DVB Logo
Home
လူမှုရေး
မြန်မာများအား မလေးရှားပို့သည့် လူကုန်ကူးဂိုဏ်းခေါင်းဆောင်ကို ထိုင်းရဲဖမ်းဆီး
DVB
·
September 12, 2019
မြန်မာများအား မလေးရှားပို့သည့် လူကုန်ကူးဂိုဏ်းခေါင်းဆောင်ကို ထိုင်းရဲဖမ်းဆီး
Donate to DVB

ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာ မြန်မာနိုင်ငံသားတွေကို မလေးရှားသို့ပို့ဆောင်နေတဲ့  လူကုန်ကူးဂိုဏ်း ခေါင်းဆောင်ကို ဖမ်းဆီးရမိပြီလို့ ထိုင်းနိုင်ငံရာဇဝတ်မှု နှိမ်နင်းရေးနဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက်နေ့  သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ပြီးခဲ့တဲ့သြဂုတ်လလယ်က ရနောင်းဘက်ကနေ လှေနဲ့ကူးလာပြီး ချွန်းဖွန်းခရိုင် ဖတိုမြို့နယ် ပတ်ဆုန်းအုပ်စုထဲမှာ မလေးရှားဘက်ဆက်သွားဖို့ လာရောက်စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့ကို ခေါ်ဆောင်လာတဲ့ လူ ၃ ဦးကိုလည်း လူကုန်ကူးမှုနဲ့ ဖမ်းဆီးရမိခဲ့ပြီး အဖွဲ့ဝင် နောက်တဦးက လွတ်မြောက်နေပါတယ်။ 

အဆိုပါ လွတ်မြောက်နေသူမှာ အသက် ၂၇ နှစ်ရွယ်ရှိ နိုင်းဘန်းယတ် နွန်းနုပလော့ဆိုသူဖြစ်ပြီး ဖမ်းဝရမ်းထုတ်ခံထားရပါတယ်။

စက်တင်ဘာ ၁၁ ရက်နေမှာ ရဲတပ်ဖွဲ့ဝင်တွေက သူ့ကို ချွန်းဖွန်းခရိုင် ဖတိုမြို့နယ် ပတ်ဆုန်းအုပ်စုရှိ နတ်ကွန်းတခုနားမှာ ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းနိုင်ငံရာဇဝတ်မှုနှိမ်နင်းရေးနဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုရဲချုပ် ဘွန်းနွန်း ဖုန့်ဖန်းမုန့်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

နိုင်းဘန်းယတ်မှာ လူကုန်ကူးဂိုဏ်းအတွက် ရှေ့ကလမ်းပြသူအဖြစ်ဆောင်ရွက်ကြောင်း၊ ဒါကြောင့် သူတို့အားလုံးကို ထိုင်းရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့က တရားမဝင်သူများအား နိုင်ငံထဲ တရားမဝင် ခေါ်‌ဆောင်လာမှု၊ ဖမ်းဆီးမခံရအောင် သိုဝှက်ပြီး အကာအကွယ်ပေးထားမှု၊ လက်ခံထားရှိမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ လူအချင်းချင်းကျွန်ပြုမှု စတဲ့ပြစ်မှုတွေနဲ့ စွဲချက်တင် ထားပြီး ဥပဒေအရအရေးယူသွားမယ်လို့ ဒုရဲချုပ်က ပြောသွားပါတယ်။ 

Source:မန်နေဂျာအွန်လိုင်း

===============================

ျမန္မာမ်ားအား မေလးရွားပို႔သည့္ လူကုန္ကူးဂိုဏ္းေခါင္းေဆာင္ကို ထိုင္းရဲဖမ္းဆီး

ဒီဗြီဘီ

ထိုင္းေတာင္ပိုင္း ခြၽန္းဖြန္းခ႐ိုင္ထဲမွာ ျမန္မာႏိုင္ငံသားေတြကို မေလးရွားသို႔ပို႔ေဆာင္ေနတဲ့  လူကုန္ကူးဂိုဏ္း ေခါင္းေဆာင္ကို ဖမ္းဆီးရမိၿပီလို႔ ထိုင္းႏိုင္ငံရာဇဝတ္မႈ ႏွိမ္နင္းေရးနဲ႔ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က စက္တင္ဘာ ၁၁ ရက္ေန႔  သတင္းစာရွင္းပြဲမွာ ေျပာပါတယ္။

