DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့ သီဟိုလ်အေးကျေးရွာ နေအိမ်များ အမိုးအကာ အရေးပေါ်လိုအပ်နေ 
DVB
·
September 13, 2019
မောင်တောမြို့ သီဟိုလ်အေးကျေးရွာ နေအိမ်များ အမိုးအကာ အရေးပေါ်လိုအပ်နေ 
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၃ မိုင်အနီးရှိ "မြို" တိုင်းရင်းသားတွေ နေထိုင်တဲ့ သီဟိုလ်အေးကျေးရွာမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်တွေ အမိုးအကာတွေ ပြုပြင်ဖို့ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

စတင်ဘာ ၁၁ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် သီဟိုလ်အေး ကျေးရွာမှာ နေအိမ် ၂၄ လုံး ရေနှစ်မြုပ်ခဲ့ပြီး နေအိမ် ၄ လုံး ပြိုပျက်ခဲ့ရကာ နေအိမ်အတော်များများ  အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ရွာလူကြီး ဦးနီအောင်က ပြောပါတယ်။

မြိုတိုင်းရင်းသူ ဒေါ်မသိန်းနုက "ကျမတို့မှာ တနေ့လုပ်မှ တနေ့စားသောက်နေရတာပါ။ နေအိမ်တွေပြုပြင်ဖို့ ဘယ်လိုမှ မတတ်နိုင်ပါဘူး၊ သစ်တွေဝါးတွေမဝယ်နိုင်ပါ၊ အိမ်တွေက မိုးမလုံပါဘူး။ ဘယ်လိုမှ နေထိုင်ဖို့ အဆင်မပြေတော့ပါဘူး။ ရေနှစ်မြုပ်လို့ ပျက်စီးသွားတဲ့နေအိမ်တွေကိုပြုပြင်ဖို့ အကူညီလိုအပ်နေပါတယ်" လို့ ပြောပါတယ်။

မြိုတိုင်းရင်းသား ကျေးရွာက ရွာသူ/သားတွေဟာ မျှစ်ရှာဟင်းရှာ ငါးရှာပြီး ၃ မိုင်၊ ၄ မိုင်စျေးတွေအပြင်  မောင်တောမြို့ပေါ်ကို သွားရောက်ရောင်းချကာ အသက်မွေးနေကြတဲ့ နေရပ်စွန့်ခွာ ဒုက္ခသည်ဖြစ်တာကြောင့် နေအိမ်တွေ ပြန်လည်ပြုပြင်ဖို့ အခက်အခဲကြုံတွေ့နေ ကြရတာပါ။

မြိုတိုင်းရင်းသူ ဒေါဒရာမာက "ကျမတို့မှာ ဝယ်ထားတဲ့ ဆန်တွေ နဲ့ အဝတ်အစားတွေ အားလုံးရေနှစ်မြုပ်တဲ့အထဲပါသွားပါတယ်။ နေအိမ်တွေက မိုးမလုံတဲ့အတွက် မိုးကြီးလာရင် ဒီအတိုင်း ထိုင်နေကြရပါတယ်၊ အခုလို ထမင်းဟင်းချက်စားဖို့တောင် အဆင်မပြေပါဘူး၊ အလွန်ဒုက္ခရောက်ပါတယ်" လို့ လို့ ပြောပါတယ်။

