်ိန္းဆိုထားပါတယ္။ တရားလိုဘက္ကေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဝန္ထမ္းေတြ အပါအဝင္ တရားလိုျပသက္ေသ ၁၉ ဦးတင္ျပထားပါတယ္။

ဧရာဝတီတိုင္း လႊတ္ေတာ္ဒုဥကၠ႒ေဟာင္း ဦးစံမင္းေအာင္ဟာ လႊတ္ေတာ္အတြက္ ကားငါးစီးဝယ္ယူတဲ့ကိစၥမွာ အလြဲသုံးစားလုပ္ခဲ့တယ္ဆိုၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ကို တိုင္ၾကားခံခဲ့ရၿပီးေနာက္ အလြဲသုံးစားမႈရာဇသတ္ႀကီး ပုဒ္မ ၄၀၉ နဲ႔ တရားစြဲခံထားရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013