ၿပီးခဲ့တဲ့ၾသဂုတ္လလယ္က ရေနာင္းဘက္ကေန ေလွနဲ႔ကူးလာၿပီး ခြၽန္းဖြန္းခ႐ိုင္ ဖတိုၿမိဳ႕နယ္ ပတ္ဆုန္းအုပ္စုထဲမွာ မေလးရွားဘက္ဆက္သြားဖို႔ လာေရာက္ေစာင့္ဆိုင္းေနတဲ့ ျမန္မာႏိုင္ငံသား ၂၇ ဦးကို တာဝန္ရွိသူေတြက ဖမ္းဆီးရမိခဲ့ပါတယ္။ သူတို႔ကို ေခၚေဆာင္လာတဲ့ လူ ၃ ဦးကိုလည္း လူကုန္ကူးမႈနဲ႔ ဖမ္းဆီးရမိခဲ့ၿပီး အဖြဲ႕ဝင္ ေနာက္တဦးက လြတ္ေျမာက္ေနပါတယ္။

အဆိုပါ လြတ္ေျမာက္ေနသူမွာ အသက္ ၂၇ ႏွစ္႐ြယ္ရွိ ႏိုင္းဘန္းယတ္ ႏြန္းႏုပေလာ့ဆိုသူျဖစ္ၿပီး ဖမ္းဝရမ္းထုတ္ခံထားရပါတယ္။

စက္တင္ဘာ ၁၁ ရက္ေနမွာ ရဲတပ္ဖြဲ႕ဝင္ေတြက သူ႔ကို ခြၽန္းဖြန္းခ႐ိုင္ ဖတိုၿမိဳ႕နယ္ ပတ္ဆုန္းအုပ္စုရွိ နတ္ကြန္းတခုနားမွာ ဖမ္းဆီးရမိခဲ့တာလို႔ ထိုင္းႏိုင္ငံရာဇဝတ္မႈႏွိမ္နင္းေရးနဲ႔ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ ဒုရဲခ်ဳပ္ ဘြန္းႏြန္း ဖုန႔္ဖန္းမုန႔္က သတင္းစာရွင္းပြဲမွာ ေျပာပါတယ္။

ႏိုင္းဘန္းယတ္မွာ လူကုန္ကူးဂိုဏ္းအတြက္ ေရွ႕ကလမ္းျပသူအျဖစ္ေဆာင္႐ြက္ေၾကာင္း၊ ဒါေၾကာင့္ သူတို႔အားလုံးကို ထိုင္းရာဇဝတ္မႈႏွိမ္နင္းေရးရဲတပ္ဖြဲ႕က တရားမဝင္သူမ်ားအား ႏိုင္ငံထဲ တရားမဝင္ ေခၚ‌ေဆာင္လာမႈ၊ ဖမ္းဆီးမခံရေအာင္ သိုဝွက္ၿပီး အကာအကြယ္ေပးထားမႈ၊ လက္ခံထားရွိမႈ၊ အဓမၼလုပ္အားခိုင္းေစမႈ၊ လူအခ်င္းခ်င္းကြၽန္ျပဳမႈ စတဲ့ျပစ္မႈေတြနဲ႔ စြဲခ်က္တင္ ထားၿပီး ဥပေဒအရအေရးယူသြားမယ္လို႔ ဒုရဲခ်ဳပ္က ေျပာသြားပါတယ္။

Source:မန္ေနဂ်ာအြန္လိုင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013