DVB Logo
Home
Lead Story
ငြီးငွေ့စရာစာသင်ခန်းကို ပျော်ရွှင်တက်ကြွစေအောင် သင်ကြားပေးတဲ့ အံ့ဖွယ်ထိုင်းကျောင်းဆရာ (ရုပ်သံ)
DVB
·
September 11, 2019
ငြီးငွေ့စရာစာသင်ခန်းကို ပျော်ရွှင်တက်ကြွစေအောင် သင်ကြားပေးတဲ့ အံ့ဖွယ်ထိုင်းကျောင်းဆရာ (ရုပ်သံ)
Donate to DVB

ငြီးငွေ့စရာကောင်းတဲ့ စာသင်ခန်းကို ပျော်ရွှင်တက်ကြွပြီး လေ့လာသင်ယူချင်အောင် စိတ်ခွန်အားပေးဖန်တီးပေးရတဲ့ အလုပ်ဟာ တကယ်တော့ မလွယ်ကူလှပါဘူး။

ဒါပေမယ့် ထိုင်းနိုင်ငံမှ အင်္ဂလိပ်ဘာသာသင် ကျောင်းဆရာ သီရာဖောင် မီးဆက်ကတော့ ဒါကို နည်းလမ်းတမျိုးနဲ့ ဖန်တီးခဲ့ပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ သူ့ကို တီချယ်ဘယ်လီလို့လည်း သိကြပြီး စာသင်ခန်းတွင်းမှာ ကလေးတွေကို မငြီးငွေ့စေဖို့ ထူးခြားတဲ့ အပြင်အဆင်တွေနဲ့ ဖျော်ဖြေသင်ကြားခဲ့တာဟာ တကယ့်ကို ချီးကျူးစရာ ဖြစ်နေခဲ့တာပါ။

မိတ်ကပ်အပြင်အဆင်၊ ရှည်လျားတဲ့ ငှက်တောင်မွေး မျက်တောင်တု၊ ဆံပင်တုတွေနဲ့ တီချယ် ဘယ်လီဟာ မြင်ရုံနဲ့တင် ကလေးတွေကို စိတ်ဝင်စားဖွယ် ဆွဲဆောင်ထားနိုင်ခဲ့တာပါ။

ထိုင်းကျောင်းသားကလေးငယ်တွေအဖို့ အင်္ဂလိပ်စာသင်ခန်းစာဟာ ငြီးငွေ့စရာဖြစ်ပြီး ခက်ခဲတဲ့ အသံထွက်တွေ၊ မှားယွင်းမှုတွေကြောင့် အတားအဆီးတခုလိုဖြစ်နေခဲ့တယ်လို့ သူက ဆိုပါတယ်။

“တချို့ကလေးတွေက ကြောက်ကြတယ်။ ဒါပေမယ့် ခုတော့ သူတို့ ပိုပိုပြီး စူး စမ်းသိချင်စိတ်တွေ ဖြစ်လာတယ်။ (အင်္ဂလိပ်စာ) အတန်းထဲမှာ ဘာတွေများ ဆက်ဖြစ် မလဲဆိုတာကို ပိုပြီးလေ့လာချင်စိတ်တွေ ဖြစ်လာတယ်။”

သူစာသင်ကြားနေတဲ့ ကျောင်းကတော့ ဘန်ကောက်မြို့မှ မိနစ် ၉၀ လောက် ကားမောင်းသွားရမယ့် အကွာအဝေးမှာ ရှိနေပြီး သူ့ရဲ့ လှုပ်ရှားဟန်၊ တက်ကြွတဲ့ လမ်း လျှောက်ဟန်၊ အပြင်အဆင်နဲ့ သင်ကြားပုံတွေဟာ စာသင်ခန်းထဲတင်မကတော့ပဲ အင် တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်အထိ ပျံ့နှံ့နေခဲ့ပြီ ဖြစ်ပါတယ်။

စင်ကာပူအခြေစိုက် ချန်နယ်နယူးစ်အေးရှ သတင်းနဲ့ အင်တာဗျူးမှာတော့ သူက ခုလိုဖြေကြားထားခဲ့တာကို တွေ့ရပါတယ်။

“ဒါတွေက တမင်ဖန်တီးတာမဟုတ်ပဲ တကယ်ကို တိုက်ဆိုင်သွားခဲ့တာပါ။ ကျောင်းကပွဲတခုမှာ ကျနော်ဖျော်ဖြေခဲ့ရပြီးနောက် တန်းပြီး စာသင်မယ့် အတန်းတတန်းကို ဆက်ယူခဲ့ရတယ်။ အဲဒီအချိန်မှာ ကျနော် မိတ်ကပ်တွေကို ဖျက်ဖို့ အချိန်မရခဲ့ဘဲ ဒီအတိုင်းပဲ မိတ်ကပ်တွေနဲ့ စာသင်ခန်းဝင်ခဲ့ရတယ်။”

