DVB Logo
Home
မြန်မာသတင်း
ရေနံချောင်း ဒီဂရီကောလိပ်တွင် book box စတင်ဖွင့်လှစ်ထားပေး
DVB
·
September 13, 2019
ရေနံချောင်း ဒီဂရီကောလိပ်တွင် book box စတင်ဖွင့်လှစ်ထားပေး
1 / 7
Donate to DVB

မကွေးတိုင်း ရေနံချောင်းမြို့ ဒီဂရီကောလိပ် စာကြည့်တိုက်ရှေ့မှာ book box တခုကို ဒီဂရီကောလိပ် ပရဟိတအသင်းက စက်တင်ဘာ ၁၂ ရက်နေမှာ စတင်ဖွင့်လှစ်ထားပေးတယ်လို့ သိရပါတယ်။

ရေနံချောင်းမြို့ ဒီဂရီကောလိပ် ဘူမိဗေဒဌာနမှ ဒေါက်တာပိုင်စိုးက “ကျောင်းသားတွေ အခြေခံလိုအပ်တဲ့ စာရေးကိရိယာတွေအတွက် လိုအပ်တဲ့အချန်မှာ ယူပြီ သုံးလို့ရအောင်၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းတွေ အဆင်ပြေဖို့၊ ပညာမျှဝေလက်ဆင့်ကမ်းတဲ့ ကုသိုလ်ရအောင်လို့ အသုံးလိုလျှင်ယူပါ ကုသိုလ်လိုချင်လှူပါ ဆိုတဲ့ စာတန်းလေးရေးထားပြီး ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်'' လို့ ပြောပါတယ်။

စတုတ္ထနှစ် သမိုင်းမေဂျာ ကျောင်းသား မောင်ဉာဏ်ထက်နိုင်က “တခါတလေ ပိုက်ဆံတွေပြတ်သွားတဲ့အချိန် လက်ထဲမှာလည်း၊ အရမ်းအရေးကြီးနေတဲ့အချိန်၊ စာမေးပွဲအတွင်း အိမ်မှာ မေ့နေတဲ့အချိန်၊ အိမ်ကလည်း ပြန်ဖို့ဝေးနေတယ်။ အသုံးလိုတဲ့အချိန်တွေမှာ ဒီထဲကနေ အလွယ်တကူရမှာဖြစ်ပါတယ်။ ပြန်ပြီးတော့ ပညာဒါနအနေနဲ့ မျှဝေလိုရတဲ့ ကုသိုလ်ရမှာဖြစ်သလို အကျိုးကျေးဇူးတွေရတယ်'' လို့ပြောပါတယ်။

အဆိုပါ ပရဟိတအသင်းဟာ တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လစဉ်လှူဒါန်းငွေတွေနဲ့ ဖွဲ့စည်းထားတဲ့ ပရဟိတ အသင်းဖြစ်ပြီး ပညာရေးကဏ္ဍ နဲ့ သဘာဝဘေးအတွက် သွားရောက် လှူဒါန်းတာတွေ ပြုလုပ်သလို နောက်ထပ်ဆက်လက်ပြီး book box နှစ်ခု ဆက်လက်ထားရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ 

book box တွေမှာ ကျောင်းသားကျောင်းသူတွေအတွက် အခြေခံလိုအပ်တဲ့ ဗလာစာအုပ်၊ A 4 စာရွက်များ၊ ဘောပင်၊ ခဲ့တန်နှင့် ပေတံများကို စဉ်ဆက်မပျက် ဆက်လက်ထားသွားမယ်လို့ အဲဒီအသင်း တာဝန်ရှိသူက ပြောပါတယ်။ ကိုလင်း(ချောက်)၊ ဓာတ်ပုံ - ဦးအောင်သီဟ




