DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာနှင့်ဂျပန်အသင်းတို့ပွဲစဉ်တွင် ပရိသတ်တဦး ကွင်းတွင်းဝင်ရောက် (ရုပ်သံ)
DVB
·
September 11, 2019
ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာနှင့်ဂျပန်အသင်းတို့ပွဲစဉ်တွင် ပရိသတ်တဦး ကွင်းတွင်းဝင်ရောက် (ရုပ်သံ)
Donate to DVB

ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းမှာ နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ ဂျပန်အသင်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အတွင်း ပရိသတ်တဦး ကွင်းထဲ ဝင်ရောက်ခဲ့ပါတယ်။

ပထမပိုင်း မိနစ် ၃၀ ကျော်လောက်မှာ အင်္ကျီချွတ်ထားတဲ့ ပရိသတ်တဦး ဝင်ရောက်ခဲ့တာဖြစ်ပြီး မြန်မာကစားသမားတွေနဲ့ ကွင်းလုံခြုံရေးတွေက ကွင်းပြင်ကို ပြန်လည် ခေါ်ထုတ်ခဲ့ရပါတယ်။

မနေ့ညက ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအက်ဖ် ခြေစစ်ပွဲစဉ်မှာတော့ အိမ်ရှင်မြန်မာအသင်းက ဂျပန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မြန်မာအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအက်ဖ်မှာ ဂျပန်နဲ့ မွန်ဂိုးလီးယားတို့ကို ရှုံးနိမ့်ထားပါတယ်။ မြန်မာအသင်းဟာ အုပ်စုတွင်းမှာ တာဂျစ်စတန်၊ ကာဂျစ်စတန်တို့နဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲကို အိမ်ကွင်း အဝေးကွင်း စနစ်နဲ့ ယှဉ်ပြိုင်ကစားနေတာပါ။




Zawgyi Version

ကမာၻ႔ဖလား ေျခစစ္ပြဲ ျမန္မာႏွင့္ဂ်ပန္အသင္းတို႔ပြဲစဥ္တြင္ ပရိသတ္တဦး ကြင္းတြင္းဝင္ေရာက္ (႐ုပ္သံ)

ရန္ကုန္ၿမိဳ႕ သုဝဏၰေဘာလုံးကြင္းမွာ ေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ျမန္မာအသင္းနဲ႔ ဂ်ပန္အသင္းတို႔ ကမာၻ႔ဖလား ေျခစစ္ပြဲစဥ္အတြင္း ပရိသတ္တဦး ကြင္းထဲ ဝင္ေရာက္ခဲ့ပါတယ္။

ပထမပိုင္း မိနစ္ ၃၀ ေက်ာ္ေလာက္မွာ အက်ႌခြၽတ္ထားတဲ့ ပရိသတ္တဦး ဝင္ေရာက္ခဲ့တာျဖစ္ၿပီး ျမန္မာကစားသမားေတြနဲ႔ ကြင္းလုံၿခဳံေရးေတြက ကြင္းျပင္ကို ျပန္လည္ ေခၚထုတ္ခဲ့ရပါတယ္။

မေန႔ညက ကမာၻ႔ဖလားေျခစစ္ပြဲ အုပ္စုအက္ဖ္ ေျခစစ္ပြဲစဥ္မွာေတာ့ အိမ္ရွင္ျမန္မာအသင္းက ဂ်ပန္အသင္းကို ၂ ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

ျမန္မာအသင္းဟာ ကမာၻ႔ဖလားေျခစစ္ပြဲ အုပ္စုအက္ဖ္မွာ ဂ်ပန္နဲ႔ မြန္ဂိုးလီးယားတို႔ကို ရႈံးနိမ့္ထားပါတယ္။ ျမန္မာအသင္းဟာ အုပ္စုတြင္းမွာ တာဂ်စ္စတန္၊ ကာဂ်စ္စတန္တို႔နဲ႔ ဆက္လက္ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။
ကမာၻ႔ဖလားေျခစစ္ပြဲကို အိမ္ကြင္း အေဝးကြင္း စနစ္နဲ႔ ယွဥ္ၿပိဳင္ကစားေနတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013