DVB Logo
Home
မှုခင်း/မူးယစ်ဆေး
လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်၏ ကျန်းမာရေးအာမခံလျှောက်ထားမှု ဆရာဝန်တဦးကို စစ်ဆေး
DVB
·
September 12, 2019
လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်၏ ကျန်းမာရေးအာမခံလျှောက်ထားမှု ဆရာဝန်တဦးကို စစ်ဆေး
Donate to DVB

ဧရာဝတီတိုင်းလွှတ်တော်အတွက် မော်တော်ယာဉ်တွေဝယ်ယူရာမှာ အလွဲသုံးစားမှု ပြုလုပ်ခဲ့တယ်ဆိုပြီး ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ရဲ့ ကျန်းမာရေးအာမခံလျှောက်ထားမှုနဲ့ပတ်သက်ပြီး ဆရာဝန်တဦးကို တရုံးက စစ်ဆေးခဲ့ပါတယ်။

ဦးစံမင်းအောင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဇာရှိန်းကို ဧရာ၀တီတိုင်း ပုသိမ်မြို့နယ် တရားရုံးမှာ စက်တင်ဘာ ၁၁ ရက်နေ့က စစ်ဆေးခဲ့တာပါ။

ဆရာဝန်ကြီးကတော့ ခွဲစိတ်အထူးကုဖြစ်တဲ့အတွက် အခြားရောဂါတွေနဲ့ပတ်သက်လို့ ထင်မြင်မပေးနိုင်ဘဲ သူနဲ့ပတ်သက်တဲ့အပိုင်းသာ ထင်မြင်ချက်ပေးနိုင်ကြောင်း၊ ရောဂါအခြေအနေအရ သူနဲ့ အခြားအထူးကုသမားတော်ကြီးတွေ ညှိနှိုင်းတိုင်ပင်ကုသမှရမယ့်ရောဂါမျိုးဖြစ်ကြောင်း ထွက်ဆိုသွားတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဦးက ပြောပါတယ်။

ဦးစံမင်းအောင်အနေနဲ့ ဒီရက်ပိုင်းမှာ ကျန်းမာရေးအခြေအနေဆိုးလာပြီး ခါးနာကာ ဆီးလုံးဝမသွားနိုင်သလို့ ဖျားနာနေတယ်လို့လည်း တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဦးက ဆိုပါတယ်။

ဦးစံမင်းအောင်ဟာ တီဘီရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ သွေးတိုးရောဂါ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကိုလက်စ်ထရောမြင့်မားတာ စတဲ့ ရောဂါတွေ ခံစားနေရတယ်လို့ သိရပါတယ်။

မြို့နယ်တရားသူကြီးကတော့ ဆရာဝန်ရဲ့သက်သေခံချက်တွေကို သုံးသပ်ပြီး အာမခံပေးသင့်မပေးသင့်ဆုံးဖြတ်ဖို့အတွက် စက်တင်ဘာ ၁၃ ရက်နေ့ကို ရုံးချိန်းချိန်းဆိုခဲ့ပါတယ်။

လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာတော့ တရားရုံးအနေနဲ့ တရားလိုပြသက်သေတွေကို စတင်စစ်ဆေးဖို့သတ်မှတ်ထားပြီး တရားလိုဘက်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေအပါအဝင် တရားလိုပြသက်သေ ၁၉ ဦး တင်ပြထားပါတယ်။

ဧရာဝတီတိုင်း လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ဟာ လွှတ်တော်အတွက် ကားငါးစီးဝယ်ယူတဲ့ကိစ္စမှာ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခံခဲ့ရပြီးနောက် အလွဲသုံးစားမှုရာဇသတ်ကြီး ပုဒ်မ ၄၀၉ နဲ့ တရားစွဲခံထားရပါတယ်။

=====================

လႊတ္ေတာ္ဒုဥကၠ႒ေဟာင္း ဦးစံမင္းေအာင္၏ က်န္းမာေရးအာမခံေလွ်ာက္ထားမႈ ဆရာဝန္တဦးကို စစ္ေဆး

