DVB Logo
Home
မြန်မာသတင်း
နမ္မချီကျောက်စိမ်းမှော်တွင် မြေစာပုံပြိုကျသဖြင့် ၁ ဦး သေဆုံး
DVB
·
September 12, 2019
နမ္မချီကျောက်စိမ်းမှော်တွင် မြေစာပုံပြိုကျသဖြင့် ၁ ဦး သေဆုံး
1 / 3
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မချီကျောက်စိမ်းမှော်မှာ စက်တင်ဘာ ၁၁ မနက်ပိုင်းက မြေစာပုံပြိုကျလို့  ရေမဆေးကျောက်ရှာသူတဦး သေဆုံးခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။ 

မိုးညှင်းပြည်သူ့ဆေးရုံကြီးမှာ အမျိုးသားအလောင်းတလောင်းရောက်ရှိနေကြောင်း သတင်းအရ မိုးညှင်းရဲစခန်းမမှ ဒုရဲအုပ်ဝင်းနိုင်ဌေး ဦးဆောင်တဲ့အဖွဲ့က သက်သေတွေနဲ့အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ သေဆုံးသူမှာ မိုးညှင်းရွာသစ်ကုန်းကျေးရွာနေ ကိုအောင်တင်ထွေး ၃၇ နှစ်ဖြစ်တယ်လို့ သိရပါတယ်။

ကိုအောင်တင်ထွေးဟာ နမ္မချီကျောက်စိမ်းမှော်နယ်မြေလုပ်ကွက် (၂) မှာ ရေမဆေးကျောက်ရှာဖွေစဉ် မြေစာပုံပြိုကျကာ ကျောက်တုံးပိမိပြီး ဒဏ်ရာရရှိခဲ့တာကြောင့် ရေမဆေးကျောက် ရှာဖွေသူတွေက နမ္မချီမှော် နာရေးကူညီမှုကားနဲ့ မိုးညှင်းဆေးရုံ ပို့ဆောင်စဉ် လမ်းမှာ သေဆုံးသွားခဲ့တာပါ။

ကိုအောင်တင်ထွေး  ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် မိုးညှင်းရဲစခန်းက သေမှုသေခင်းရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - မုန်းမုန်းမင်း 




နမၼခ်ီေက်ာက္စိမ္းေမွာ္တြင္ ေျမစာပုံၿပိဳက်သျဖင့္ ၁ ဦး ေသဆုံး
DVB
ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ နမၼခ်ီေက်ာက္စိမ္းေမွာ္မွာ စက္တင္ဘာ ၁၁ မနက္ပိုင္းက ေျမစာပုံၿပိဳက်လို႔ ေရမေဆးေက်ာက္ရွာသူတဦး ေသဆုံးခဲ့တယ္လို႔ မိုးညႇင္းရဲစခန္းက သိရပါတယ္။

မိုးညႇင္းျပည္သူ႔ေဆး႐ုံႀကီးမွာ အမ်ိဳးသားအေလာင္းတေလာင္းေရာက္ရွိေနေၾကာင္း သတင္းအရ မိုးညႇင္းရဲစခန္းမမွ ဒုရဲအုပ္ဝင္းႏိုင္ေဌး ဦးေဆာင္တဲ့အဖြဲ႕က သက္ေသေတြနဲ႔အတူ သြားေရာက္ၾကည့္ရႈစစ္ေဆးရာ ေသဆုံးသူမွာ မိုးညႇင္း႐ြာသစ္ကုန္းေက်း႐ြာေန ကိုေအာင္တင္ေထြး ၃၇ ႏွစ္ျဖစ္တယ္လို႔ သိရပါတယ္။

ကိုေအာင္တင္ေထြးဟာ နမၼခ်ီေက်ာက္စိမ္းေမွာ္နယ္ေျမလုပ္ကြက္ (၂) မွာ ေရမေဆးေက်ာက္ရွာေဖြစဥ္ ေျမစာပုံၿပိဳက်ကာ ေက်ာက္တုံးပိမိၿပီး ဒဏ္ရာရရွိခဲ့တာေၾကာင့္ ေရမေဆးေက်ာက္ ရွာေဖြသူေတြက နမၼခ်ီေမွာ္ နာေရးကူညီမႈကားနဲ႔ မိုးညႇင္းေဆး႐ုံ ပို႔ေဆာင္စဥ္ လမ္းမွာ ေသဆုံးသြားခဲ့တာပါ။

ကိုေအာင္တင္ေထြး ဓမၼတာအတိုင္းေသဆုံးျခင္း ဟုတ္မဟုတ္ မိုးညႇင္းရဲစခန္းက ေသမႈေသခင္းေရးဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။
သတင္း - မုန္းမုန္းမင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013