DVB Logo
Home
မြန်မာသတင်း
လူကုန်ကူးမှု ၇၀ ရာခိုင်နှုန်းကျော် အဓမ္မထိမ်းမြားခံရခြင်းဖြစ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
DVB
·
September 13, 2019
လူကုန်ကူးမှု ၇၀ ရာခိုင်နှုန်းကျော် အဓမ္မထိမ်းမြားခံရခြင်းဖြစ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
Donate to DVB

မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု ၇၀ ရာခိုင်နှုန်းကျော်ဟာ အဓမ္မထိမ်းမြားခံနေရပြီး  ဒုတိယကတော့ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခံရတာလို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရန်ကုန်မြို့ မူးယစ်ဆေးဝါး ပပျောက်ရေးအထိမ်းအမှတ်ပြတိုက်မှာပြလုပ်တဲ့ ဒီနေ့ကျရောက်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပွဲတွေဖြစ်ပွားနေတာ၊ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားနေတာနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် လူကုန်ကူးခံရမှု အဖြစ်များနေပြီး ပွဲစားတွေကတဆင့် လူကုန်ကူးခံနေရတာပါ။ 

၂၀၁၈ ခုနှစ်မှာ လူကုန်းကူးမှုနဲ့ ပတ်သက်လို့ အဓမ္မထိမ်းမြားလက်ထပ်မှု ၇၅ ဒသမ ၂၄ ရာခိုင်းနှုန်းဖြစ်ပွားခဲ့ပြီး အဓမ္မပြည့်တန်ဆာပြုခံရမှု ၁၃ ဒသမ ၅၉ ရာခိုင်းနှုန်း၊ အဓမ္မအလုပ်ခိုင်းစေမှု ၈ ဒသမ ၇၄ ရာခိုင်းနှုန်း၊ အငှားကိုယ်ဝန်ဆောင်မှု ၁ ဒသမ ၉၄ ရာခိုင်းနှုန်းနဲ့ အဓမ္မမွေးစားခံရမှု ၀ ဒသမ ၄၉ ရာခိုင်းနှုန်းဖြစ်ပွားခဲ့တယ်လို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူကုန်ကူးမှုတွေမှာ  တရုတ်နိုင်ငံနဲ့ဖြစ်ပွားမှု ၇၉ ရာခိုင်းနှုန်းကျော်အထိရှိနေပြီး ထိုင်းနိုင်ငံနဲ့ဖြစ်ပွားမှုက ၁ ဒသမ ၄၆ ရာခိုင်းနှုန်းပဲရှိတယ်လို့ ဆိုပါတယ်။ 

ရန်ကုန်တိုင်းအတွင်းမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလကနေ လက်ရှိအချိန်အထိ လူကုန်ကူးမှု ၆၂ မှုဖြစ်ခဲ့သလို ကျူးလွန်ခံရသူ ၇၅ ဦးရှိခဲ့ပြီး အရင်လို လူကုန်ကူးတာမျိုး မဟုတ်တော့ဘဲ စနစ်တကျ စောင့်ကြည့်ကာ ပွဲစားတွေကတဆင့် လူကုန်ကူးခံနေရတာလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေကို လူမှုမီဒီယာတွေကနေ ဖြားယောင်းသွေးဆောင်ပြီး အဓမ္မပြုကျင့်မှုတွေနဲ့ လူကုန်ကူးခံရမှုတွေဖြစ်နေတဲ့အပေါ် နီးစပ်ရာကို အကူအညီတောင်းဖို့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စုမှူး ရဲမှူးခင်ခင်စိုးက ပြောပါတယ်။

အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တွေကို လူကုန်ကူးခံရမှုဟာ ၂၀၁၈ ခုနှစ်ထက်စာရင် ၂၀၁၉ ခုနှစ်က ၄၀ ရာခိုင်နှုန်းလောက်အထိ များလာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူကုန်ကူးခံရမှုတွေဟာ ဆင်းရဲနိမ့်ကျမှုနဲ့ ဆင်းရဲမွဲတေမှုကြောင့်ဖြစ်ပြီး ပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့နဲ့ လူနေမှုဘဝ တိုးတက်အောင်ဆောင်ရွက်နိုင်မှာ လူကုန်ကူးမှုကို တားဆီးနိုင်မယ်လို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ဆိုပါတယ်။ 

မြန်မာနိုင်ငံ လူကုန်ကူးမှုကာကွယ်ရေးဥပဒေကို ၂၀၀၅ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၃ ခုနှစ်ကစကာ သတ်မှတ်ခဲ့ပါတယ်။ 




လူကုန္ကူးမႈ ၇၀ ရာခိုင္ႏႈန္းေက်ာ္ အဓမၼထိမ္းျမားခံရျခင္းျဖစ္ဟု ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေျပာ
DVB