DVB

ဧရာဝတီတိုင္းလႊတ္ေတာ္အတြက္ ေမာ္ေတာ္ယာဥ္ေတြဝယ္ယူရာမွာ အလြဲသုံးစားမႈ ျပဳလုပ္ခဲ့တယ္ဆိုၿပီး ဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ လႊတ္ေတာ္ဒုဥကၠ႒ေဟာင္း ဦးစံမင္းေအာင္ရဲ႕ က်န္းမာေရးအာမခံေလွ်ာက္ထားမႈနဲ႔ပတ္သက္ၿပီး ဆရာဝန္တဦးကို တ႐ုံးက စစ္ေဆးခဲ့ပါတယ္။

ဦးစံမင္းေအာင္ရဲ႕ က်န္းမာေရးအေျခအေနနဲ႔ပတ္သက္ၿပီး ခြဲစိတ္အထူးကုဆရာဝန္ႀကီး ေဒါက္တာဇာရွိန္းကို ဧရာ၀တီတိုင္း ပုသိမ္ၿမိဳ႕နယ္ တရား႐ုံးမွာ စက္တင္ဘာ ၁၁ ရက္ေန႔က စစ္ေဆးခဲ့တာပါ။

ဆရာဝန္ႀကီးကေတာ့ ခြဲစိတ္အထူးကုျဖစ္တဲ့အတြက္ အျခားေရာဂါေတြနဲ႔ပတ္သက္လို႔ ထင္ျမင္မေပးႏိုင္ဘဲ သူနဲ႔ပတ္သက္တဲ့အပိုင္းသာ ထင္ျမင္ခ်က္ေပးႏိုင္ေၾကာင္း၊ ေရာဂါအေျခအေနအရ သူနဲ႔ အျခားအထူးကုသမားေတာ္ႀကီးေတြ ညႇိႏႈိင္းတိုင္ပင္ကုသမွရမယ့္ေရာဂါမ်ိဳးျဖစ္ေၾကာင္း ထြက္ဆိုသြားတယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ဦးက ေျပာပါတယ္။

ဦးစံမင္းေအာင္အေနနဲ႔ ဒီရက္ပိုင္းမွာ က်န္းမာေရးအေျခအေနဆိုးလာၿပီး ခါးနာကာ ဆီးလုံးဝမသြားႏိုင္သလို႔ ဖ်ားနာေနတယ္လို႔လည္း တရားလႊတ္ေတာ္ေရွ႕ေနဦးခင္ေမာင္ဦးက ဆိုပါတယ္။

ဦးစံမင္းေအာင္ဟာ တီဘီေရာဂါ၊ အသည္းအဆီဖုံးေရာဂါ၊ ေသြးတိုးေရာဂါ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ကိုလက္စ္ထေရာျမင့္မားတာ စတဲ့ ေရာဂါေတြ ခံစားေနရတယ္လို႔ သိရပါတယ္။

ၿမိဳ႕နယ္တရားသူႀကီးကေတာ့ ဆရာဝန္ရဲ႕သက္ေသခံခ်က္ေတြကို သုံးသပ္ၿပီး အာမခံေပးသင့္မေပးသင့္ဆုံးျဖတ္ဖို႔အတြက္ စက္တင္ဘာ ၁၃ ရက္ေန႔ကို ႐ုံးခ်ိန္းခ်ိန္းဆိုခဲ့ပါတယ္။

လာမယ့္ စက္တင္ဘာ ၁၉ ရက္ေန႔မွာေတာ့ တရား႐ုံးအေနနဲ႔ တရားလိုျပသက္ေသေတြကို စတင္စစ္ေဆးဖို႔သတ္မွတ္ထားၿပီး တရားလိုဘက္ကေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဝန္ထမ္းေတြအပါအဝင္ တရားလိုျပသက္ေသ ၁၉ ဦး တင္ျပထားပါတယ္။

ဧရာဝတီတိုင္း လႊတ္ေတာ္ဒုဥကၠ႒ေဟာင္း ဦးစံမင္းေအာင္ဟာ လႊတ္ေတာ္အတြက္ ကားငါးစီးဝယ္ယူတဲ့ကိစၥမွာ အလြဲသုံးစားလုပ္ခဲ့တယ္ဆိုၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ကို တိုင္ၾကားခံခဲ့ရၿပီးေနာက္ အလြဲသုံးစားမႈရာဇသတ္ႀကီး ပုဒ္မ ၄၀၉ နဲ႔ တရားစြဲခံထားရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013