DVB Logo
Home
မြန်မာသတင်း
အင်းတော်ကြီးတွင် ဘိန်းဖြူ ၁၄၃၀ ဂရမ်ဖမ်းမိ
DVB
·
September 12, 2019
အင်းတော်ကြီးတွင် ဘိန်းဖြူ ၁၄၃၀ ဂရမ်ဖမ်းမိ
Donate to DVB

ကချင်ပြည်နယ် အင်းတော်ကြီးမြို့နယ် မိုင်းနောင်ကျေးရွာမှာ ဘိန်းဖြူအလေးချိန် ၁၄၃၀ ဂရမ်ထည့်ထားတဲ့ ဆပ်ပြာခွက် ၁၄၃ ခွက်ကို စက်တင်ဘာ ၁၁ ရက်မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။

စသတင်းအရ လုံးတုံရဲစခန်းမှုးနဲ့ နယ်ထိန်းအဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ မိုင်းနောင်ကျေးရွာ၊ ဆင်ဖြူကုန်းရပ်ကွက်က ဦးဝင်းဇော်နေအိမ်ကို သွားရောက်ရှာဖွေစဉ် နေအိမ်နောက် မီးဖိုအတွင်း  ဂျပ်ဖာအတွင်းထည့်ထားတဲ့ ဘိန်းဖြူတွေ ဖမ်းမိခဲ့တာပါ။

မှုးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ဦးဝင်းဇော်ကို ဒုရဲအုပ် ရဲနိုင်ဦးက တရားလိုလုပ်ပြီး လုံးတုံရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ၁၉ (က) နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

 သတင်း - မုန်းမုန်းမင်း




အင္းေတာ္ႀကီးတြင္ ဘိန္းျဖဴ ၁၄၃၀ ဂရမ္ဖမ္းမိ
DVB

ကခ်င္ျပည္နယ္ အင္းေတာ္ႀကီးၿမိဳ႕နယ္ မိုင္းေနာင္ေက်း႐ြာမွာ ဘိန္းျဖဴအေလးခ်ိန္ ၁၄၃၀ ဂရမ္ထည့္ထားတဲ့ ဆပ္ျပာခြက္ ၁၄၃ ခြက္ကို စက္တင္ဘာ ၁၁ ရက္မနက္ပိုင္းက ဖမ္းဆီးရမိခဲ့တယ္လို႔ မိုးညႇင္းရဲစခန္းက သိရပါတယ္။

စသတင္းအရ လုံးတုံရဲစခန္းမႈးနဲ႔ နယ္ထိန္းအဖြဲ႕ဝင္ေတြဟာ သက္ေသေတြနဲ႔အတူ မိုင္းေနာင္ေက်း႐ြာ၊ ဆင္ျဖဴကုန္းရပ္ကြက္က ဦးဝင္းေဇာ္ေနအိမ္ကို သြားေရာက္ရွာေဖြစဥ္ ေနအိမ္ေနာက္ မီးဖိုအတြင္း ဂ်ပ္ဖာအတြင္းထည့္ထားတဲ့ ဘိန္းျဖဴေတြ ဖမ္းမိခဲ့တာပါ။

မႈးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရွိသူ ဦးဝင္းေဇာ္ကို ဒုရဲအုပ္ ရဲႏိုင္ဦးက တရားလိုလုပ္ၿပီး လုံးတုံရဲစခန္းမွာ မူးယစ္ေဆးဝါးနဲ႔စိတ္ကိုေျပာင္းလဲေစေသာ ဥပေဒပုဒ္မ၁၉ (က) နဲ႔ ဖမ္းဆီးအမႈဖြင့္ထားတယ္လို႔ သိရပါတယ္။
သတင္း - မုန္းမုန္းမင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013