ေရနံေခ်ာင္း ဒီဂရီေကာလိပ္တြင္ book box စတင္ဖြင့္လွစ္ထားေပး
DVB

မေကြးတိုင္း ေရနံေခ်ာင္းၿမိဳ႕ ဒီဂရီေကာလိပ္ စာၾကည့္တိုက္ေရွ႕မွာ book box တခုကို ဒီဂရီေကာလိပ္ ပရဟိတအသင္းက စက္တင္ဘာ ၁၂ ရက္ေနမွာ စတင္ဖြင့္လွစ္ထားေပးတယ္လို႔ သိရပါတယ္။

ေရနံေခ်ာင္းၿမိဳ႕ ဒီဂရီေကာလိပ္ ဘူမိေဗဒဌာနမွ ေဒါက္တာပိုင္စိုးက “ေက်ာင္းသားေတြ အေျခခံလိုအပ္တဲ့ စာေရးကိရိယာေတြအတြက္ လိုအပ္တဲ့အခ်န္မွာ ယူၿပီ သုံးလို႔ရေအာင္၊ ေက်ာင္းသား၊ ေက်ာင္းသူ၊ ဆရာ၊ ဆရာမ၊ ဝန္ထမ္းေတြ အဆင္ေျပဖို႔၊ ပညာမွ်ေဝလက္ဆင့္ကမ္းတဲ့ ကုသိုလ္ရေအာင္လို႔ အသုံးလိုလွ်င္ယူပါ ကုသိုလ္လိုခ်င္လႉပါ ဆိုတဲ့ စာတန္းေလးေရးထားၿပီး ဖြင့္လွစ္ရတဲ့ ရည္႐ြယ္ခ်က္ျဖစ္ပါတယ္'' လို႔ ေျပာပါတယ္။

စတုတၳႏွစ္ သမိုင္းေမဂ်ာ ေက်ာင္းသား ေမာင္ဉာဏ္ထက္ႏိုင္က “တခါတေလ ပိုက္ဆံေတြျပတ္သြားတဲ့အခ်ိန္ လက္ထဲမွာလည္း၊ အရမ္းအေရးႀကီးေနတဲ့အခ်ိန္၊ စာေမးပြဲအတြင္း အိမ္မွာ ေမ့ေနတဲ့အခ်ိန္၊ အိမ္ကလည္း ျပန္ဖို႔ေဝးေနတယ္။ အသုံးလိုတဲ့အခ်ိန္ေတြမွာ ဒီထဲကေန အလြယ္တကူရမွာျဖစ္ပါတယ္။ ျပန္ၿပီးေတာ့ ပညာဒါနအေနနဲ႔ မွ်ေဝလိုရတဲ့ ကုသိုလ္ရမွာျဖစ္သလို အက်ိဳးေက်းဇူးေတြရတယ္'' လို႔ေျပာပါတယ္။

အဆိုပါ ပရဟိတအသင္းဟာ တကၠသိုလ္ရွိ ဆရာ၊ ဆရာမမ်ား၊ ဝန္ထမ္းေတြနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ လစဥ္လႉဒါန္းေငြေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ပရဟိတ အသင္းျဖစ္ၿပီး ပညာေရးက႑ နဲ႔ သဘာဝေဘးအတြက္ သြားေရာက္ လႉဒါန္းတာေတြ ျပဳလုပ္သလို ေနာက္ထပ္ဆက္လက္ၿပီး book box ႏွစ္ခု ဆက္လက္ထားရွိႏိုင္ဖို႔ စီစဥ္ေဆာင္႐ြက္ေနပါတယ္။

book box ေတြမွာ ေက်ာင္းသားေက်ာင္းသူေတြအတြက္ အေျခခံလိုအပ္တဲ့ ဗလာစာအုပ္၊ A 4 စာ႐ြက္မ်ား၊ ေဘာပင္၊ ခဲ့တန္ႏွင့္ ေပတံမ်ားကို စဥ္ဆက္မပ်က္ ဆက္လက္ထားသြားမယ္လို႔ အဲဒီအသင္း တာဝန္ရွိသူက ေျပာပါတယ္။ ကိုလင္း(ေခ်ာက္)၊ ဓာတ္ပုံ - ဦးေအာင္သီဟ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013