DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် အေအေတပ်ဖွဲ့ဝင်ဟု ယူဆရသူ ၄ ဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိ
DVB
·
September 11, 2019
မန္တလေးတွင် အေအေတပ်ဖွဲ့ဝင်ဟု ယူဆရသူ ၄ ဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိ
Donate to DVB

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ် ၅ ရပ်ကွက် လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တလုံးမှာ ဖောက်ခွဲရေး ပစ္စည်းတွေ၊ ယမ်းတွေ ဆက်သွယ်ရေးပစ္စည်းတွေနဲ့အတူ အေအေတပ်ဖွဲ့၀င်လို့ ယူဆရသူ ၄ ဦးကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ ယာယီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းနိုင်က ပြောပါတယ်။

အဲဒီနေအိမ်ကို သတင်းအရ သွားရောက် ရှာဖွေခဲ့တာဖြစ်ပြီး ဖိုးကျော်၊ အောင်လင်းထက်၊ ဦးမြတ်ခိုင်တို့ကို ကနဦး တွေ့ရှိခဲ့ပြီး သူတို့ကို  စစ်ဆေးမှုတွေ လုပ်နေတဲ့အချိန် ချမ်းငြိမ်း ရောက်လာတဲ့အတွက် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ 

သူတို့နဲ့အတူ Satellite Phone (အသစ်) အလုံး (၄၀)၊ မှန်ပြောင်း အခု (၃၀)၊ ယမ်းတုံးအထုပ် (၂၈) ထုပ်၊ ဖောက်ခွဲရာမှာ အသုံးပြုတဲ့ ဒီတိုနီတာ ၁၀၀ ထုပ်ပါ (၁၀) ခု၊ ဆာလာအိတ်နဲ့ ထည့်ထားတဲ့ ယမ်းဖြူ ၅ အိတ် စတာတွေကို တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးထားတဲ့ ၄ ဦးကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (ဈ)/၅၁ (ဂ) တို့နဲ့ အမှုဖွင့်အရေးယူသွားမယ်လို့ သိရပါတယ်။ 

မန္တလေးမြို့မှာ လုံခြုံရေးအနေနဲ့ လှည့်ကင်း၊ ပတ်ကင်း၊ ဝပ်ကင်းတွေအပြင် မြို့ဝင် ဂိတ်တွေမှာလည်း စစ်ဆေးရေးလုပ်ငန်းတွေ ရှောက်တခင် ပြုလုပ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

သတင်း - နိုင်လင်းဦး




မႏၲေလးတြင္ ေအေအတပ္ဖြဲ႕ဝင္ဟု ယူဆရသူ ၄ ဦးကို ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ ဖမ္းမိ
DVB
မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၿမိဳ႕သစ္ ၅ ရပ္ကြက္ လမ္း ၇၀၊ ဒႆနလမ္းရွိ ေနအိမ္တလုံးမွာ ေဖာက္ခြဲေရး ပစၥည္းေတြ၊ ယမ္းေတြ ဆက္သြယ္ေရးပစၥည္းေတြနဲ႔အတူ ေအေအတပ္ဖြဲ႕၀င္လို႔ ယူဆရသူ ၄ ဦးကို မေန႔က ဖမ္းဆီးရမိခဲ့တယ္လို႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ ယာယီၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉး ေဇာ္ဝင္းႏိုင္က ေျပာပါတယ္။

အဲဒီေနအိမ္ကို သတင္းအရ သြားေရာက္ ရွာေဖြခဲ့တာျဖစ္ၿပီး ဖိုးေက်ာ္၊ ေအာင္လင္းထက္၊ ဦးျမတ္ခိုင္တို႔ကို ကနဦး ေတြ႕ရွိခဲ့ၿပီး သူတို႔ကို စစ္ေဆးမႈေတြ လုပ္ေနတဲ့အခ်ိန္ ခ်မ္းၿငိမ္း ေရာက္လာတဲ့အတြက္ ဖမ္းဆီးရမိခဲ့တာလို႔ ဆိုပါတယ္။

သူတို႔နဲ႔အတူ Satellite Phone (အသစ္) အလုံး (၄၀)၊ မွန္ေျပာင္း အခု (၃၀)၊ ယမ္းတုံးအထုပ္ (၂၈) ထုပ္၊ ေဖာက္ခြဲရာမွာ အသုံးျပဳတဲ့ ဒီတိုနီတာ ၁၀၀ ထုပ္ပါ (၁၀) ခု၊ ဆာလာအိတ္နဲ႔ ထည့္ထားတဲ့ ယမ္းျဖဴ ၅ အိတ္ စတာေတြကို ေတြ႕ရွိသိမ္းဆည္းခဲ့တယ္လို႔ ဆိုပါတယ္။

ဖမ္းဆီးထားတဲ့ ၄ ဦးကို အၾကမ္းဖက္ဥပေဒ ပုဒ္မ ၅၀ (ဈ)/၅၁ (ဂ) တို႔နဲ႔ အမႈဖြင့္အေရးယူသြားမယ္လို႔ သိရပါတယ္။

မႏၲေလးၿမိဳ႕မွာ လုံၿခဳံေရးအေနနဲ႔ လွည့္ကင္း၊ ပတ္ကင္း၊ ဝပ္ကင္းေတြအျပင္ ၿမိဳ႕ဝင္ ဂိတ္ေတြမွာလည္း စစ္ေဆးေရးလုပ္ငန္းေတြ ေရွာက္တခင္ ျပဳလုပ္တာေတြ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013