DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်နှင့်မူးယစ်ဆေးသယ်သူများ ပစ်ခတ်မှုဖြစ်၊ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
September 10, 2019
ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်နှင့်မူးယစ်ဆေးသယ်သူများ ပစ်ခတ်မှုဖြစ်၊ စိတ်ကြွဆေးများ ဖမ်းမိ
1 / 3
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်ထဲမှာ ဒီကနေ့မနက်အစောပိုင်းက မူးယစ်ဆေးဝါးသယ်ဆောင်သူနဲ့ ထိုင်းစစ်တပ်တို့ကြား ပစ်ခတ်မှုဖြစ်ပွားပြီး စိတ်ကြွဆေးပြား အလုံးရေ ၈ သိန်း ဖမ်းဆီးရမိတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ချင်းဒေါင်းမြို့နယ်ထဲမှာ နယ်စပ်က မူးယစ်ဆေးဝါးတွေ ထိုင်းနိုင်ငံအတွင်းပိုင်းဘက်ကို သယ်လာဖို့ရှိကြောင်း သတင်းရထားတဲ့အတွက် အမှတ် ၅ တိုင်းဒေသ မူးယစ်ရဲတပ်ဖွဲ့ဝင်၊ နယ်မြေခံ စစ်တပ်နဲ့ ပြည်သူ့ စစ်တွေပူးပေါင်းပါ ဝင်တဲ့အဖွဲ့ဟာ ချင်းဒေါင်းမြို့နယ် မယ့်နကျေးရွာအုပ်စုထဲမှာ စောင့်ဆိုင်းနေခဲ့တယ်လို့ မူးယစ် ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဘန်ဝပ် ဖရုမ်ကျန်က သတင်းထောက်တွေကို ပြောပါတယ်။

  ဒီကနေ့ မနက်အစောပိုင်း ၁ နာရီလောက်မှာ အထုတ်ကိုယ်စီပိုးလာတဲ့ လူတစု တော အုပ်ထဲကို ဖြတ်သန်းလာခဲ့ပြီး တာဝန်ရှိသူတွေက လူယောင်ပြရပ်ခိုင်းတဲ့အတွက် တဘက်က သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ဒါကြောင့် တာဝန်ရှိသူကလည်း ပြန်လည်ပစ်ခတ်ပြီး ၅ မိနစ်ခန့်လောက် အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုတွေငြိမ်သက်ပြီးတဲ့ မနက် ၅ နာရီ ၄၅ မိနစ်မှာတော့ တာဝန်ရှိသူတွေက နယ်မြေဝင်ရောက်ရှင်းလင်းရာမှာ စိတ်ကြွေဆးပြားတွေ ပါဝင်တဲ့ အိတ် ၈ အိတ်ကို တွေ့ ရှိရကြောင်း၊ ၁ အိတ်မှာ စိတ်ကြွဆေးပြား ၁ သိန်းစီပါဝင်တာကြောင့် စုစုပေါင်း စိတ်ကြွ ဆေးအလုံးရေ ၈ သိန်းဖမ်းမိတယ်လို့ ရဲမှူးကြီး ဘန်ဝပ် ဖရုမ်ကျန်က ပြောပါတယ်။

ဒီတကြိမ် ပစ်ခတ်ဖမ်းဆီးမှုမှာ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေကတော့ အမှောင်ထဲမှာ ထွက်ပြေးလွတ်မြောက်သွားပြီး မူးယစ်ဆေးတွေကိုတော့ ချင်းဒေါင်းမြို့နယ်ရဲတပ်ဖွဲ့ကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။




ထိုင္း-ျမန္မာနယ္စပ္တြင္ ထိုင္းစစ္တပ္ႏွင့္မူးယစ္ေဆးသယ္သူမ်ား ပစ္ခတ္မႈျဖစ္၊ စိတ္ႂကြေဆးမ်ား ဖမ္းမိ
ဒီဗြီဘီ

