DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံရှိ ပိုင်ရှင်မဲ့ မြန်မာအလောင်း ၆၀၀ ခန့်ကို  ပြန်လည်တောင်းခံနိုင်
DVB
·
September 12, 2019
ထိုင်းနိုင်ငံရှိ ပိုင်ရှင်မဲ့ မြန်မာအလောင်း ၆၀၀ ခန့်ကို  ပြန်လည်တောင်းခံနိုင်
Donate to DVB

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားခဲ့ကြပြီး ပိုင်ရှင်မဲ့ဖြစ်နေတဲ့ မြန်မာနိုင်ငံသား ၆၀၀ နီးပါးရဲ့ အလောင်းတွေကို အလိုရှိပါက ဆွေမျိုးမိသားစုတွေအနေနဲ့ ပြန်လည်တောင်းခံ ရယူနိုင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (အယ်ပီအန်)က ကမ်းလှမ်းလိုက်ပါတယ်။

အယ်ပီအန်အဖွဲ့ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး၊ စမွတ်ဆာခွန်ခရိုင် မဟာချိုင်ဒေသမှာ အခြေစိုက်ပြီး ရေလုပ်သားတွေအပါအဝင် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို  ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒီအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးဌာနက အကြီးတန်းအရာရှိ မစ္စ နာတာပွန် ဘွန်ယာခွန်က “ထိုင်းနိုင်ငံကို ရောက်သွားတာ ၁၀ နှစ်လောက်ရှိပြီ၊ အဆက်အသွယ်မရဘူးဆိုရင် အဲဒီလူတွေရဲ့ ဆွေမျိုးတွေကို  သတင်းစကားပါးချင်တာကတော့ အယ်ပီအန်ရုံးမှာတိုင်ကြားပါ။ ကျမတို့အနေနဲ့ ဒီအန်အေစစ်ဆေးပြီး ကိုက်ညီမှုရှိတယ်ဆိုရင် အလောင်းတွေကို ပြန်ယူသွားစေချင်တယ်။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဘာသာအရဆိုရင် ကိုယ့်မိခင်နိုင်ငံကို ကိုယ်ပြန်ပြီးခေါ်သွားတာ ကောင်းတယ်။ အခုဆိုရင် အလောင်းတွေကို ဒီအတိုင်းပဲ ထိမ်းသိမ်းထား ရတယ်။”လို့ ပြောပါတယ်။

မဟာချိုင်မှာရှိတဲ့ အယ်ပီအန်ရုံးမှာ ဒီဗွီဘီအပါအဝင်  မြန်မာသတင်းသမားတွေနဲ့ သီးသန့်တွေ့ဆုံရာမှာ မစ္စ နာတာပွန်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ထိမ်းသိမ်းထားတဲ့ ပိုင်ရှင်မဲ့နိုင်ငံခြားသား အလောင်းစုစုပေါင်း ၁၀၀၀ ကျော်လောက်ရှိတဲ့အထဲမှာ မြန်မာနိုင်ငံက ၆၀၀ လောက်ပါဝင်ပြီး ကျန်သူတွေကတော့  လာအိုနဲ့ ကမ္ဘောဒီးယားအပါအ၀င် တခြားနိုင်ငံတွေက ဖြစ်ပါတယ်။

သေဆုံးသွားသူတွေရဲ့ မိသားစုတွေ လာရောက်အကူအညီ တောင်းခံပါက အခမဲ့  DNA စစ်ဆေးပေးမှာဖြစ်ပြီး အလောင်းတွေကို နေရပ်ကို ပြန်ယူသွားနိုင်အောင်လည်း ကူညီဆောင်ရွက်ပေးမယ်လို့သိရပါတယ်။

“မြန်မာနိုင်ငံကနေလာပြီးတော့ ထိုင်းနိုင်ငံမှာ ပျောက်ဆုံးသွားတဲ့သူတွေရှိရင် မိဘတွေ ဆွေမျိုးတွေ အနေနဲ့ ဆက်သွယ်လို့ရတယ်။  DNA အခမဲ့ စစ်ဆေးပေးမယ်။ DNA ကိုက်ညီတဲ့ အလောင်းတွေကို ပြန်ယူသွားလို့ရအောင် စီစဉ်ပေးမယ်။ အလောင်းတွေကို မီးသင်္ဂြိုဟ်တာမရှိသေးဘူး။ သိမ်းထားတယ်။ သွားရေတွေထုတ်ပြီး တံတွေးတွေကို သီးသန့်ထားပြီး သိမ်းထားတယ်။ သူတို့ DNA သိမ်းထားတာရှိတယ်။  မြန်မာပြည်က ဆွေမျိုးအသိုင်းအဝန်းတွေ အနေနဲ့ သေပျောက်သွားတဲ့သူတွေရှိရင် DNA ကိုက်ညီမှုရှိမရှိ စစ်ဆေးကြည့်လို့ရအောင် အဆင်သင့်ထားထားတယ်” လို့မစ္စ နာတာပွန်က ပြောပါတယ်။

