DVB Logo
Home
မြန်မာသတင်း
ဖရဲသီးဈေးကောင်းရ၍ ဝမ်းတွင်းတောင်သူများ ဝင်ငွေကောင်းနေ
DVB
·
September 13, 2019
ဖရဲသီးဈေးကောင်းရ၍ ဝမ်းတွင်းတောင်သူများ ဝင်ငွေကောင်းနေ
1 / 3
Donate to DVB

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ ဒေသအခေါ် ဥမ္မာဒန္တီ ဖရဲသီးစျေးကောင်းရတဲ့အတွက် စိုက်ပျိုးတဲ့ တောင်သူတွေ ဝင်ငွေကောင်းပြီး အဆင်ပြေတယ်လို့ တောင်သူတွေက ပြောပါတယ်။

ဖရဲသီးစိုက်တောင်သူဦးညီဆန်းက “အသီးသီးလာရင် မြေကြီးနဲ့ထိတဲ့နေရာ အစိမ်းရောင်ပျက် သွားတယ်။ အစိမ်းရောင်မပျက်အောင် တုံးလေးတွေ ခံပေးရတယ်၊ တချို့လည်း ဖွဲအိတ်လေးတွေ ခံပေးတယ်။ ဥမ္မာဒန္တီဖရဲက အလုပ်မရှုပ်ဘူး။ တပင်ကို ၃လုံး ၄လုံး လောက်ယူလို့ရတယ်။ ဖရဲသီး ၁ လုံးကို အရင်း ၂၅၀ ကျပ်လောက်ပဲ ကျတယ်၊ စိုက်ပြီး ခူးဆွတ်ပြီး ရက်ပေါင်း ၉၀ လောက်ပဲ ကြာတယ်။ ၅ ရက်တခါလောက် ရေပေးနိုင်ရင် ဘယ်အချိန် စိုက်စိုက် ရတယ်။ ဖရဲတပင်နဲ့ တပင် ၂ ပေ၊ ၃ ပေ လောက်ခြားပြီး စိုက်တယ်၊ ၁ ဧကကို ဖရဲအပင် ၆ ထောင်လောက် စိုက်ကြတယ်" လို့ ပြောပါတယ်။

ဖရဲသီး ပွဲစား ဦးထွေးမောင်က “ဒီဖရဲသီးမျိုးက ထိုင်းနိုင်ငံက တင်သွင်းလာတဲ့မျိုးပါ ထိုင်းက ဝင်လာတုန်းက တူးဝမ်းဝမ်းမျိုးလို့ ခေါ်တယ်။ ဒီအသီးတွေက စားလိုက်ရင် တော်တော်ချိုတယ်။ ထိုင်းဘက်ရော တရုတ်ဘက်ရော ၂ ဖဘက်လုံးကို တင်ပေးရတယ်။ ဇူလိုင်လ သြဂုတ်လတွေ တုန်းက ဖရဲသီးတလုံးကို ၁၂၀၀၊ ၁၃၀၀ လောက် ရောင်းရတယ်။ အခုတော့ ဖြိုင်ဖြိုင်ထွက်လာလို့ စျေးနည်းနည်းကျတယ်၊ ပြည်တွင်းမှာတော့ တလုံးချင်း ၁ ထောင်ကျော်လောက် ရောင်းကြတယ်" လို့ ပြောပါတယ်။

ဝမ်းတွင်း တမြို့နယ်လုံးလုံးမှာ ဒေသအခေါ် ဥမ္မာဒန္တီဖရဲသီးစိုက်ဧက ၁ သောင်းခွဲလောက် ရှိနေပါတယ်။ 

ဝမ်းတွင်းမြို့နယ် အရှေ့ဘက်အခြမ်းက ကင်းတားဆည်ရေသောက် လယ်ယာမြေတွေဖြစ်ပြီး အနောက်ဘက်အခြမ်းက ကန်ရေသောက်နဲ့ မိုးကောင်းရေသောက် လယ်ယာမြေတွေ ဖြစ်ကြပါတယ်။