ထိုင္း-ျမန္မာနယ္စပ္ ခ်င္းမိုင္ခ႐ိုင္ ခ်င္းေဒါင္းၿမိဳ႕နယ္ထဲမွာ ဒီကေန႔မနက္အေစာပိုင္းက မူးယစ္ေဆးဝါးသယ္ေဆာင္သူနဲ႔ ထိုင္းစစ္တပ္တို႔ၾကား ပစ္ခတ္မႈျဖစ္ပြားၿပီး စိတ္ႂကြေဆးျပား အလုံးေရ ၈ သိန္း ဖမ္းဆီးရမိတယ္လို႔ ခ်င္းမိုင္နယူးစ္သတင္းမွာ ေဖာ္ျပပါတယ္။

ခ်င္းေဒါင္းၿမိဳ႕နယ္ထဲမွာ နယ္စပ္က မူးယစ္ေဆးဝါးေတြ ထိုင္းႏိုင္ငံအတြင္းပိုင္းဘက္ကို သယ္လာဖို႔ရွိေၾကာင္း သတင္းရထားတဲ့အတြက္ အမွတ္ ၅ တိုင္းေဒသ မူးယစ္ရဲတပ္ဖြဲ႕ဝင္၊ နယ္ေျမခံ စစ္တပ္နဲ႔ ျပည္သူ႔ စစ္ေတြပူးေပါင္းပါ ဝင္တဲ့အဖြဲ႕ဟာ ခ်င္းေဒါင္းၿမိဳ႕နယ္ မယ့္နေက်း႐ြာအုပ္စုထဲမွာ ေစာင့္ဆိုင္းေနခဲ့တယ္လို႔ မူးယစ္ ေဆးဝါးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ရဲမႉးႀကီး ဘန္ဝပ္ ဖ႐ုမ္က်န္က သတင္းေထာက္ေတြကို ေျပာပါတယ္။

ဒီကေန႔ မနက္အေစာပိုင္း ၁ နာရီေလာက္မွာ အထုတ္ကိုယ္စီပိုးလာတဲ့ လူတစု ေတာ အုပ္ထဲကို ျဖတ္သန္းလာခဲ့ၿပီး တာဝန္ရွိသူေတြက လူေယာင္ျပရပ္ခိုင္းတဲ့အတြက္ တဘက္က ေသနတ္နဲ႔ ပစ္ခတ္ခဲ့ေၾကာင္း၊ ဒါေၾကာင့္ တာဝန္ရွိသူကလည္း ျပန္လည္ပစ္ခတ္ၿပီး ၅ မိနစ္ခန႔္ေလာက္ အျပန္အလွန္ပစ္ခတ္ခဲ့တယ္လို႔ ဆိုပါတယ္။

ပစ္ခတ္မႈေတြၿငိမ္သက္ၿပီးတဲ့ မနက္ ၅ နာရီ ၄၅ မိနစ္မွာေတာ့ တာဝန္ရွိသူေတြက နယ္ေျမဝင္ေရာက္ရွင္းလင္းရာမွာ စိတ္ေႂကြဆးျပားေတြ ပါဝင္တဲ့ အိတ္ ၈ အိတ္ကို ေတြ႕ ရွိရေၾကာင္း၊ ၁ အိတ္မွာ စိတ္ႂကြေဆးျပား ၁ သိန္းစီပါဝင္တာေၾကာင့္ စုစုေပါင္း စိတ္ႂကြ ေဆးအလုံးေရ ၈ သိန္းဖမ္းမိတယ္လို႔ ရဲမႉးႀကီး ဘန္ဝပ္ ဖ႐ုမ္က်န္က ေျပာပါတယ္။

ဒီတႀကိမ္ ပစ္ခတ္ဖမ္းဆီးမႈမွာ မူးယစ္ေဆးဝါးသယ္ေဆာင္သူေတြကေတာ့ အေမွာင္ထဲမွာ ထြက္ေျပးလြတ္ေျမာက္သြားၿပီး မူးယစ္ေဆးေတြကိုေတာ့ ခ်င္းေဒါင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကို ပို႔ေဆာင္ထားတယ္လို႔ ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013