သေဆုံးသွားသူတွေထဲမှာ ထိုင်နိုင်ငံတောင်ပိုင်းမှာ   ၂၀၀၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမိငလျင်ရေလှိုင်းကြောင့် သေဆုံးသွားခဲ့ကြသူတွေလည်းပါဝင်သလို ယာဉ်တိုက်မှု၊ မတော်တဆမှု၊ လူသတ်မှုနဲ့  တခြားအကြောင်းအရာတွေကြောင့်သေဆုံးသွားသူတွေလည်း ပါဝင်ပါတယ်။

ဘန်ကောက်အခြေစိုက် Dear Burma Academy ကျောင်းအုပ်ကြီးလည်းဖြစ်တဲ့ ဦးမြင့်ဝေက “တချို့မိသားစုတွေ ယိုးဒယားမှာ ပျောက်ဆုံးသွားတယ် ဘယ်သူမှန်းမသိဘူး ပိုင်ရှင်မဲ့ဆုံးသွားတာမျိုးတွေရှိနိုင်တယ်။ အဲဒါကို လုပ်ပေးရင်တော့ကောင်းတာပေါ့။ ထိုင်းနိုင်ငံမှာ ပိုင်ရှင်မဲ့အလောင်းတွေကို ဖောင်ဒေးရှင်းတွေက ထိမ်းသိမ်းပေးတာပေါ့။ ပိုင်ရှင်မတွေ့ရင် အလောင်းတွေ ဖော်ပြီးတော့  မေတ္တာပို့မျှဝေပေါ့။ ဘာသာမျိုးစုံနဲ့လုပ်ပေးတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါနိုင်တာပေါ့။ တကယ်တော့ အဲဒါမြန်မာနိုင်ငံမှာ လူကယ်ပြန်ကလုပ်ရမလား၊ ပြန်ကြားရေးတို့ ပြည်ထဲရေးတို့က လုပ်ရမလားမသိဘူး ပျောက်ဆုံးသူစာရင်းပေါ့။ ကျနော့် ကျနော့်ညီ အမဝမ်းကွဲရဲ့သားပေါ့ ယိုးဒယားကိုလာတယ် ပြန်အဆက်အသွယ်မလုပ်တော့ဘူး။ ဟိုမှာ ကလေးနှစ်ယောက်နဲ့ ဇနီးသည်က ကျန်ခဲ့တယ်။ သေလား၊ ရှင်လားလည်း မသိဘူး။ သင်္ဘော ပြင်တတ်လို့ ရနောင်းဘက်မှာ ပင်လယ်ကမ်းစပ်မှာ သူရှိနိုင်တဲ့နေရာတွေ မေးစမ်း အဆက်အသွယ်လုံးဝမရဘူး”လို့ပြောပါတယ်။ 

၂၀၀၄  ဒီဇင်ဘာ ၂၆ ရက်က ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့  ဆူနာမိငလျင်ရေလှိုင်း တွေကြောင့် လူပေါင်း ၅၄၀၀ ကျော်သေဆုံးခဲ့ကြရတာဖြစ်ပြီး သေဆုံးသွားသူတွေထဲက မြန်မာအလုပ်သမား ၃၀၀ ကျော်ကို DNA စစ်ဆေး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဆက်သွယ်ရန်

အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (LPN) 

ဖုန်း   ၀၃၄- ၄၃၄ ၇၂၆၊  ၀၈၆ ၁၆ ၃၁ ၃၉၀၊ ၀၈၃- ၇၄၃ ၈၉၆၅

လိပ်စာ  -25/17-18 Mahachai Muangthong Villlage ,

 Sahakon Road, Bang Yah Praek sub-district,

 Mahachai, Samut Sakhon, Thailand

===============================

ထိုင္းႏိုင္ငံရွိ ပိုင္ရွင္မဲ့ ျမန္မာအေလာင္း ၆၀၀ ခန႔္ကို  ျပန္လည္ေတာင္းခံႏိုင္

ပီတာေအာင္

ထိုင္းႏိုင္ငံမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေသဆုံးသြားခဲ့ၾကၿပီး ပိုင္ရွင္မဲ့ျဖစ္ေနတဲ့ ျမန္မာႏိုင္ငံသား ၆၀၀ နီးပါးရဲ႕ အေလာင္းေတြကို အလိုရွိပါက ေဆြမ်ိဳးမိသားစုေတြအေနနဲ႔ ျပန္လည္ေတာင္းခံ ရယူႏိုင္တယ္လို႔ ထိုင္းႏိုင္ငံအေျခစိုက္ အလုပ္သမား ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕ (အယ္ပီအန္)က ကမ္းလွမ္းလိုက္ပါတယ္။