မောင်တောမြို့နယ်မှာ စက်တင်ဘာလ ၁၁ ရက်နေ့က မိုးအဆက်အပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့နဲ့ ကျေးရွာအချို့မှာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး နေအိမ်အချို့လည်း ရေ နစ်မြုပ်ပျက်စီးသွားခဲ့တယ်လို့ မောင်တောခရိုင် မီးသတ်ဦးစီးမှူးရုံးက သတင်းထုတ်ပြန်ထား ပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မောင်တောမြို့နယ် သီဟိုလ်အေးကျေးရွာမှာ နေအိမ် ၂၄ လုံး၊ ရွာသာယာကျေးရွာမှာ နေအိမ် ၅ လုံး၊ ကံပြင်သာစည်ကျေးရွာမှာ နေအိမ် ၅ လုံးနဲ့ ဝေသာလီကျေးရွာမှာ နေအိမ် ၁၂ လုံး ရေနစ်မြုပ်ခဲ့ပြီး သီဟိုလ်အေးကျေးရွာမှာတော့ လူနေအိမ် ၄ လုံးပျက်စီးခဲ့ရပြီး နေအိမ်အလုံး ၇၀ လောက် အမိုးအကာအခင်း အရေးပေါ်အကူအညီ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

သီဟိုလ်အေးကျေးရွာဟာ အိမ်ခြေ ၇၀ ရှိပြီး လူဦးရေ ၄၃၈ ဦးနေထိုင်တဲ့ မြိုတိုင်းရင်းသားကျေးရွာဖြစ်ပါတယ်။ ၂၀၁၇ ဒီဇင်ဘာလကတည်းက တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ် အင်းချောင်၊ သလူပြား၊ သလူကျွန်း စတဲ့ကျေးရွာတွေက ထွက်ပြေးလာခဲ့ကြီး သီဟိုလ်အေးကျေးရွာမှာ နေထိုင်နေကြတာပါ။

ကောင်းကောင်း




ေမာင္ေတာၿမိဳ႕ သီဟိုလ္ေအးေက်း႐ြာ ေနအိမ္မ်ား အမိုးအကာ အေရးေပၚလိုအပ္ေန
ေကာင္းေကာင္း

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕ ၃ မိုင္အနီးရွိ "ၿမိဳ" တိုင္းရင္းသားေတြ ေနထိုင္တဲ့ သီဟိုလ္ေအးေက်း႐ြာမွာ မိုးအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ ပ်က္စီးခဲ့တဲ့ ေနအိမ္ေတြ အမိုးအကာေတြ ျပဳျပင္ဖို႔ အေရးေပၚအကူအညီ လိုအပ္ေနတယ္လို႔ သိရပါတယ္။

စတင္ဘာ ၁၁ ရက္ေန႔က မိုးအဆက္မျပတ္႐ြာသြန္းတာေၾကာင့္ သီဟိုလ္ေအး ေက်း႐ြာမွာ ေနအိမ္ ၂၄ လုံး ေရႏွစ္ျမဳပ္ခဲ့ၿပီး ေနအိမ္ ၄ လုံး ၿပိဳပ်က္ခဲ့ရကာ ေနအိမ္အေတာ္မ်ားမ်ား အမိုးအကာေတြ အေရးေပၚလိုအပ္ေနတယ္လို႔ ႐ြာလူႀကီး ဦးနီေအာင္က ေျပာပါတယ္။

ၿမိဳတိုင္းရင္းသူ ေဒၚမသိန္းႏုက "က်မတို႔မွာ တေန႔လုပ္မွ တေန႔စားေသာက္ေနရတာပါ။ ေနအိမ္ေတြျပဳျပင္ဖို႔ ဘယ္လိုမွ မတတ္ႏိုင္ပါဘူး၊ သစ္ေတြဝါးေတြမဝယ္ႏိုင္ပါ၊ အိမ္ေတြက မိုးမလုံပါဘူး။ ဘယ္လိုမွ ေနထိုင္ဖို႔ အဆင္မေျပေတာ့ပါဘူး။ ေရႏွစ္ျမဳပ္လို႔ ပ်က္စီးသြားတဲ့ေနအိမ္ေတြကိုျပဳျပင္ဖို႔ အကူညီလိုအပ္ေနပါတယ္" လို႔ ေျပာပါတယ္။

