DVB Logo
Home
မြန်မာသတင်း
ဖျာပုံမြို့နယ်က  ကျေးရွာဓလေ့ လှော်ကားယိမ်းပွဲတော် (ရုပ်သံ)
DVB
·
September 13, 2019
ဖျာပုံမြို့နယ်က  ကျေးရွာဓလေ့ လှော်ကားယိမ်းပွဲတော် (ရုပ်သံ)
Donate to DVB

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာရှိ မြတ်ဘုန်းပွင့် ဘုရားကြီး ရင်ပြင်တော်မှာ စက်တင်ဘာ ၁၂ ရက်နေ့ တော်သလင်းလဆန်း ၁၄ ရက်နေ့မှာ နှစ်စဉ်ကျင်းပတဲ့ လှော်ကားယိမ်းပွဲတော်ကို ကျင်းပခဲ့ပါတယ်။

ချောင်းတွင်းကျေးရွာ လှော်ကားယိမ်းပွဲတော်ကို ရှေးနှစ်ပေါင်းများစွာကတည်းက ကျင်းပခဲ့ရာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပါပြီ။ ပွဲတော်ကျင်းပတဲ့ တော်သလင်းလဆန်း ၁၄ ရက်နေ့မှာ ဒေသခံတွေက ကျေးရွာအုပ်စုအတွင်း ရွာလုံးကျွတ် ဆွမ်းတော်ကြီးပွဲတွေ ဆက်ကပ်လှူဒါန်းကြ ပါတယ်။

ပွဲတော်မှာ ကျေးရွာရှိ အမျိုးသမီးငယ်တွေက လောင်းလှေပေါ်မှာ လှော်ကားယိမ်း အကတွေ ကပြလှော်ခတ်ပြီး မြတ်စွာဘုရားကို ပူဇော်ခဲ့ကြပါတယ်။ ပွဲတော်ကျင်းပချိန်မှာ ဌာပနာတိုက် အတွင်းမှ အံတော်အားဘုရားဖူးတွေ ဖူးမြော်ကြည်ညိုနိုင်ဖို့ တနှစ်တကြိမ် အပြင်ကို ထုတ်ပြီး ဖူးမြော်ခွင့် ပေးခဲ့ပါတယ်။

လှော်ကားယိမ်းပွဲတော် လာရောက်ကြတဲ့ ဧည့်သည်တွေကို မြန်မာ့ရိုးရာမုန့် မုန့်လုံးရေပေါ်တွေနဲ့ ဧည့်ခံကြွေးမွေးခဲ့ကြပါတယ်။

တော်သလင်းလပြည့်နေ့ အရုဏ်မှာတော့ ကျေးရွာသူရွာသားတွေ စုပေါင်းပြီး ဘုရားအမှူးပြုတဲ့ သံဃာတော်အရှင် သူမြတ်တို့ကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြပါတယ်။

လှော်ကားပွဲတော်ကို ဒေသခံတွေ၊ ဖျာပုံမြို့နယ်အတွင်းနဲ့ အခြားဒေသတွေက လာရောက်တဲ့ ဘုရားဖူးတွေနဲ့ စည်ကားနေပါတယ်။

=============================

ဖ်ာပုံၿမိဳ႕နယ္က  ေက်း႐ြာဓေလ့ ေလွာ္ကားယိမ္းပြဲေတာ္ (႐ုပ္သံ)

ေက်ာ္စိုးမိုး

ဧရာ၀တီတိုင္း၊ ဖ်ာပုံၿမိဳ႕နယ္၊ ေခ်ာင္းတြင္းေက်း႐ြာရွိ ျမတ္ဘုန္းပြင့္ ဘုရားႀကီး ရင္ျပင္ေတာ္မွာ စက္တင္ဘာ ၁၂ ရက္ေန႔ ေတာ္သလင္းလဆန္း ၁၄ ရက္ေန႔မွာ ႏွစ္စဥ္က်င္းပတဲ့ ေလွာ္ကားယိမ္းပြဲေတာ္ကို က်င္းပခဲ့ပါတယ္။

ေခ်ာင္းတြင္းေက်း႐ြာ ေလွာ္ကားယိမ္းပြဲေတာ္ကို ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက က်င္းပခဲ့ရာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ခဲ့ပါၿပီ။ ပြဲေတာ္က်င္းပတဲ့ ေတာ္သလင္းလဆန္း ၁၄ ရက္ေန႔မွာ ေဒသခံေတြက ေက်း႐ြာအုပ္စုအတြင္း ႐ြာလုံးကြၽတ္ ဆြမ္းေတာ္ႀကီးပြဲေတြ ဆက္ကပ္လႉဒါန္းၾက ပါတယ္။

ပြဲေတာ္မွာ ေက်း႐ြာရွိ အမ်ိဳးသမီးငယ္ေတြက ေလာင္းေလွေပၚမွာ ေလွာ္ကားယိမ္း အကေတြ ကျပေလွာ္ခတ္ၿပီး ျမတ္စြာဘုရားကို ပူေဇာ္ခဲ့ၾကပါတယ္။ ပြဲေတာ္က်င္းပခ်ိန္မွာ ဌာပနာတိုက္ အတြင္းမွ အံေတာ္အားဘုရားဖူးေတြ ဖူးေျမာ္ၾကည္ညိဳႏိုင္ဖို႔ တႏွစ္တႀကိမ္ အျပင္ကို ထုတ္ၿပီး ဖူးေျမာ္ခြင့္ ေပးခဲ့ပါတယ္။

ေလွာ္ကားယိမ္းပြဲေတာ္ လာေရာက္ၾကတဲ့ ဧည့္သည္ေတြကို ျမန္မာ့႐ိုးရာမုန႔္ မုန႔္လုံးေရေပၚေတြနဲ႔ ဧည့္ခံေႂကြးေမြးခဲ့ၾကပါတယ္။

ေတာ္သလင္းလျပည့္ေန႔ အ႐ုဏ္မွာေတာ့ ေက်း႐ြာသူ႐ြာသားေတြ စုေပါင္းၿပီး ဘုရားအမႉးျပဳတဲ့ သံဃာေတာ္အရွင္ သူျမတ္တို႔ကို အ႐ုဏ္ဆြမ္းဆက္ကပ္လႉဒါန္းၾကပါတယ္။

ေလွာ္ကားပြဲေတာ္ကို ေဒသခံေတြ၊ ဖ်ာပုံၿမိဳ႕နယ္အတြင္းနဲ႔ အျခားေဒသေတြက လာေရာက္တဲ့ ဘုရားဖူးေတြနဲ႔ စည္ကားေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013