DVB Logo
Home
မြန်မာသတင်း
ရော့ခ်အဆိုတော် ရင်ဂို၏ FG Live Lounge တကိုယ်တော်တေးဂီတဖျော်ဖြေပွဲ ကျင်းပမည်(ရုပ်သံ)
DVB
·
September 11, 2019
ရော့ခ်အဆိုတော် ရင်ဂို၏ FG Live Lounge တကိုယ်တော်တေးဂီတဖျော်ဖြေပွဲ ကျင်းပမည်(ရုပ်သံ)
Donate to DVB

ရော့ခ်သီချင်းတွေနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အားပေးမှုတွေ ရရှိခဲ့တဲ့ ဝါရင့်နာမည်ကြီး အဆိုတော် ရင်ဂိုရဲ့ တကိုယ်တော်တေးဂီတ ဖျော်ဖြေပွဲကို လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့ ကျင်းပဖို့ ရှိနေပါတယ်။

ဒီအစီအစဉ်ကတော့ FG Live Lounge အမည်နဲ့ အပတ်စဉ် စနေနေ့တိုင်း နာမည်ကြီး တေးသံရှင်တွေနဲ့ ဖျော်ဖြေပွဲအဖြစ် ပြုလုပ်လာခဲ့တာဖြစ်ပြီး ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းမပေါ်က ရေကူးစတူဒီယိုမှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အခုတပတ်မှာတော့ ဂီတလောကမှာ ဆယ်စုနှစ်နဲ့ချီ ပရိသတ်တွေ အားပေးမှု အခိုင်အမာ ရရှိထားတဲ့ ရင်ဂိုရဲ့ သီဆိုဖျော်ဖြေမှုကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

ရင်ဂိုဟာ မြန်မာသံသီချင်းတွေရော၊ အပြင်းစား ရော့ခ်သီချင်းတွေနဲ့ပါ ပရိသတ်ကို ဖမ်းစားထားနိုင်တဲ့ တေးသံရှင်တဦးဖြစ်ပါတယ်။

ကံကောင်းခြင်းလက်ဆောင် တကိုယ်တော် တေးအယ်လ်ဘမ်နဲ့ ဂီတလောကကို ဝင်ရောက်လာခဲ့တဲ့ ရင်ဂိုဟာ လက်ရှိအချိန်ထိ တေးသီချင်းတွေ သီဆိုဖျော်ဖြေနေဆဲ ဖြစ်ပြီး သူ့ရဲ့ ရင်သွေး ၂ ဦးဖြစ်တဲ့ ကျားပေါက်နဲ့ ဟန်နေလွင်လွင်တို့ဟာလည်း ဂီတလောကမှာ နေရာတနေရာစီ ရရှိနေကြသူတွေ ဖြစ်ကြပါတယ်။

အခုကျင်းပမယ့် ဖျော်ဖြေပွဲမှာလည်း ကျားပေါက်နဲ့ ဟန်နေလွင်လွင်တို့ဟာ အထူးဧည့်သည်တော်တွေအနေနဲ့ ဖခင်ဖြစ်သူနဲ့အတူ ပါဝင်ဖျော်ဖြေသွားဖို့ ရှိနေတာပါ။

လာမယ့် စနေနေ့မှာ ကျင်းပမယ့် ရင်ဂိုရဲ့ တကိုယ်တော် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးချင်တဲ့ ပရိသတ်တွေအနေနဲ့ လက်မှတ်တွေကို ကျပ် ၁၅၀၀၀ နဲ့ ဝယ် ယူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေရာ့ခ္အဆိုေတာ္ ရင္ဂို၏ FG Live Lounge တကိုယ္ေတာ္ေတးဂီတေဖ်ာ္ေျဖပြဲ က်င္းပမည္(႐ုပ္သံ)

ေရာ့ခ္သီခ်င္းေတြနဲ႔ ပရိသတ္ေတြၾကားမွာ ေရပန္းစားၿပီး အားေပးမႈေတြ ရရွိခဲ့တဲ့ ဝါရင့္နာမည္ႀကီး အဆိုေတာ္ ရင္ဂိုရဲ႕ တကိုယ္ေတာ္ေတးဂီတ ေဖ်ာ္ေျဖပြဲကို လာမယ့္ စက္တင္ဘာ ၁၄ ရက္ေန႔ က်င္းပဖို႔ ရွိေနပါတယ္။

ဒီအစီအစဥ္ကေတာ့ FG Live Lounge အမည္နဲ႔ အပတ္စဥ္ စေနေန႔တိုင္း နာမည္ႀကီး ေတးသံရွင္ေတြနဲ႔ ေဖ်ာ္ေျဖပြဲအျဖစ္ ျပဳလုပ္လာခဲ့တာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕၊ ေဝဇယႏၲာလမ္းမေပၚက ေရကူးစတူဒီယိုမွာ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။

အခုတပတ္မွာေတာ့ ဂီတေလာကမွာ ဆယ္စုႏွစ္နဲ႔ခ်ီ ပရိသတ္ေတြ အားေပးမႈ အခိုင္အမာ ရရွိထားတဲ့ ရင္ဂိုရဲ႕ သီဆိုေဖ်ာ္ေျဖမႈကို ပရိသတ္ေတြက ခံစားနားဆင္ၾကရမွာ ျဖစ္ပါတယ္။

ရင္ဂိုဟာ ျမန္မာသံသီခ်င္းေတြေရာ၊ အျပင္းစား ေရာ့ခ္သီခ်င္းေတြနဲ႔ပါ ပရိသတ္ကို ဖမ္းစားထားႏိုင္တဲ့ ေတးသံရွင္တဦးျဖစ္ပါတယ္။

ကံေကာင္းျခင္းလက္ေဆာင္ တကိုယ္ေတာ္ ေတးအယ္လ္ဘမ္နဲ႔ ဂီတေလာကကို ဝင္ေရာက္လာခဲ့တဲ့ ရင္ဂိုဟာ လက္ရွိအခ်ိန္ထိ ေတးသီခ်င္းေတြ သီဆိုေဖ်ာ္ေျဖေနဆဲ ျဖစ္ၿပီး သူ႔ရဲ႕ ရင္ေသြး ၂ ဦးျဖစ္တဲ့ က်ားေပါက္နဲ႔ ဟန္ေနလြင္လြင္တို႔ဟာလည္း ဂီတေလာကမွာ ေနရာတေနရာစီ ရရွိေနၾကသူေတြ ျဖစ္ၾကပါတယ္။

အခုက်င္းပမယ့္ ေဖ်ာ္ေျဖပြဲမွာလည္း က်ားေပါက္နဲ႔ ဟန္ေနလြင္လြင္တို႔ဟာ အထူးဧည့္သည္ေတာ္ေတြအေနနဲ႔ ဖခင္ျဖစ္သူနဲ႔အတူ ပါဝင္ေဖ်ာ္ေျဖသြားဖို႔ ရွိေနတာပါ။

လာမယ့္ စေနေန႔မွာ က်င္းပမယ့္ ရင္ဂိုရဲ႕ တကိုယ္ေတာ္ သီဆိုေဖ်ာ္ေျဖမႈကို ၾကည့္ရႈအားေပးခ်င္တဲ့ ပရိသတ္ေတြအေနနဲ႔ လက္မွတ္ေတြကို က်ပ္ ၁၅၀၀၀ နဲ႔ ဝယ္ ယူၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013