DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်မရှိသဖြင့် ကုသရေးအခက်ကြုံနေ
DVB
·
September 13, 2019
မြိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်မရှိသဖြင့် ကုသရေးအခက်ကြုံနေ
Donate to DVB

မြိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတာတောကြောင့် ကုသရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးရုံအုပ်ကြီးက ပြောင်းရွှေ့သွားပြီး လက်ထောက်ဆရာဝန်က ခွင့်ယူသွားတာကြောင့် ဆေးရုံမှာ ဆရာဝန်မရှိဖြစ်နေတာ စက်တင်ဘာ ၄ ရက်နေ့ကနေ စက်တင်ဘာ ၁၂ ရက်နေထိ ရှိနေပြီလို့  မြိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်က ပြောပါတယ်။

”လက်ထောက်ဆရာဝန်ကိုလည်း ကြားထဲမှာ ခွင့်မယူဖို့ အမျိုးမျိုးကြိုးစားကြည့်ပါတယ်။ ဒီဆရာဝန်က ခွင့်ရသွားတဲ့အခါမှာ သူနာပြုတွေနဲ့ပဲ လုံးလည်ခြာလည်လိုက်နေတယ်ပေါ့၊ ကုသရေးမှာ အဆင်မပြေဖြစ်နေတယ်ပေါ့။ ပြည်သူတွေကလည်း ဆူဆူညံညံဖြစ်လာတာပေါ့။”

ခုလို ဆရာဝန်မရှိတဲ့ကိစ္စကို လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် တိုင်းဒေသကြီးအဆင့်၊ ပြည်ထောင်စုအဆင့်အထိ အကြောင်းကြားပြီး ဆရာဝန်အမြန်ပြန်လည်ချထားပေးဖို့  တောင်းဆိုထားတယ်လို့ ဦးသက်နိုင်က ဆိုပါတယ်။

“ဆရာဝန်တယောက်လောက် အမြန်ဆုံး တနေရာရာက ဖြစ်ဖြစ် အစားထိုးပေးဖို့ ကျနော်တို့ လူမှုရေးဝန်ကြီးနဲ့ သွားတွေ့ပါတယ်။ တိုင်းအဆင့်နဲ့ အဆင်မပြေတဲ့အခါကြတော့ ပြည်ထောင်စုက လွှတ်တော်ကိုယ်စားနှစ်ယောက်ကို တင်ပြတဲ့အခါမှာတော့ ပြည်ထောင်စုဝန်ကြီးက တရက်နှစ်ရက်အတွင်း ဆရာဝန်ရောက်အောင ဆောင်ရွက်ပေးမယ်လို့ ဆိုတဲ့ အဖြေတော့ ရထားပါတယ်။ ဘယ်လိုဖြစ်မယ်ဆိုတဲ့ အဖြေတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။”

ဒီကိစ္စနဲ့ပက်သက်ပြီး မြိုင်မြို့ပြည်သူ့ဆေးရုံကို သွားရောက်စုံစမ်းကြည့်ရာမှာတော့ မြို့နယ်ကနေ ခရိုင်၊ တိုင်း၊ စတဲ့ အဆင့်ဆင့် တင်ပြထားပြီး လက်ရှိကုသရေးပိုင်းမှာ ပြည်သူ့ကျန်းမာရေးက လာရောက်ကူညီပေးနေတဲ့ ဆရာဝန်တယောက်နဲ့ သူနာပြုဆရာမတွေ ပူပေါင်းပြီး ကြိုးစားကုသပေးနေတယ်လို့ ဆေးရုံတာဝန်ရှိသူတဦးကဖြေကြားပါတယ်။




ၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးတြင္ ဆရာဝန္မရွိသျဖင့္ ကုသေရးအခက္ႀကဳံေန
ျမင့္ႏိုင္

ၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးမွာ ဆရာဝန္မရွိတာေတာေၾကာင့္ ကုသေရးအတြက္ အခက္အခဲျဖစ္ေနတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။

