DVB Logo
Home
မြန်မာသတင်း
မြဝတီကျောင်းတိုက်ဆရာတော်ကို အရေးယူပေးရန် တပ်မတော်က ဦးတိုက်လျှောက်ထား
DVB
·
September 12, 2019
မြဝတီကျောင်းတိုက်ဆရာတော်ကို အရေးယူပေးရန် တပ်မတော်က ဦးတိုက်လျှောက်ထား
Donate to DVB

မဘသအမည်ပြောင်း ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကို တပ်မတော်က ငွေကြေးလှူဒါန်းတာနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့ မြ၀တီမင်းကြီး ကျောင်းတိုက်ဆရာတော်ကို အရေးယူပေးဖို့ တပ်မတော်က ပြည်ကြီးတခွန်တရားရုံးမှာ ဦးတိုက်လျှောက်ထားတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း ပြည်ကြီးတခွန် မြို့နယ်မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယဝံသသာဘိဝံသဟာ တပ်မတော်က ငွေလှူဒါန်းတာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ဇွန်လ ၂၀ ရက်နေ့က မီဒီယာတခုမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာကြောင့် နိုင်ငံတော် အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က) နဲ့ အရေးယူပေးဖို့ ဦးတိုက်လျှောက်ထားတာလို့ သိရပါတယ်။

 အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်  ဒုဗိုလ်မှူးကြီး သော်တာထွေးက တရားလိုပြုလုပ်ပြီး တရားစွဲခဲ့တာလို့ ပြည်ကြီးတံခွန်မြို့နယ် စခန်းမှူးဒုရဲမူး ဝင်းကျော်ကျော်လွင်က ပြောပါတယ်။

“စက်တင်ဘာ ၁၁ ရက်နေ့က မြဝတီမင်းကြီးဆရာတော်ဆီကို သွားရောက်စစ်ဆေးခဲ့တာမှန်ပါတယ်။ ရဲကျင့်ထုံး ၂၀၂ နဲ့ စစ်ဆေးအတည်ပြုခဲ့တာပါ။ မီဒီယာပါမပါတော့ ကျနော်မသိပါဘူး၊ ကျန်တာက တရားရုံးက ဆက်လက်ပြုလုပ်သွားမှာပါ။

ပြည်ကြီးတခွန်တရားရုံးကို ဦးတိုက်လျှေက်ထားခဲ့တာ” လို့ ပြောပါတယ်။

အခုလို အမှုဖွင့်ရတဲ့အပေါ် ဆရာတော်က “တရားစွဲခံရတဲ့အပေါ်မှာ ဘုန်းကြီးတို့က ရွှေပွတ်လို့ အရောင်မမှိန်ပါဘူး ပြောင်မှာလို့ ဒီအတိုင်းပဲပြောချင်ပါတယ်။ ကြေးပွတ်တောင် ပြောင်သေးတာပဲ၊ ရွှေဆိုတော့ ပြောစရာမလိုတော့ပါဘူး။ ဘုန်းကြီးတို့က အရေးမကြီးပါဘူး ဘုန်းကြီးတို့ပြောတဲ့စကားတွေက ရွှေတွေပါပဲ” လို့ မိန့်ကြားပါတယ်။

ရွှေဝါရောင်ဆရာတော်တပါး ဖြစ်တဲ့ ဦးစိန္တိတဟာလည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ တပ်မတော်ကို ဂုဏ်သိက္ခာ ကျဆင်းအောင် ဝေဖန်ရေးသားခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်ပ ၅၀၅ (ခ) နဲ့ ဒုတိယအကြိမ် အမှုဖွင့်ခံထားရပါတယ်။

