DVB Logo
Home
မေးမြန်းခန်း
၂၀၁၃ ကို နိုင်ငံသားအားလုံး သတိနှင့်ယှဉ်ပြီး ဖြတ်သန်းရမည် – စံဇာဏီဘို
DVB
·
December 24, 2012
Donate to DVB

လာမယ့် ၂၀၁၃ ခုနှစ်ဟာ နိုင်ငံသားအားလုံး သတိနဲ့ယှဉ်ပြီး ဖြတ်သန်းရမယ့် နှစ်တနှစ် ဖြစ်တယ်လို့ နက္ခတ္တပညာရှင် စံဇာဏီဘိုက ဟောကိန်းထုတ်လိုက်ပါတယ်။ ကုန်သည်နဲ့ စီးပွားသမားတွေ အထူးသတိရှိဖို့ လိုမယ်။ လူတိုင်း လူတိုင်းဟာလည်း စိတ်အပြောင်းအလဲတွေဖြစ်မယ်၊ စိတ်သဘာဝကို ထိန်းချုပ်ကြရမယ်လို့လည်း ဆိုပါတယ်။ တခါ ၂၀၁၃ ခုနှစ်အတွင်း နေကြတ်၊ လကြတ်တာ ၅ ကြိမ် ဖြစ်ပေါ်ဖို့ရှိပြီး၊ အဲ့ဒီအချိန်တွေမှာ ထွက်ပေါ်လာမယ့် ဥပဒေနဲ့ နည်းဥပဒေတွေဟာ လူတွေကို ကသောင်းကနင်း ဖြစ်စေလိမ့်မယ်လို့လည်း ဆရာ စံဇာဏီဘိုက ပြောပါတယ်။

စံဇာဏီဘိုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

၂၀၁၃မှာ ဖြစ်မယ့်ဖြစ်ရပ်တွေကတော့ ကောင်းသောဖြစ်ရပ်တွေလည်း ဖြစ်မှာပါ။ ဒါပေမယ့် ရာဟုဂြိုဟ် တူရာသီမှာ တည်ဆဲကာလမှာ ပါပဂြိုဟ်နဲ့ ရာဟုဂြိုဟ်တွေပေါင်းရင်  မကောင်းတာတွေဖြစ်မယ်။ ဘေးဥပဒ်အန္တရာယ် ကပ်ဆိုးတွေဖြစ်မယ်ဆိုတာ သတိနည်းနည်းရှိရမယ်။ နောက် ရာဟုဂြိုဟ် တူရာသီမှာရှိဆဲကာလမှာ နေကြတ်လကြတ်ရက်တွေနဲ့ ကြုံရင် ကုန်သည်ရောင်းဝယ်စီးပွားသမားတို့ စိတ်အနှောင့်အယှက်ဖြစ်တတ်တယ်လို့ ဆိုတယ်။ နေကြတ် လကြတ်ခြင်းတွေက ဧပြီ ၂၆ မှာ လကြတ်မယ်။ မေလ ၁၀ ရက်နေ့မှာ နေကြတ်မယ်။ မေ ၂၅ မှာ လကြတ်မယ်။ အောက်တိုဘာ ၁၉ ရက်နေ့မှာ လကြတ်မယ်။ နိုဝင်ဘာ ၃ ရက်မှာ နေကြတ်မယ်။ ဒါမျိုး နေကြတ် လကြတ် ၂၀၁၃ ထဲမှာ ၅ ကြိမ်ရှိတော့ အဲ့ ၅ နေရာကို ပြန်တွက်လိုက်ရင် ဧပြီနောက်ဆုံးပတ် မေ ၁ လလုံး၊ အောက်တိုဘာနောက်ဆုံးပတ်နဲ့ နိုဝင်ဘာလတွေမှာ ဘယ်လိုဥပဒေသတွေထွက်ပြီး လုပ်နေတဲ့ ကုန်သည်တွေစီးပွားတွေ လယ်စီးပွားလုပ်တဲ့သူတွေ ဘယ်လိုအန္တရာယ်ရှိမလဲဆိုတာတော့ စဉ်းစားလို့မရသေးဘူး။ ဒါပေမယ့် အဲဒါမကောင်းဘူး။  ပေါ်ထွက်လာတဲ့ နည်းဥပဒေတွေ ပုံစံဥပဒေသတွေက လုပ်ရင်းကိုင်ရင်းလုပ်နေသူတွေကို ကသောင်းကနင်းဖြစ်စေမယ့် သဘောမျိုး ဖြစ်သွားနိုင်တယ်။ အခုတမျိုး တော်ကြာတမျိုးဆိုတဲ့ သဘာဝမျိုး ဖြစ်နိုင်တယ် လကြတ်ခြင်း နေကြတ်ခြင်းကြောင့်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ အပြောင်းအလဲကတော့ အကုန်လုံးက အသစ်ပြန်ပြောင်းလဲနေတယ်။ ပုံစံအသစ်တွေ ပြန်လာလိမ့်မယ်။ လူတွေရဲ မကျေနပ်မှုအပေါ် ပြောဆိုခြင်း၊ လှစ်ဟခြင်းတွေကတော့ တနလာင်္ဂြိုဟ် ၁၀ ဒီဂရီစောင်းနေတာက လူတွေကို စတိဒေါသထွက်စေတယ်။ အရာရာအပေါ် အလွယ်တကူ စိတ်မြန်လက်မြန်လုပ်ခြင်း။ လူတွေရဲ့သဘာဝ စိတ်တိုစိတ်လှုပ်ရှားလွယ်မယ်။ ခါတိုင်းလိုတော့ ငြိမ်ခံကြမှာမဟုတ်ဘူး။ တနလာင်္ဂြိုဟ်ပြောင်းတဲ့အတွက် စိတ်ကူးဆန်းတွေ အတွေးသစ်တွေပေါ်မယ်။ စီးပွားရေးရာတွေမှာ အတွေးကြံအသစ်တွေနဲ့ သွားကြမယ့်လူတွေလည်း ပေါ်ပေါက်လာမယ်။”