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ခုချိန်မှာတော့ သင်ကြားရေး နည်းလမ်းတခုအဖြစ် ဆက်ပြီးတော့ အသုံးချနေပြီး နိုင်ငံခြားဘာသာစကားတခုအနေနဲ့ အခက်အခဲရှိတဲ့ စာသင်ခန်းမှာ ထိရောက်တဲ့ ရလဒ်တခုဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က နိုင်ငံတကာ ပညာရေးအဖွဲ့အစည်းတခုဖြစ်တဲ့ EF Education First အဖွဲ့ရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုဆိုင်ရာ အညွှန်းကိန်းအဆင့်သတ်မှတ်ချက်အရ နိုင်ငံပေါင်း ၈၈ နိုင်ငံမှာ ထိုင်းနိုင်ငံက အဆင့် ၆၄ နေရာမှာ ရှိနေပြီး အင်္ဂလိပ်စာအရည်အသွေး နိမ့်ကျတဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေခဲ့တာပါ။

အဲဒီစာရင်းအရ မြန်မာနိုင်ငံက အဆင့် ၈၂၊ ကမ္ဘောဒီးယားနိုင်ငံက အဆင့် ၈၅ အသီးသီးရှိနေပြီး တခြားအာဆီယမ်နိုင်ငံတွေဖြစ်ကြတဲ့ စင်ကာပူကတော့ အဆင့် ၃၊ ဖိလစ်ပိုင်နိုင်ငံက အဆင့် ၁၄၊ မလေးရှားနိုင်ငံက အဆင့် ၂၂၊ ဗီယက်နမ်နိုင်ငံက အဆင့် ၄၁ နဲ့ အင်ဒိုနီးရှားနိုင်ငံက အဆင့် ၅၁ တွေနဲ့ အသီးသီး ရပ်တည်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တီချယ်ဘေလီရဲ့ စာသင်ခန်းလေးထဲမှာတော့ ထူးခြားဆန်းပြားတဲ့ စိတ်ဝင်စားစရာ အသွင်အပြင်၊ သင်ကြားမှုတွေနဲ့အတူ လှုပ်ရှားတက်ကြွလို့နေပါတယ်။




ၿငီးေငြ႕စရာစာသင္ခန္းကို ေပ်ာ္႐ႊင္တက္ႂကြေစေအာင္ သင္ၾကားေပးတဲ့ အံ့ဖြယ္ထိုင္းေက်ာင္းဆရာ (႐ုပ္သံ)

(ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ)

DVB

ၿငီးေငြ႕စရာေကာင္းတဲ့ စာသင္ခန္းကို ေပ်ာ္႐ႊင္တက္ႂကြၿပီး ေလ့လာသင္ယူခ်င္ေအာင္ စိတ္ခြန္အားေပးဖန္တီးေပးရတဲ့ အလုပ္ဟာ တကယ္ေတာ့ မလြယ္ကူလွပါဘူး။

ဒါေပမယ့္ ထိုင္းႏိုင္ငံမွ အဂၤလိပ္ဘာသာသင္ ေက်ာင္းဆရာ သီရာေဖာင္ မီးဆက္ကေတာ့ ဒါကို နည္းလမ္းတမ်ိဳးနဲ႔ ဖန္တီးခဲ့ၿပီး အင္တာနက္စာမ်က္ႏွာေတြေပၚမွာ ေရပန္းစားေနခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ သူ႔ကို တီခ်ယ္ဘယ္လီလို႔လည္း သိၾကၿပီး စာသင္ခန္းတြင္းမွာ ကေလးေတြကို မၿငီးေငြ႕ေစဖို႔ ထူးျခားတဲ့ အျပင္အဆင္ေတြနဲ႔ ေဖ်ာ္ေျဖသင္ၾကားခဲ့တာဟာ တကယ့္ကို ခ်ီးက်ဴးစရာ ျဖစ္ေနခဲ့တာပါ။

မိတ္ကပ္အျပင္အဆင္၊ ရွည္လ်ားတဲ့ ငွက္ေတာင္ေမြး မ်က္ေတာင္တု၊ ဆံပင္တုေတြနဲ႔ တီခ်ယ္ ဘယ္လီဟာ ျမင္႐ုံနဲ႔တင္ ကေလးေတြကို စိတ္ဝင္စားဖြယ္ ဆြဲေဆာင္ထားႏိုင္ခဲ့တာပါ။

ထိုင္းေက်ာင္းသားကေလးငယ္ေတြအဖို႔ အဂၤလိပ္စာသင္ခန္းစာဟာ ၿငီးေငြ႕စရာျဖစ္ၿပီး ခက္ခဲတဲ့ အသံထြက္ေတြ၊ မွားယြင္းမႈေတြေၾကာင့္ အတားအဆီးတခုလိုျဖစ္ေနခဲ့တယ္လို႔ သူက ဆိုပါတယ္။

