DVB Logo
Home
မြန်မာသတင်း
ကရင်နီလူငယ် ၆ ဦးကို ရုံးထုတ်၊ ခံပြသက်သေ ၂ ဦးအား စစ်ဆေး
DVB
·
September 10, 2019
ကရင်နီလူငယ် ၆ ဦးကို ရုံးထုတ်၊ ခံပြသက်သေ ၂ ဦးအား စစ်ဆေး
Donate to DVB

ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ တရားစွဲခံထားရတဲ့ ကရင်နီ လူငယ် ၆ ဦးကို ဒီကနေ့ လွိုင်ကော်မြို့နယ်တရားရုံးမှာ ၁၁ ကြိမ်​​မြောက်​ရုံးထုတ်​ခဲ့ပြီး ခံပြသက်သေဖြစ်တဲ့  ခူးကြူးဖဲ​ကေး(ခ)ဂူးဂူးနဲ့ ခွန်းသောမတ်တို့ကို စစ်ဆေးခဲ့ပါတယ်။ 

လူငယ် ၆ ဦးကို ဩဂုတ် ၂၆ ရက်နေ့က နိုင်လွတ်လုံပုဒ်မနဲ့ စွဲချက်တင်ပြီးနောက်ပိုင်း လူငယ်တွေဘက်က ခံပြသက်သေတွေနဲ့ အမှုဆက်လက်ရင်ဆိုင်နေရတာပါ။ 

နိုင်ငံသားဆိုင်ရာအခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အအရေး ချိုးဖောက်ခံရမှု ပေါ်ပေါ်ထင်ထင် ပြည်နယ်အစိုးရက ပြုလုပ်ခဲ့တဲ့အပြင် ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍဝန်ကြီး ဦးမော်မော်တို့က  ကြေးရုပ်ဖြစ်မြောက်ရေး ကနဦးမှစပြီး သွယ်ဝှက်သောနည်းလမ်းနဲ့ ပါဝင်ပတ်သက်မှုပြုလုပ်ခဲ့သလို ပွင့်လင်းမြင်သာမှုမရှိဘဲ လုပ်ဆောင်ခဲ့တာကြောင့် ကြေညာစာတန်း ထုတ်ပြန်ခဲ့ရတာလို့ လူငယ်တွေဘက်က ထွက်ဆိုခဲ့ပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီတို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်ဆိုပြီး ကရင်နီ လူငယ်တွေက မတ် ၂၅ ရက်က ထုတ်ပြန်ကြေညာရာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် လူငယ် ၆ ဦးကို ပြည်နယ်အစိုးရက တရားစွဲခဲ့တာပါ။

လာမယ့်အပတ်ရုံးချိန်းကျရင်တော့ လူငယ် ၆ ဦးထဲက ခူးရီးဒူနဲ့ မျိုးလှိုင်ဝင်းကို ဆက်လက်စစ်ဆေးဖို့ ရှိနေပါတယ်။




ကရင္နီလူငယ္ ၆ ဦးကို ႐ုံးထုတ္၊ ခံျပသက္ေသ ၂ ဦးအား စစ္ေဆး
ေနာ္ႏိုရင္း

ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တုကိစၥနဲ႔ပတ္သက္ၿပီး ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို ကာကြယ္ေပးေရး ဥပေဒ ပုဒ္မ (၁၀) နဲ႔ တရားစြဲခံထားရတဲ့ ကရင္နီ လူငယ္ ၆ ဦးကို ဒီကေန႔ လြိဳင္ေကာ္ၿမိဳ႕နယ္တရား႐ုံးမွာ ၁၁ ႀကိမ္​​ေျမာက္​႐ုံးထုတ္​ခဲ့ၿပီး ခံျပသက္ေသျဖစ္တဲ့ ခူးၾကဴးဖဲ​ေကး(ခ)ဂူးဂူးနဲ႔ ခြန္းေသာမတ္တို႔ကို စစ္ေဆးခဲ့ပါတယ္။

လူငယ္ ၆ ဦးကို ဩဂုတ္ ၂၆ ရက္ေန႔က ႏိုင္လြတ္လုံပုဒ္မနဲ႔ စြဲခ်က္တင္ၿပီးေနာက္ပိုင္း လူငယ္ေတြဘက္က ခံျပသက္ေသေတြနဲ႔ အမႈဆက္လက္ရင္ဆိုင္ေနရတာပါ။

ႏိုင္ငံသားဆိုင္ရာအခြင့္အေရးနဲ႔ ဒီမိုကေရစီအခြင့္အအေရး ခ်ိဳးေဖာက္ခံရမႈ ေပၚေပၚထင္ထင္ ျပည္နယ္အစိုးရက ျပဳလုပ္ခဲ့တဲ့အျပင္ ဝန္ႀကီးခ်ဳပ္နဲ႔ စီမံဘ႑ဝန္ႀကီး ဦးေမာ္ေမာ္တို႔က ေၾကး႐ုပ္ျဖစ္ေျမာက္ေရး ကနဦးမွစၿပီး သြယ္ဝွက္ေသာနည္းလမ္းနဲ႔ ပါဝင္ပတ္သက္မႈျပဳလုပ္ခဲ့သလို ပြင့္လင္းျမင္သာမႈမရွိဘဲ လုပ္ေဆာင္ခဲ့တာေၾကာင့္ ေၾကညာစာတန္း ထုတ္ျပန္ခဲ့ရတာလို႔ လူငယ္ေတြဘက္က ထြက္ဆိုခဲ့ပါတယ္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္စီမံ/ဘ႑ာဝန္ႀကီးနဲ႔ ေၾကး႐ုပ္ ျဖစ္ေျမာက္ေရး ေကာ္မတီတို႔ကို ႏိုင္ငံေရးရာဇဝတ္ေကာင္မ်ား၊ ကရင္နီအမ်ိဳးသားသစၥာေဖာက္ဆိုၿပီး ကရင္နီ လူငယ္ေတြက မတ္ ၂၅ ရက္က ထုတ္ျပန္ေၾကညာရာမွာ ပါဝင္လက္မွတ္ေရးထိုးခဲ့တဲ့အတြက္ လူငယ္ ၆ ဦးကို ျပည္နယ္အစိုးရက တရားစြဲခဲ့တာပါ။

လာမယ့္အပတ္႐ုံးခ်ိန္းက်ရင္ေတာ့ လူငယ္ ၆ ဦးထဲက ခူးရီးဒူနဲ႔ မ်ိဳးလႈိင္ဝင္းကို ဆက္လက္စစ္ေဆးဖို႔ ရွိေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013