အယ္ပီအန္အဖြဲ႕ဟာ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕အနီး၊ စမြတ္ဆာခြန္ခ႐ိုင္မဟာခ်ိဳင္ေဒသမွ အေျခစိုက္ၿပီး ေရလုပ္သားေတြအပါအဝင္ ျမန္မာ၊ လာအိုနဲ႔ ကေမာၻဒီးယားႏိုင္ငံက ေ႐ႊ႕ေျပာင္းလုပ္သားေတြကို  ကူညီေစာင့္ေရွာက္ေပးေနတဲ့ အဖြဲ႕ျဖစ္ပါတယ္။

ဒီအဖြဲ႕နဲ႔ပူးေပါင္းေဆာင္႐ြက္ေနတဲ့ ထိုင္းႏိုင္ငံ အထူးစုံစမ္းစစ္ေဆးဌာနက အႀကီးတန္းအရာရွိ မစၥ နာတာပြန္ ဘြန္ယာခြန္က “ထိုင္းႏိုင္ငံကို ေရာက္သြားတာ ၁၀ ႏွစ္ေလာက္ရွိၿပီ၊ အဆက္အသြယ္မရဘူးဆိုရင္ အဲဒီလူေတြရဲ႕ ေဆြမ်ိဳးေတြကို  သတင္းစကားပါးခ်င္တာကေတာ့ အယ္ပီအန္႐ုံးမွာတိုင္ၾကားပါ။ က်မတို႔အေနနဲ႔ ဒီအန္ေအစစ္ေဆးၿပီး ကိုက္ညီမႈရွိတယ္ဆိုရင္ အေလာင္းေတြကို ျပန္ယူသြားေစခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ ဗုဒၶဘာသာအရဆိုရင္ ကိုယ့္မိခင္ႏိုင္ငံကို ကိုယ္ျပန္ၿပီးေခၚသြားတာ ေကာင္းတယ္။ အခုဆိုရင္ အေလာင္းေတြကို ဒီအတိုင္းပဲ ထိမ္းသိမ္းထား ရတယ္။”လို႔ ေျပာပါတယ္။

မဟာခ်ိဳင္မွာရွိတဲ့ အယ္ပီအန္႐ုံးမွာ ဒီဗြီဘီအပါအဝင္  ျမန္မာသတင္းသမားေတြနဲ႔ သီးသန႔္ေတြ႕ဆုံရာမွာ မစၥ နာတာပြန္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာ ထိမ္းသိမ္းထားတဲ့ ပိုင္ရွင္မဲ့ႏိုင္ငံျခားသား အေလာင္းစုစုေပါင္း ၁၀၀၀ ေက်ာ္ေလာက္ရွိတဲ့အထဲမွာ ျမန္မာႏိုင္ငံက ၆၀၀ ေလာက္ပါဝင္ၿပီး က်န္သူေတြကေတာ့  လာအိုနဲ႔ ကေမာၻဒီးယားအပါအ၀င္ တျခားႏိုင္ငံေတြက ျဖစ္ပါတယ္။

ေသဆုံးသြားသူေတြရဲ႕ မိသားစုေတြ လာေရာက္အကူအညီ ေတာင္းခံပါက အခမဲ့  DNA စစ္ေဆးေပးမွာျဖစ္ၿပီး အေလာင္းေတြကို ေနရပ္ကို ျပန္ယူသြားႏိုင္ေအာင္လည္း ကူညီေဆာင္႐ြက္ေပးမယ္လို႔သိရပါတယ္။

“ျမန္မာႏိုင္ငံကေနလာၿပီးေတာ့ ထိုင္းႏိုင္ငံမွာ ေပ်ာက္ဆုံးသြားတဲ့သူေတြရွိရင္ မိဘေတြ ေဆြမ်ိဳးေတြ အေနနဲ႔ ဆက္သြယ္လို႔ရတယ္။  DNA အခမဲ့ စစ္ေဆးေပးမယ္။ DNA ကိုက္ညီတဲ့ အေလာင္းေတြကို ျပန္ယူသြားလို႔ရေအာင္ စီစဥ္ေပးမယ္။ အေလာင္းေတြကို မီးသၿဂႋဳဟ္တာမရွိေသးဘူး။ သိမ္းထားတယ္။ သြားေရေတြထုတ္ၿပီး တံေတြးေတြကို သီးသန႔္ထားၿပီး သိမ္းထားတယ္။ သူတို႔ DNA သိမ္းထားတာရွိတယ္။  ျမန္မာျပည္က ေဆြမ်ိဳးအသိုင္းအဝန္းေတြ အေနနဲ႔ ေသေပ်ာက္သြားတဲ့သူေတြရွိရင္ DNA ကိုက္ညီမႈရွိမရွိ စစ္ေဆးၾကည့္လို႔ရေအာင္ အဆင္သင့္ထားထားတယ္” လို႔မစၥ နာတာပြန္က ေျပာပါတယ္။