“တခ်ိဳ႕ကေလးေတြက ေၾကာက္ၾကတယ္။ ဒါေပမယ့္ ခုေတာ့ သူတို႔ ပိုပိုၿပီး စူး စမ္းသိခ်င္စိတ္ေတြ ျဖစ္လာတယ္။ (အဂၤလိပ္စာ) အတန္းထဲမွာ ဘာေတြမ်ား ဆက္ျဖစ္ မလဲဆိုတာကို ပိုၿပီးေလ့လာခ်င္စိတ္ေတြ ျဖစ္လာတယ္။”

သူစာသင္ၾကားေနတဲ့ ေက်ာင္းကေတာ့ ဘန္ေကာက္ၿမိဳ႕မွ မိနစ္ ၉၀ ေလာက္ ကားေမာင္းသြားရမယ့္ အကြာအေဝးမွာ ရွိေနၿပီး သူ႔ရဲ႕ လႈပ္ရွားဟန္၊ တက္ႂကြတဲ့ လမ္း ေလွ်ာက္ဟန္၊ အျပင္အဆင္နဲ႔ သင္ၾကားပုံေတြဟာ စာသင္ခန္းထဲတင္မကေတာ့ပဲ အင္ တာနက္လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚအထိ ပ်ံ႕ႏွံ႔ေနခဲ့ၿပီ ျဖစ္ပါတယ္။

စင္ကာပူအေျခစိုက္ ခ်န္နယ္နယူးစ္ေအးရွ သတင္းနဲ႔ အင္တာဗ်ဴးမွာေတာ့ သူက ခုလိုေျဖၾကားထားခဲ့တာကို ေတြ႕ရပါတယ္။

“ဒါေတြက တမင္ဖန္တီးတာမဟုတ္ပဲ တကယ္ကို တိုက္ဆိုင္သြားခဲ့တာပါ။ ေက်ာင္းကပြဲတခုမွာ က်ေနာ္ေဖ်ာ္ေျဖခဲ့ရၿပီးေနာက္ တန္းၿပီး စာသင္မယ့္ အတန္းတတန္းကို ဆက္ယူခဲ့ရတယ္။ အဲဒီအခ်ိန္မွာ က်ေနာ္ မိတ္ကပ္ေတြကို ဖ်က္ဖို႔ အခ်ိန္မရခဲ့ဘဲ ဒီအတိုင္းပဲ မိတ္ကပ္ေတြနဲ႔ စာသင္ခန္းဝင္ခဲ့ရတယ္။”

ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ ခုခ်ိန္မွာေတာ့ သင္ၾကားေရး နည္းလမ္းတခုအျဖစ္ ဆက္ၿပီးေတာ့ အသုံးခ်ေနၿပီး ႏိုင္ငံျခားဘာသာစကားတခုအေနနဲ႔ အခက္အခဲရွိတဲ့ စာသင္ခန္းမွာ ထိေရာက္တဲ့ ရလဒ္တခုျဖစ္လာခဲ့တာပါ။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္က ႏိုင္ငံတကာ ပညာေရးအဖြဲ႕အစည္းတခုျဖစ္တဲ့ EF Education First အဖြဲ႕ရဲ႕ အဂၤလိပ္စာကြၽမ္းက်င္မႈဆိုင္ရာ အၫႊန္းကိန္းအဆင့္သတ္မွတ္ခ်က္အရ ႏိုင္ငံေပါင္း ၈၈ ႏိုင္ငံမွာ ထိုင္းႏိုင္ငံက အဆင့္ ၆၄ ေနရာမွာ ရွိေနၿပီး အဂၤလိပ္စာအရည္အေသြး နိမ့္က်တဲ့ ႏိုင္ငံစာရင္းမွာ ပါဝင္ေနခဲ့တာပါ။

အဲဒီစာရင္းအရ ျမန္မာႏိုင္ငံက အဆင့္ ၈၂၊ ကေမာၻဒီးယားႏိုင္ငံက အဆင့္ ၈၅ အသီးသီးရွိေနၿပီး တျခားအာဆီယမ္ႏိုင္ငံေတြျဖစ္ၾကတဲ့ စင္ကာပူကေတာ့ အဆင့္ ၃၊ ဖိလစ္ပိုင္ႏိုင္ငံက အဆင့္ ၁၄၊ မေလးရွားႏိုင္ငံက အဆင့္ ၂၂၊ ဗီယက္နမ္ႏိုင္ငံက အဆင့္ ၄၁ နဲ႔ အင္ဒိုနီးရွားႏိုင္ငံက အဆင့္ ၅၁ ေတြနဲ႔ အသီးသီး ရပ္တည္ေနၾကတာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ တီခ်ယ္ေဘလီရဲ႕ စာသင္ခန္းေလးထဲမွာေတာ့ ထူးျခားဆန္းျပားတဲ့ စိတ္ဝင္စားစရာ အသြင္အျပင္၊ သင္ၾကားမႈေတြနဲ႔အတူ လႈပ္ရွားတက္ႂကြလို႔ေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013