နိုင်ငံတော်ကိုခေါင်းဆောင်နေတဲ့ ခေါင်းဆောင်တွေရဲ့ အနေအထားရော ဘယ်လိုတွေ့ရပါလဲ။

“ဘယ်အဆင့်ကို ပြောရမလဲတောင်မသိပါဘူး။ ပြည်ထောင်စုအဆင့်မှာတော့ သူတို့ လုပ်ရေးလုပ်ကိုင်ခွင့်တွေက ဘာမှ သိပ်ထင်ထင်ရှားရှား မရှိလာပါဘူး။ နောက် ပြည်ထောင်စုအဆင့်ပြီးတော့ တိုင်းနဲ့ဝန်ကြီးချုပ်အဆင့်တွေမှာလည်း သိပ်ပြီးတော့ ထူးထူခြားခြား လှုပ်ရှားမှုတွေ ထင်ထင်ရှားရှား မရှိပါဘူး။ နောက် လွှတ်တော်တွင်းမှာရှိတဲ့ အမတ်တွေရဲ့ လှုပ်ရှားမှုက ပိုမိုပြီး အခြေအနေကောင်းလာနိုင်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို မျှော်လင့်လို့တော့ ရတယ်။ သွေးထွက်သံယိုကတော့ လွှမ်းနေတာတော့ ရှိနေဆဲဖြစ်တယ်။”

သဘာဝဘေးကြီးကြီးမားမားရင်ဆိုင်ရဖို့ ရှိလား။

“သဘာဝဘေးများပြားမယ်။ နည်းနည်း ဂရုစိုက်ရမယ်။”

ဘယ်လိုမျိုး များမလဲ။

“နေနဲ့လရဲ့ သဘာဝလမ်းကြောင်း ရွှေ့ပြောင်းမှုဟာ ငလျင်နဲ့ရေဘေးအန္တရာယ်၊ လေမုန်တိုင်းအန္တရာယ် အလုံးစုံတော့ သတိထားရမယ်။”

၂၀၁၃ ချုပ်ပြောရင်။

“ငလျင်အန္တရာယ်ကို သတိထားရမယ်။ ကုန်သွယ်စီးပွားတွေမှာ နည်းနည်းသတိရှိရမယ်။ အလုပ်လုပ်ကိုင်သူတွေအားလုံးမှာလည်း စိတ်အပြောင်းအလဲတွေရှိမယ်။ စိတ်သဘာဝကို ထိန်းချုပ်ရမယ့် နှစ်တခုဖြစ်လို့ ၂၀၁၃ ကိုတော့ အားလုံးသတိနဲ့ ယှဉ်ပြီး ဖြတ်သန်းရမယ့် နှစ်တခုဖြစ်တယ်လို့ သတ်မှတ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013