သတင်း-မောင်မောင်လင်း




ဖရဲသီးေဈးေကာင္းရ၍ ဝမ္းတြင္းေတာင္သူမ်ား ဝင္ေငြေကာင္းေန
DVB
မႏၲေလးတိုင္း ဝမ္းတြင္းၿမိဳ႕နယ္မွာ ေဒသအေခၚ ဥမၼာဒႏၲီ ဖရဲသီးေစ်းေကာင္းရတဲ့အတြက္ စိုက္ပ်ိဳးတဲ့ ေတာင္သူေတြ ဝင္ေငြေကာင္းၿပီး အဆင္ေျပတယ္လို႔ ေတာင္သူေတြက ေျပာပါတယ္။

ဖရဲသီးစိုက္ေတာင္သူဦးညီဆန္းက “အသီးသီးလာရင္ ေျမႀကီးနဲ႔ထိတဲ့ေနရာ အစိမ္းေရာင္ပ်က္ သြားတယ္။ အစိမ္းေရာင္မပ်က္ေအာင္ တုံးေလးေတြ ခံေပးရတယ္၊ တခ်ိဳ႕လည္း ဖြဲအိတ္ေလးေတြ ခံေပးတယ္။ ဥမၼာဒႏၲီဖရဲက အလုပ္မရႈပ္ဘူး။ တပင္ကို ၃လုံး ၄လုံး ေလာက္ယူလို႔ရတယ္။ ဖရဲသီး ၁ လုံးကို အရင္း ၂၅၀ က်ပ္ေလာက္ပဲ က်တယ္၊ စိုက္ၿပီး ခူးဆြတ္ၿပီး ရက္ေပါင္း ၉၀ ေလာက္ပဲ ၾကာတယ္။ ၅ ရက္တခါေလာက္ ေရေပးႏိုင္ရင္ ဘယ္အခ်ိန္ စိုက္စိုက္ ရတယ္။ ဖရဲတပင္နဲ႔ တပင္ ၂ ေပ၊ ၃ ေပ ေလာက္ျခားၿပီး စိုက္တယ္၊ ၁ ဧကကို ဖရဲအပင္ ၆ ေထာင္ေလာက္ စိုက္ၾကတယ္" လို႔ ေျပာပါတယ္။

ဖရဲသီး ပြဲစား ဦးေထြးေမာင္က “ဒီဖရဲသီးမ်ိဳးက ထိုင္းႏိုင္ငံက တင္သြင္းလာတဲ့မ်ိဳးပါ ထိုင္းက ဝင္လာတုန္းက တူးဝမ္းဝမ္းမ်ိဳးလို႔ ေခၚတယ္။ ဒီအသီးေတြက စားလိုက္ရင္ ေတာ္ေတာ္ခ်ိဳတယ္။ ထိုင္းဘက္ေရာ တ႐ုတ္ဘက္ေရာ ၂ ဖဘက္လုံးကို တင္ေပးရတယ္။ ဇူလိုင္လ ၾသဂုတ္လေတြ တုန္းက ဖရဲသီးတလုံးကို ၁၂၀၀၊ ၁၃၀၀ ေလာက္ ေရာင္းရတယ္။ အခုေတာ့ ၿဖိဳင္ၿဖိဳင္ထြက္လာလို႔ ေစ်းနည္းနည္းက်တယ္၊ ျပည္တြင္းမွာေတာ့ တလုံးခ်င္း ၁ ေထာင္ေက်ာ္ေလာက္ ေရာင္းၾကတယ္" လို႔ ေျပာပါတယ္။
ဝမ္းတြင္း တၿမိဳ႕နယ္လုံးလုံးမွာ ေဒသအေခၚ ဥမၼာဒႏၲီဖရဲသီးစိုက္ဧက ၁ ေသာင္းခြဲေလာက္ ရွိေနပါတယ္။

ဝမ္းတြင္းၿမိဳ႕နယ္ အေရွ႕ဘက္အျခမ္းက ကင္းတားဆည္ေရေသာက္ လယ္ယာေျမေတြျဖစ္ၿပီး အေနာက္ဘက္အျခမ္းက ကန္ေရေသာက္နဲ႔ မိုးေကာင္းေရေသာက္ လယ္ယာေျမေတြ ျဖစ္ၾကပါတယ္။
သတင္း-ေမာင္ေမာင္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013