===========================

ျမဝတီေက်ာင္းတိုက္ဆရာေတာ္ကို အေရးယူေပးရန္ တပ္မေတာ္က ဦးတိုက္ေလွ်ာက္ထား

DVB

မဘသအမည္ေျပာင္း ဗုဒၶဓမၼ ပရဟိတ ေဖာင္ေဒးရွင္းအဖြဲ႕ကို တပ္မေတာ္က ေငြေၾကးလႉဒါန္းတာနဲ႔ပတ္သက္ၿပီး ေဝဖန္ခဲ့တဲ့ ျမ၀တီမင္းႀကီး ေက်ာင္းတိုက္ဆရာေတာ္ကို အေရးယူေပးဖို႔ တပ္မေတာ္က ျပည္ႀကီးတခြန္တရား႐ုံးမွာ ဦးတိုက္ေလွ်ာက္ထားတယ္လို႔ သိရပါတယ္။

မႏၲေလးတိုင္း ျပည္ႀကီးတခြန္ ၿမိဳ႕နယ္ျမဝတီမင္းႀကီးေက်ာင္းတိုက္ ဆရာေတာ္ အရွင္အရိယဝံသသာဘိဝံသဟာ တပ္မေတာ္က ေငြလႉဒါန္းတာနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့ဇြန္လ ၂၀ ရက္ေန႔က မီဒီယာတခုမွာ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့တာေၾကာင့္ ႏိုင္ငံေတာ္ အၾကည္အညိဳပ်က္ေစမႈပုဒ္မ ၅၀၅(က) နဲ႔ အေရးယူေပးဖို႔ ဦးတိုက္ေလွ်ာက္ထားတာလို႔ သိရပါတယ္။

အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္  ဒုဗိုလ္မႉးႀကီး ေသာ္တာေထြးက တရားလိုျပဳလုပ္ၿပီး တရားစြဲခဲ့တာလို႔ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ စခန္းမႉးဒုရဲမူး ဝင္းေက်ာ္ေက်ာ္လြင္က ေျပာပါတယ္။

“စက္တင္ဘာ ၁၁ ရက္ေန႔က ျမဝတီမင္းႀကီးဆရာေတာ္ဆီကို သြားေရာက္စစ္ေဆးခဲ့တာမွန္ပါတယ္။ ရဲက်င့္ထုံး ၂၀၂ နဲ႔ စစ္ေဆးအတည္ျပဳခဲ့တာပါ။ မီဒီယာပါမပါေတာ့ က်ေနာ္မသိပါဘူး၊ က်န္တာက တရား႐ုံးက ဆက္လက္ျပဳလုပ္သြားမွာပါ။

ျပည္ႀကီးတခြန္တရား႐ုံးကို ဦးတိုက္ေလွ်က္ထားခဲ့တာ” လို႔ ေျပာပါတယ္။

အခုလို အမႈဖြင့္ရတဲ့အေပၚ ဆရာေတာ္က “တရားစြဲခံရတဲ့အေပၚမွာ ဘုန္းႀကီးတို႔က ေ႐ႊပြတ္လို႔ အေရာင္မမွိန္ပါဘူး ေျပာင္မွာလို႔ ဒီအတိုင္းပဲေျပာခ်င္ပါတယ္။ ေၾကးပြတ္ေတာင္ ေျပာင္ေသးတာပဲ၊ ေ႐ႊဆိုေတာ့ ေျပာစရာမလိုေတာ့ပါဘူး။ ဘုန္းႀကီးတို႔က အေရးမႀကီးပါဘူး ဘုန္းႀကီးတို႔ေျပာတဲ့စကားေတြက ေ႐ႊေတြပါပဲ” လို႔ မိန႔္ၾကားပါတယ္။

ေ႐ႊဝါေရာင္ဆရာေတာ္တပါး ျဖစ္တဲ့ ဦးစိႏၲိတဟာလည္း ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္မွာ တပ္မေတာ္ကို ဂုဏ္သိကၡာ က်ဆင္းေအာင္ ေဝဖန္ေရးသားခဲ့တယ္ဆိုၿပီး ၿပီးခဲ့တဲ့ စက္တင္ဘာ ၅ ရက္ေန႔က ႏိုင္ငံေတာ္အၾကည္ညိဳ ပ်က္ေစမႈပုဒ္ပ ၅၀၅ (ခ) နဲ႔ ဒုတိယအႀကိမ္ အမႈဖြင့္ခံထားရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013