DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် ICE မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
September 12, 2019
တာချီလိတ်တွင် ICE မူးယစ်ဆေးဝါးများ ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ကနေ ဝမ်ပုံကျေးရွာဘက်ကို မောင်းနှင်လာတဲ့ မော်တော်ယာဉ်ပေါ်ကနေ မက်သာအက်ဖက်တမင်း ICE လို့ ယူဆရတဲ့မူးယစ်ဆေးဝါး ကီလို ၅၀၀ ကျော်ကို စက်တင်ဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။

ဝမ်ပုံနယ်မြေရဲစခန်းမှူးနဲ့အဖွဲ့ဟာ နယ်မြေခံတပ်ဖွဲ့ရဲ့ သတင်းအရ ဝမ်ပုံကျေးရွာ အဝင်မှာ တာချီလိတ်ဘက်ကနေ ဝမ်ပုံကျေးရွာဘက်ကို မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ  ရပ်တန့်ပေးခြင်းမရှိပဲ ထွက်ပြေးမောင်းနှင်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီမော်တော်ယာဉ်နောက်ကို လိုက်လံဖမ်းဆီးခဲ့ရာမှာ ဝမ်ပုံကျေးရွာရဲ့ မုခ်ဦးကို ဝင်ရောက်တိုက်မိခဲ့ပြီး ဖမ်းဆီးရမိခဲ့ပါတယ်။ 

အဆိုပါယာဉ်ရဲ့ နောက်ခန်းမှာ သိုဝှက်သယ်ဆောင်လာတဲ့ တရုတ် လက်ဖက်ခြောက်အိတ်နဲ့ ထုတ်ပိုးထားပြီး ဆာလာအိတ်နဲ့ ထည်ထားတဲ့ ICE လို့ ယူဆရတဲ့မူးယစ်ဆေးဝါး ကီလို ၅၀၀ လောက်ကို တွေ့ရှိခဲ့တာပါ။

အဲဒီမူးယစ်ဆေးဝါးတွေဟာ ဒေသတန်ဖိုး သန်း ၁ သောင်‌ေကျော်တန်ဖိုးရှိပြီး မူးယစ်ဆေးဝါးသယ်ဆောင်လာသူကို စစ်ဆေးမေးမြန်းခဲ့ရာ အဆိုပါယာဉ်ကို မောင်းနှင်ခိုင်းသူမှာ စံဖူးကျေးရွာနေသူ တဦးဖြစ်တယ်လို့ ထွက်ဆိုခဲ့တဲ့အတွက် သွားရောက်ဖမ်းဆီးရာမှာ ထွက်ပြေးတိမ်းရှောင်သွားတယ် လို့ဆိုပါတယ်။ 

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်းအိုက်ပန်းနဲ့ ခိုင်းစေသူ အိုက်ခိုက် စံဖူးကျေးရွာနေသူ ၂ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေများဆိုင်ရာ ပုဒ်မတွေနဲ့ ဝမ်ပုံနယ်မြေရဲစခန်းက အမှုဖွင့်ကာ ကွင်းဆက်တရားခံဖမ်းမိရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

သတင်း-မုန်းမုန်းမင်း၊ ဓာတ်ပုံ-ခင်မောင်ဦး

================================

တာခ်ီလိတ္တြင္ ICE မူးယစ္ေဆးဝါးမ်ား ဖမ္းမိ

DVB

ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ကေန ဝမ္ပုံေက်း႐ြာဘက္ကို ေမာင္းႏွင္လာတဲ့ ေမာ္ေတာ္ယာဥ္ေပၚကေန မက္သာအက္ဖက္တမင္း ICE လို႔ ယူဆရတဲ့မူးယစ္ေဆးဝါး ကီလို ၅၀၀ ေက်ာ္ကို စက္တင္ဘာ ၁၁ ရက္ေန႔ ေန႔လယ္ပိုင္းက ဖမ္းဆီးရမိခဲ့ပါတယ္။

ဝမ္ပုံနယ္ေျမရဲစခန္းမႉးနဲ႔အဖြဲ႕ဟာ နယ္ေျမခံတပ္ဖြဲ႕ရဲ႕ သတင္းအရ ဝမ္ပုံေက်း႐ြာ အဝင္မွာ တာခ်ီလိတ္ဘက္ကေန ဝမ္ပုံေက်း႐ြာဘက္ကို ေမာင္းႏွင္လာတဲ့ ေမာ္ေတာ္ယာဥ္ကို ရပ္တန႔္စစ္ေဆးခဲ့ရာ  ရပ္တန႔္ေပးျခင္းမရွိပဲ ထြက္ေျပးေမာင္းႏွင္သြားခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီေမာ္ေတာ္ယာဥ္ေနာက္ကို လိုက္လံဖမ္းဆီးခဲ့ရာမွာ ဝမ္ပုံေက်း႐ြာရဲ႕ မုခ္ဦးကို ဝင္ေရာက္တိုက္မိခဲ့ၿပီး ဖမ္းဆီးရမိခဲ့ပါတယ္။

အဆိုပါယာဥ္ရဲ႕ ေနာက္ခန္းမွာ သိုဝွက္သယ္ေဆာင္လာတဲ့ တ႐ုတ္ လက္ဖက္ေျခာက္အိတ္နဲ႔ ထုတ္ပိုးထားၿပီး ဆာလာအိတ္နဲ႔ ထည္ထားတဲ့ ICE လို႔ ယူဆရတဲ့မူးယစ္ေဆးဝါး ကီလို ၅၀၀ ေလာက္ကို ေတြ႕ရွိခဲ့တာပါ။

အဲဒီမူးယစ္ေဆးဝါးေတြဟာ ေဒသတန္ဖိုး သန္း ၁ ေသာင္‌ေေက်ာ္တန္ဖိုးရွိၿပီး မူးယစ္ေဆးဝါးသယ္ေဆာင္လာသူကို စစ္ေဆးေမးျမန္းခဲ့ရာ အဆိုပါယာဥ္ကို ေမာင္းႏွင္ခိုင္းသူမွာ စံဖူးေက်း႐ြာေနသူ တဦးျဖစ္တယ္လို႔ ထြက္ဆိုခဲ့တဲ့အတြက္ သြားေရာက္ဖမ္းဆီးရာမွာ ထြက္ေျပးတိမ္းေရွာင္သြားတယ္ လို႔ဆိုပါတယ္။

အခုျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ယာဥ္ေမာင္းအိုက္ပန္းနဲ႔ ခိုင္းေစသူ အိုက္ခိုက္ စံဖူးေက်း႐ြာေနသူ ၂ ဦးကို မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစတတ္ေသာ ဥပေဒမ်ားဆိုင္ရာ ပုဒ္မေတြနဲ႔ ဝမ္ပုံနယ္ေျမရဲစခန္းက အမႈဖြင့္ကာ ကြင္းဆက္တရားခံဖမ္းမိေရးအတြက္ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

သတင္း-မုန္းမုန္းမင္း၊ ဓာတ္ပုံ-ခင္ေမာင္ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013