DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့နယ်တွင် ကေတီဗွီဆိုင် မီးလောင်မှုဖြစ်ပွား
DVB
·
September 10, 2019
ဖားကန့်မြို့နယ်တွင် ကေတီဗွီဆိုင် မီးလောင်မှုဖြစ်ပွား
1 / 3
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ဒီကနေ့မနက်က ကေတီဗွီကာရာအိုခေ ဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ဖားကန့်မြို့နယ် ဆိတ်မူအုပ်စု ယူမာကျေးရွာရှိ ဂျိတ်ပဲလေ့စ် ကေတီဗွီဆိုင်မှာ ဒီကနေ့ မနက် ၉ နာရီက မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ကေတီဗွီဆိုင်ရဲ့ အပေါ်ထပ်နဲ့ အိမ်တွင်းပရိဘောဂတွေ မီးထဲပါသွားတယ်လို့ ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး တာဝန်ကျဝန်ထမ်း တဦးဖြစ်သူ မဆွမ်ဆပ်က ဒီဗွီဘီကို ပြောပါတယ်။

“ဂျိတ်ပဲလေ့စ်ကေတီဗွီ ပစ္စည်းသိုလှောင်ခန်းကနေ လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးစလောင် တယ်လို့ သိရပါတယ်။ အဆောက်အဦရဲ့ အပေါ်ထပ် အလျား ၇၀ ပေ၊ အနံ ၃၀ ပေ သွပ်မိုးနဲ့ အခန်းထဲမှာရှိတဲ့ ပရိဘောဂပစ္စည်းတွေ မီးလောင်ကျွမ်းတယ်ပေါ့နော်၊ ဆုံးရှုံးမှုတန်ဖိုးကတော့ ၆၅ သိန်းခန့်လို့ ခန့်မှန်းပါတယ်ရှင့် ၊ လူနဲ့ တရိစ္ဆာန် ထိခိုက်ဒဏ်ရာရတာတွေတော့မရှိဘူး။”

မီးလောင်မှုနဲ့ ပတ်သက်ပြီး ကေတီဗွီဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာဖြစ်သူတို့ကို ဖားကန့်ရဲစခန်းက မီးသတ်ဥပဒေပုဒ်မ ၂၈၅ အရ အရေးယူထားပြီး အဆိုပါဆိုင်ကိုလည်း ခေတ္တပိတ်သိမ်းဖို့ ညွှန်ကြားထားကြောင်း ဖားကန့်မြို့နယ်ရုံးက ပြောသွားပါတယ်။

Photo: ရာဇာ




ဖားကန႔္ၿမိဳ႕နယ္တြင္ ေကတီဗြီဆိုင္ မီးေလာင္မႈျဖစ္ပြား
နန္းျမနဒီ

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ထဲမွာ ဒီကေန႔မနက္က ေကတီဗြီကာရာအိုေခ ဆိုင္တစ္ဆိုင္ မီးေလာင္မႈျဖစ္ပြားခဲ့ပါတယ္။

ဖားကန႔္ၿမိဳ႕နယ္ ဆိတ္မူအုပ္စု ယူမာေက်း႐ြာရွိ ဂ်ိတ္ပဲေလ့စ္ ေကတီဗြီဆိုင္မွာ ဒီကေန႔ မနက္ ၉ နာရီက မီးေလာင္ကြၽမ္းမႈျဖစ္ပြားၿပီး ေကတီဗြီဆိုင္ရဲ႕ အေပၚထပ္နဲ႔ အိမ္တြင္းပရိေဘာဂေတြ မီးထဲပါသြားတယ္လို႔ ဖားကန႔္ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး႐ုံး တာဝန္က်ဝန္ထမ္း တဦးျဖစ္သူ မဆြမ္ဆပ္က ဒီဗြီဘီကို ေျပာပါတယ္။

“ဂ်ိတ္ပဲေလ့စ္ေကတီဗြီ ပစၥည္းသိုေလွာင္ခန္းကေန လွ်ပ္စစ္ဝါယာေရွာ့ျဖစ္ၿပီး မီးစေလာင္ တယ္လို႔ သိရပါတယ္။ အေဆာက္အဦရဲ႕ အေပၚထပ္ အလ်ား ၇၀ ေပ၊ အနံ ၃၀ ေပ သြပ္မိုးနဲ႔ အခန္းထဲမွာရွိတဲ့ ပရိေဘာဂပစၥည္းေတြ မီးေလာင္ကြၽမ္းတယ္ေပါ့ေနာ္၊ ဆုံးရႈံးမႈတန္ဖိုးကေတာ့ ၆၅ သိန္းခန႔္လို႔ ခန႔္မွန္းပါတယ္ရွင့္ ၊ လူနဲ႔ တရိစာၦန္ ထိခိုက္ဒဏ္ရာရတာေတြေတာ့မရွိဘူး။”

မီးေလာင္မႈနဲ႔ ပတ္သက္ၿပီး ေကတီဗြီဆိုင္ပိုင္ရွင္နဲ႔ မန္ေနဂ်ာျဖစ္သူတို႔ကို ဖားကန႔္ရဲစခန္းက မီးသတ္ဥပေဒပုဒ္မ ၂၈၅ အရ အေရးယူထားၿပီး အဆိုပါဆိုင္ကိုလည္း ေခတၱပိတ္သိမ္းဖို႔ ၫႊန္ၾကားထားေၾကာင္း ဖားကန႔္ၿမိဳ႕နယ္႐ုံးက ေျပာသြားပါတယ္။
Photo: ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013