ျမန္မာႏိုင္ငံရဲ႕ လူကုန္ကူးမႈ ၇၀ ရာခိုင္ႏႈန္းေက်ာ္ဟာ အဓမၼထိမ္းျမားခံေနရၿပီး  ဒုတိယကေတာ့ ျပည့္တန္ဆာအျဖစ္ အဓမၼေစခိုင္းခံရတာလို႔ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ မူးယစ္ေဆးဝါး ပေပ်ာက္ေရးအထိမ္းအမွတ္ျပတိုက္မွာျပလုပ္တဲ့ ဒီေန႔က်ေရာက္တဲ့ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ အခမ္းအနားမွာ ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ ျပည္တြင္းစစ္ပြဲေတြျဖစ္ပြားေနတာ၊ သဘာဝေဘးအႏၲရာယ္ေတြ ျဖစ္ပြားေနတာနဲ႔ ဆင္းရဲမြဲေတမႈေတြေၾကာင့္ လူကုန္ကူးခံရမႈ အျဖစ္မ်ားေနၿပီး ပြဲစားေတြကတဆင့္ လူကုန္ကူးခံေနရတာပါ။

၂၀၁၈ ခုႏွစ္မွာ လူကုန္းကူးမႈနဲ႔ ပတ္သက္လို႔ အဓမၼထိမ္းျမားလက္ထပ္မႈ ၇၅ ဒသမ ၂၄ ရာခိုင္းႏႈန္းျဖစ္ပြားခဲ့ၿပီး အဓမၼျပည့္တန္ဆာျပဳခံရမႈ ၁၃ ဒသမ ၅၉ ရာခိုင္းႏႈန္း၊ အဓမၼအလုပ္ခိုင္းေစမႈ ၈ ဒသမ ၇၄ ရာခိုင္းႏႈန္း၊ အငွားကိုယ္ဝန္ေဆာင္မႈ ၁ ဒသမ ၉၄ ရာခိုင္းႏႈန္းနဲ႔ အဓမၼေမြးစားခံရမႈ ၀ ဒသမ ၄၉ ရာခိုင္းႏႈန္းျဖစ္ပြားခဲ့တယ္လို႔ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ လူကုန္ကူးမႈေတြမွာ တ႐ုတ္ႏိုင္ငံနဲ႔ျဖစ္ပြားမႈ ၇၉ ရာခိုင္းႏႈန္းေက်ာ္အထိရွိေနၿပီး ထိုင္းႏိုင္ငံနဲ႔ျဖစ္ပြားမႈက ၁ ဒသမ ၄၆ ရာခိုင္းႏႈန္းပဲရွိတယ္လို႔ ဆိုပါတယ္။

ရန္ကုန္တိုင္းအတြင္းမွာ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလကေန လက္ရွိအခ်ိန္အထိ လူကုန္ကူးမႈ ၆၂ မႈျဖစ္ခဲ့သလို က်ဴးလြန္ခံရသူ ၇၅ ဦးရွိခဲ့ၿပီး အရင္လို လူကုန္ကူးတာမ်ိဳး မဟုတ္ေတာ့ဘဲ စနစ္တက် ေစာင့္ၾကည့္ကာ ပြဲစားေတြကတဆင့္ လူကုန္ကူးခံေနရတာလို႔ ဝန္ႀကီးခ်ဳပ္က ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ကေလးသူငယ္ေတြကို လူမႈမီဒီယာေတြကေန ျဖားေယာင္းေသြးေဆာင္ၿပီး အဓမၼျပဳက်င့္မႈေတြနဲ႔ လူကုန္ကူးခံရမႈေတြျဖစ္ေနတဲ့အေပၚ နီးစပ္ရာကို အကူအညီေတာင္းဖို႔ ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရးတပ္ဖြဲ႕စုမႉး ရဲမႉးခင္ခင္စိုးက ေျပာပါတယ္။

အသက္ ၁၃ ႏွစ္ကေန ၁၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္ေတြကို လူကုန္ကူးခံရမႈဟာ ၂၀၁၈ ခုႏွစ္ထက္စာရင္ ၂၀၁၉ ခုႏွစ္က ၄၀ ရာခိုင္ႏႈန္းေလာက္အထိ မ်ားလာတယ္လို႔ ဆိုပါတယ္။
ျမန္မာႏိုင္ငံမွာ လူကုန္ကူးခံရမႈေတြဟာ ဆင္းရဲနိမ့္က်မႈနဲ႔ ဆင္းရဲမြဲေတမႈေၾကာင့္ျဖစ္ၿပီး ျပည္သူေတြရဲ႕ အလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီးေပးဖို႔နဲ႔ လူေနမႈဘဝ တိုးတက္ေအာင္ေဆာင္႐ြက္ႏိုင္မွာ လူကုန္ကူးမႈကို တားဆီးႏိုင္မယ္လို႔ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း က ဆိုပါတယ္။

ျမန္မာႏိုင္ငံ လူကုန္ကူးမႈကာကြယ္ေရးဥပေဒကို ၂၀၀၅ခုႏွစ္ စက္တင္ဘာ ၁၃ ရက္ေန႔က ျပ႒ာန္းခဲ့ၿပီး ျမန္မာႏိုင္ငံ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔အျဖစ္ ၂၀၁၃ ခုႏွစ္ကစကာ သတ္မွတ္ခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013