ၿမိဳတိုင္းရင္းသား ေက်း႐ြာက ႐ြာသူ/သားေတြဟာ မွ်စ္ရွာဟင္းရွာ ငါးရွာၿပီး ၃ မိုင္၊ ၄ မိုင္ေစ်းေတြအျပင္ ေမာင္ေတာၿမိဳ႕ေပၚကို သြားေရာက္ေရာင္းခ်ကာ အသက္ေမြးေနၾကတဲ့ ေနရပ္စြန႔္ခြာ ဒုကၡသည္ျဖစ္တာေၾကာင့္ ေနအိမ္ေတြ ျပန္လည္ျပဳျပင္ဖို႔ အခက္အခဲႀကဳံေတြ႕ေန ၾကရတာပါ။

ၿမိဳတိုင္းရင္းသူ ေဒါဒရာမာက "က်မတို႔မွာ ဝယ္ထားတဲ့ ဆန္ေတြ နဲ႔ အဝတ္အစားေတြ အားလုံးေရႏွစ္ျမဳပ္တဲ့အထဲပါသြားပါတယ္။ ေနအိမ္ေတြက မိုးမလုံတဲ့အတြက္ မိုးႀကီးလာရင္ ဒီအတိုင္း ထိုင္ေနၾကရပါတယ္၊ အခုလို ထမင္းဟင္းခ်က္စားဖို႔ေတာင္ အဆင္မေျပပါဘူး၊ အလြန္ဒုကၡေရာက္ပါတယ္" လို႔ လို႔ ေျပာပါတယ္။

ေမာင္ေတာၿမိဳ႕နယ္မွာ စက္တင္ဘာလ ၁၁ ရက္ေန႔က မိုးအဆက္အျပတ္႐ြာသြန္းမႈေၾကာင့္ ၿမိဳ႕ေပၚရပ္ကြက္အခ်ိဳ႕နဲ႔ ေက်း႐ြာအခ်ိဳ႕မွာ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့ၿပီး ေနအိမ္အခ်ိဳ႕လည္း ေရ နစ္ျမဳပ္ပ်က္စီးသြားခဲ့တယ္လို႔ ေမာင္ေတာခ႐ိုင္ မီးသတ္ဦးစီးမႉး႐ုံးက သတင္းထုတ္ျပန္ထား ပါတယ္။

မိုးအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ ေမာင္ေတာၿမိဳ႕နယ္ သီဟိုလ္ေအးေက်း႐ြာမွာ ေနအိမ္ ၂၄ လုံး၊ ႐ြာသာယာေက်း႐ြာမွာ ေနအိမ္ ၅ လုံး၊ ကံျပင္သာစည္ေက်း႐ြာမွာ ေနအိမ္ ၅ လုံးနဲ႔ ေဝသာလီေက်း႐ြာမွာ ေနအိမ္ ၁၂ လုံး ေရနစ္ျမဳပ္ခဲ့ၿပီး သီဟိုလ္ေအးေက်း႐ြာမွာေတာ့ လူေနအိမ္ ၄ လုံးပ်က္စီးခဲ့ရၿပီး ေနအိမ္အလုံး ၇၀ ေလာက္ အမိုးအကာအခင္း အေရးေပၚအကူအညီ လိုအပ္ေနတာလည္း ျဖစ္ပါတယ္။

သီဟိုလ္ေအးေက်း႐ြာဟာ အိမ္ေျခ ၇၀ ရွိၿပီး လူဦးေရ ၄၃၈ ဦးေနထိုင္တဲ့ ၿမိဳတိုင္းရင္းသားေက်း႐ြာျဖစ္ပါတယ္။ ၂၀၁၇ ဒီဇင္ဘာလကတည္းက တိုက္ပြဲေတြေၾကာင့္ ဘူးသီးေတာင္ၿမိဳ႕နယ္ အင္းေခ်ာင္၊ သလူျပား၊ သလူကြၽန္း စတဲ့ေက်း႐ြာေတြက ထြက္ေျပးလာခဲ့ႀကီး သီဟိုလ္ေအးေက်း႐ြာမွာ ေနထိုင္ေနၾကတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013