မေကြးတိုင္း၊ ပခုကၠဴခ႐ိုင္၊ ၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံမွာ ေဆး႐ုံအုပ္ႀကီးက ေျပာင္းေ႐ႊ႕သြားၿပီး လက္ေထာက္ဆရာဝန္က ခြင့္ယူသြားတာေၾကာင့္ ေဆး႐ုံမွာ ဆရာဝန္မရွိျဖစ္ေနတာ စက္တင္ဘာ ၄ ရက္ေန႔ကေန စက္တင္ဘာ ၁၂ ရက္ေနထိ ရွိေနၿပီလို႔ ၿမိဳင္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသက္ႏိုင္က ေျပာပါတယ္။

”လက္ေထာက္ဆရာဝန္ကိုလည္း ၾကားထဲမွာ ခြင့္မယူဖို႔ အမ်ိဳးမ်ိဳးႀကိဳးစားၾကည့္ပါတယ္။ ဒီဆရာဝန္က ခြင့္ရသြားတဲ့အခါမွာ သူနာျပဳေတြနဲ႔ပဲ လုံးလည္ျခာလည္လိုက္ေနတယ္ေပါ့၊ ကုသေရးမွာ အဆင္မေျပျဖစ္ေနတယ္ေပါ့။ ျပည္သူေတြကလည္း ဆူဆူညံညံျဖစ္လာတာေပါ့။”

ခုလို ဆရာဝန္မရွိတဲ့ကိစၥကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုယ္တိုင္ တိုင္းေဒသႀကီးအဆင့္၊ ျပည္ေထာင္စုအဆင့္အထိ အေၾကာင္းၾကားၿပီး ဆရာဝန္အျမန္ျပန္လည္ခ်ထားေပးဖို႔ ေတာင္းဆိုထားတယ္လို႔ ဦးသက္ႏိုင္က ဆိုပါတယ္။

“ဆရာဝန္တေယာက္ေလာက္ အျမန္ဆုံး တေနရာရာက ျဖစ္ျဖစ္ အစားထိုးေပးဖို႔ က်ေနာ္တို႔ လူမႈေရးဝန္ႀကီးနဲ႔ သြားေတြ႕ပါတယ္။ တိုင္းအဆင့္နဲ႔ အဆင္မေျပတဲ့အခါၾကေတာ့ ျပည္ေထာင္စုက လႊတ္ေတာ္ကိုယ္စားႏွစ္ေယာက္ကို တင္ျပတဲ့အခါမွာေတာ့ ျပည္ေထာင္စုဝန္ႀကီးက တရက္ႏွစ္ရက္အတြင္း ဆရာဝန္ေရာက္ေအာင ေဆာင္႐ြက္ေပးမယ္လို႔ ဆိုတဲ့ အေျဖေတာ့ ရထားပါတယ္။ ဘယ္လိုျဖစ္မယ္ဆိုတဲ့ အေျဖေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။”

ဒီကိစၥနဲ႔ပက္သက္ၿပီး ၿမိဳင္ၿမိဳ႕ျပည္သူ႔ေဆး႐ုံကို သြားေရာက္စုံစမ္းၾကည့္ရာမွာေတာ့ ၿမိဳ႕နယ္ကေန ခ႐ိုင္၊ တိုင္း၊ စတဲ့ အဆင့္ဆင့္ တင္ျပထားၿပီး လက္ရွိကုသေရးပိုင္းမွာ ျပည္သူ႔က်န္းမာေရးက လာေရာက္ကူညီေပးေနတဲ့ ဆရာဝန္တေယာက္နဲ႔ သူနာျပဳဆရာမေတြ ပူေပါင္းၿပီး ႀကိဳးစားကုသေပးေနတယ္လို႔ ေဆး႐ုံတာဝန္ရွိသူတဦးကေျဖၾကားပါတယ္။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013