ေသဆုံးသြားသူေတြထဲမွာ ထိုင္ႏိုင္ငံေတာင္ပိုင္းမွာ   ၂၀၀၄ ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ ဆူနာမိငလ်င္ေရလႈိင္းေၾကာင့္ ေသဆုံးသြားခဲ့ၾကသူေတြလည္းပါဝင္သလို ယာဥ္တိုက္မႈ၊ မေတာ္တဆမႈ၊ လူသတ္မႈနဲ႔  တျခားအေၾကာင္းအရာေတြေၾကာင့္ေသဆုံးသြားသူေတြလည္း ပါဝင္ပါတယ္။

ဘန္ေကာက္အေျခစိုက္ Dear Burma Academy ေက်ာင္းအုပ္ႀကီးလည္းျဖစ္တဲ့ ဦးျမင့္ေဝက “တခ်ိဳ႕မိသားစုေတြ ယိုးဒယားမွာ ေပ်ာက္ဆုံးသြားတယ္ ဘယ္သူမွန္းမသိဘူး ပိုင္ရွင္မဲ့ဆုံးသြားတာမ်ိဳးေတြရွိႏိုင္တယ္။ အဲဒါကို လုပ္ေပးရင္ေတာ့ေကာင္းတာေပါ့။ ထိုင္းႏိုင္ငံမွာ ပိုင္ရွင္မဲ့အေလာင္းေတြကို ေဖာင္ေဒးရွင္းေတြက ထိမ္းသိမ္းေပးတာေပါ့။ ပိုင္ရွင္မေတြ႕ရင္ အေလာင္းေတြ ေဖာ္ၿပီးေတာ့  ေမတၱာပို႔မွ်ေဝေပါ့။ ဘာသာမ်ိဳးစုံနဲ႔လုပ္ေပးတယ္။ အဲဒီထဲမွာ ျမန္မာႏိုင္ငံသားေတြလည္း ပါႏိုင္တာေပါ့။ တကယ္ေတာ့ အဲဒါျမန္မာႏိုင္ငံမွာ လူကယ္ျပန္ကလုပ္ရမလား၊ ျပန္ၾကားေရးတို႔ ျပည္ထဲေရးတို႔က လုပ္ရမလားမသိဘူး ေပ်ာက္ဆုံးသူစာရင္းေပါ့။ က်ေနာ့္ က်ေနာ့္ညီ အမဝမ္းကြဲရဲ႕သားေပါ့ ယိုးဒယားကိုလာတယ္ ျပန္အဆက္အသြယ္မလုပ္ေတာ့ဘူး။ ဟိုမွာ ကေလးႏွစ္ေယာက္နဲ႔ ဇနီးသည္က က်န္ခဲ့တယ္။ ေသလား၊ ရွင္လားလည္း မသိဘူး။ သေဘၤာ ျပင္တတ္လို႔ ရေနာင္းဘက္မွာ ပင္လယ္ကမ္းစပ္မွာ သူရွိႏိုင္တဲ့ေနရာေတြ ေမးစမ္း အဆက္အသြယ္လုံးဝမရဘူး”လို႔ေျပာပါတယ္။

၂၀၀၄  ဒီဇင္ဘာ ၂၆ ရက္က ထိုင္းႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့  ဆူနာမိငလ်င္ေရလႈိင္း ေတြေၾကာင့္ လူေပါင္း ၅၄၀၀ ေက်ာ္ေသဆုံးခဲ့ၾကရတာျဖစ္ၿပီး ေသဆုံးသြားသူေတြထဲက ျမန္မာအလုပ္သမား ၃၀၀ ေက်ာ္ကို DNA စစ္ေဆး မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။

ဆက္သြယ္ရန္

အလုပ္သမား ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕ (LPN)

ဖုန္း   ၀၃၄- ၄၃၄ ၇၂၆၊  ၀၈၆ ၁၆ ၃၁ ၃၉၀၊ ၀၈၃- ၇၄၃ ၈၉၆၅

လိပ္စာ  -25/17-18 Mahachai Muangthong Villlage ,

Sahakon Road, Bang Yah Praek sub-district,

Mahachai, Samut Sakhon, Thailand

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013