DVB Logo
Home
မြန်မာသတင်း
ဥရောပရုပ်ရှင်ပွဲတော် ရန်ကုန်နှင့် မန္တလေးတွင် ကျင်းပမည်
DVB
·
September 10, 2019
ဥရောပရုပ်ရှင်ပွဲတော် ရန်ကုန်နှင့် မန္တလေးတွင် ကျင်းပမည်
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ဥရောပရုပ်ရှင်ပွဲတော်ကို အခုနှစ်မှာတော့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကြီး ၂ မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာတော့ အခုနှစ် ပထမအကြိမ် ကျင်းပတာဖြစ်ပြီး လာမယ့် စက်တင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်နေ့ထိ Mingalar Cinemas Central Point မှာ ပြုလုပ်သွားမှာပါ။

ရန်ကုန်မြို့မှာတော့ စက်တင်ဘာ ၂၀ ကနေ ၂၉ ရက်နေ့အထိ ဆူးလေဘုရားလမ်းပေါ်က နေပြည်တော်ရုပ်ရှင်ရုံနဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်က Goethe- Institut Myanmar မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဥရောပရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံမှာ ကျင်းပလာခဲ့တာ အခုနှစ်မှာတော့ ၂၈ ကြိမ်မြောက် ရှိလာခဲ့ပြီဖြစ်ပြီး ဥရောပနိုင်ငံတွေက ရုပ်ရှင်ကားတွေကို ပရိသတ်တွေက အခမဲ့ ကြည့်ရှုခွင့် ရရှိမှာ ဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့ ရုပ်ရှင်လက်မှတ်တွေကို ပွဲမစမီ တနာရီအလိုမှ ရုပ်ရှင်ပြသရန် ၁၅ မိနစ်အလိုအထိ ဦးရာလူပေးစနစ်နဲ့ အခမဲ့ယူပြီး ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ပြသမယ့် ရုပ်ရှင်ကားတွေနဲ့ ပွဲချိန်ဇယားတွေကိုတော့ European Film Festival Myanmar ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်။

~~~~~~~~~~~~~~~

Zawgyi_version

ဥေရာပ႐ုပ္ရွင္ပြဲေတာ္ ရန္ကုန္ႏွင့္ မႏၲေလးတြင္ က်င္းပမည္

ျမန္မာႏိုင္ငံမွာ ႏွစ္စဥ္ က်င္းပေနက်ျဖစ္တဲ့ ဥေရာပ႐ုပ္ရွင္ပြဲေတာ္ကို အခုႏွစ္မွာေတာ့ ရန္ကုန္ၿမိဳ႕နဲ႔ မႏၲေလးၿမိဳ႕ႀကီး ၂ ၿမိဳ႕မွာ က်င္းပသြားမယ္လို႔ သိရပါတယ္။

မႏၲေလးၿမိဳ႕မွာေတာ့ အခုႏွစ္ ပထမအႀကိမ္ က်င္းပတာျဖစ္ၿပီး လာမယ့္ စက္တင္ဘာ ၁၃ ရက္ကေန ၁၅ ရက္ေန႔ထိ Mingalar Cinemas Central Point မွာ ျပဳလုပ္သြားမွာပါ။

ရန္ကုန္ၿမိဳ႕မွာေတာ့ စက္တင္ဘာ ၂၀ ကေန ၂၉ ရက္ေန႔အထိ ဆူးေလဘုရားလမ္းေပၚက ေနျပည္ေတာ္႐ုပ္ရွင္႐ုံနဲ႔ ကမာၻေအးဘုရားလမ္းေပၚက Goethe- