DVB Logo
Home
Lead Story
စိုင်းစိုင်းသီချင်းကို အထာကျကျ သီဆိုခဲ့သည့် ပါမောက္ခဆရာမကြီး အွန်လိုင်းပေါ် နာမည်ကြီး နေ (ရုပ်သံ)
DVB
·
September 12, 2019
စိုင်းစိုင်းသီချင်းကို အထာကျကျ သီဆိုခဲ့သည့် ပါမောက္ခဆရာမကြီး အွန်လိုင်းပေါ် နာမည်ကြီး နေ (ရုပ်သံ)
Donate to DVB

“ဒါအချစ်တဲ့လား… ရင်မှာ အသည်းလေးကွဲလေပြီ… မင်းကျေနပ်ပါတော့ ကိုယ် ရှုံးနိမ့်ခဲ့လေပြီ… နား နား နား နား နားနာ… အိုး အိုး… နား နား နား”

ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီး ဟစ်ဟော့ပ်အဆိုတော် စိုင်း စိုင်းခမ်းလှိုင်ရဲ့ သီချင်းတပုဒ်ထဲက စာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

အချစ်သို့ ရှုံးနိမ့်ခြင်းလို့ အမည်ရတဲ့ ဒီသီချင်းကိုတော့ ဒီတခါမှာ ထူးထူးခြားခြား သီဆိုမှုပုံစံတမျိုးနဲ့ ပရိသတ်တွေက ခံစားနားဆင်ကြရမှာပါ။

ဒီသီချင်းကို ပိုင်ပိုင်နိုင်နိုင် သီဆိုထားခဲ့သူကတော့ ပဲခူးတက္ကသိုလ် ရူပဗေဒဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါ်ခင်မာအုန်း ဖြစ်ပြီး လတ်တလော အွန်လိုင်းပေါ်မှာ ရေ ပန်းစားနေပါတယ်။

“မျောလွင့်တဲ့ လေပြည်ကြားမှာ… မတ်မတ်ရပ်ရင်း သတိတွေရ… မိုးတိမ်ကို မော့ ကြည့်တော့… လေတံခွန်လေး… ဝဲပျံသွား… အနမ်းတွေအား လွမ်းနေရ… ကမ်းခြေက အထီးကျန်သွား… မီးလျှံများလို… ခုန်ပေါက်ပြေးဆော့… ပတ်ဝန်းကျင်မှာ အကျည်းတန် သွား… အရင်ကဆို ဒီညလို စိတ်ဆင်းရဲစရာမကောင်းဘူး… သိပ်ဝမ်းနည်းစရာ ကောင်း တာတခုက… မင်းကအနားမှာ မရှိတော့ဘူး… မချစ်တော့ဘူးဆိုရင်လည်း မင်းစိတ် ကြိုက်သာ လုပ်ပါလုပ်ပါ… လမ်းပေါ်မှာ အချိန်တွေဖြုန်း… ကုန်ဆုံးသွားတဲ့ ရက်ပေါင်း များစွာ”

ခုလိုသီဆိုဖျော်ဖြေမှုကိုတော့ ပဲခူးတက္ကသိုလ်ရဲ့ အာစရိယပူဇော်ပွဲအခမ်းအနားမှာ တပည့်ကျောင်းသား ၂ ယောက်နဲ့အတူ သီဆိုဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

ဆရာမကြီး ဒေါ်ခင်မာအုန်းဟာ မနှစ်ကလည်း နိုင်ငံကျော် အဆိုတော်ကြီး ဦးချစ်ကောင်းရဲ့ “ကိုယ်ရေးပုံတူ” သီချင်းကို အမိုက်စားသီဆိုခဲ့ပြီး နာမည်ကြီးခဲ့ပါသေးတယ်။

ခုလတ်တလော သီဆိုဖျော်ဖြေမှု ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ KyawZin Hein-Yarma အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တပည့်တဦးက “ကျနော်တို့ရဲ့ ဒုတိယ အမေ နဲ့ သီချင်းတပုဒ်လောက် ဖျော်ဖြေပါရစေ” လို့ ရေးသားပြီး မျှဝေထားခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆရာမကြီးကို ပန်းကုံးစွပ်ဂုဏ်ပြုသူတွေ၊ သဘောကျ နှစ်သက်ကြတဲ့ တပည့်တပန်းတွေရဲ့ ပုံရိပ်တွေကိုပါ တွေ့ရပြီး မြူးကြွသွက်လက်တဲ့ ရက်ပ်စာသားတွေနဲ့အတူ ဖျော်ဖြေနေခဲ့တာကို ရှုစားကြရမှာ ဖြစ်ပါတယ်။

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ကလည်း ဒီရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့  ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် “Love this performance! What a cute one!” လို့ ရေးသားပြီး တဆင့်မျှဝေထားခဲ့ပါတယ်။

လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုသူ ၂ သိန်းကျော် ရှိနေခဲ့ ပြီး မှတ်ချက်ရေးသူ၊ ပြန်လည်မျှဝေသူတွေနဲ့ ရေပန်းစားနေပါတယ်။




စိုင္းစိုင္းသီခ်င္းကို အထာက်က် သီဆိုခဲ့သည့္ ပါေမာကၡဆရာမႀကီး အြန္လိုင္းေပၚ နာမည္ႀကီး ေန (႐ုပ္သံ)
(ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ)
DVB

“ဒါအခ်စ္တဲ့လား… ရင္မွာ အသည္းေလးကြဲေလၿပီ… မင္းေက်နပ္ပါေတာ့ ကိုယ္ ရႈံးနိမ့္ခဲ့ေလၿပီ… နား နား နား နား နားနာ… အိုး အိုး… နား နား နား”
ဒါကိုၾကားလိုက္တာနဲ႔ ပရိသတ္ေတြက နာမည္ႀကီး ဟစ္ေဟာ့ပ္အဆိုေတာ္ စိုင္း စိုင္းခမ္းလႈိင္ရဲ႕ သီခ်င္းတပုဒ္ထဲက စာသားေတြမွန္း သိၾကၿပီး ျဖစ္မွာပါ။

အခ်စ္သို႔ ရႈံးနိမ့္ျခင္းလို႔ အမည္ရတဲ့ ဒီသီခ်င္းကိုေတာ့ ဒီတခါမွာ ထူးထူးျခားျခား သီဆိုမႈပုံစံတမ်ိဳးနဲ႔ ပရိသတ္ေတြက ခံစားနားဆင္ၾကရမွာပါ။

ဒီသီခ်င္းကို ပိုင္ပိုင္ႏိုင္ႏိုင္ သီဆိုထားခဲ့သူကေတာ့ ပဲခူးတကၠသိုလ္ ႐ူပေဗဒဌာနမွ ပါေမာကၡ၊ ဌာနမႉး ေဒၚခင္မာအုန္း ျဖစ္ၿပီး လတ္တေလာ အြန္လိုင္းေပၚမွာ ေရ ပန္းစားေနပါတယ္။

“ေမ်ာလြင့္တဲ့ ေလျပည္ၾကားမွာ… မတ္မတ္ရပ္ရင္း သတိေတြရ… မိုးတိမ္ကို ေမာ့ ၾကည့္ေတာ့… ေလတံခြန္ေလး… ဝဲပ်ံသြား… အနမ္းေတြအား လြမ္းေနရ… ကမ္းေျခက အထီးက်န္သြား… မီးလွ်ံမ်ားလို… ခုန္ေပါက္ေျပးေဆာ့… ပတ္ဝန္းက်င္မွာ အက်ည္းတန္ သြား… အရင္ကဆို ဒီညလို စိတ္ဆင္းရဲစရာမေကာင္းဘူး… သိပ္ဝမ္းနည္းစရာ ေကာင္း တာတခုက… မင္းကအနားမွာ မရွိေတာ့ဘူး… မခ်စ္ေတာ့ဘူးဆိုရင္လည္း မင္းစိတ္ ႀကိဳက္သာ လုပ္ပါလုပ္ပါ… လမ္းေပၚမွာ အခ်ိန္ေတြျဖဳန္း… ကုန္ဆုံးသြားတဲ့ ရက္ေပါင္း မ်ားစြာ”
ခုလိုသီဆိုေဖ်ာ္ေျဖမႈကိုေတာ့ ပဲခူးတကၠသိုလ္ရဲ႕ အာစရိယပူေဇာ္ပြဲအခမ္းအနားမွာ တပည့္ေက်ာင္းသား ၂ ေယာက္နဲ႔အတူ သီဆိုေဖ်ာ္ေျဖခဲ့တာ ျဖစ္ပါတယ္။

ဆရာမႀကီး ေဒၚခင္မာအုန္းဟာ မႏွစ္ကလည္း ႏိုင္ငံေက်ာ္ အဆိုေတာ္ႀကီး ဦးခ်စ္ေကာင္းရဲ႕ “ကိုယ္ေရးပုံတူ” သီခ်င္းကို အမိုက္စားသီဆိုခဲ့ၿပီး နာမည္ႀကီးခဲ့ပါေသးတယ္။

ခုလတ္တေလာ သီဆိုေဖ်ာ္ေျဖမႈ ႐ုပ္သံဗြီဒီယိုဖိုင္ကိုေတာ့ KyawZin Hein-Yarma အမည္နဲ႔ ေဖ့စ္ဘြတ္ခ္အသုံးျပဳသူ တပည့္တဦးက “က်ေနာ္တို႔ရဲ႕ ဒုတိယ အေမ နဲ႔ သီခ်င္းတပုဒ္ေလာက္ ေဖ်ာ္ေျဖပါရေစ” လို႔ ေရးသားၿပီး မွ်ေဝထားခဲ့တာပါ။

႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ ဆရာမႀကီးကို ပန္းကုံးစြပ္ဂုဏ္ျပဳသူေတြ၊ သေဘာက် ႏွစ္သက္ၾကတဲ့ တပည့္တပန္းေတြရဲ႕ ပုံရိပ္ေတြကိုပါ ေတြ႕ရၿပီး ျမဴးႂကြသြက္လက္တဲ့ ရက္ပ္စာသားေတြနဲ႔အတူ ေဖ်ာ္ေျဖေနခဲ့တာကို ရႈစားၾကရမွာ ျဖစ္ပါတယ္။

ေတးသံရွင္ စိုင္းစိုင္းခမ္းလႈိင္ကလည္း ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကို သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွတဆင့္ “Love this performance! What a cute one!” လို႔ ေရးသားၿပီး တဆင့္မွ်ေဝထားခဲ့ပါတယ္။

လက္ရွိမွာေတာ့ ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကို ဝင္ေရာက္ၾကည့္ရႈသူ ၂ သိန္းေက်ာ္ ရွိေနခဲ့ ၿပီး မွတ္ခ်က္ေရးသူ၊ ျပန္လည္မွ်ေဝသူေတြနဲ႔ ေရပန္းစားေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013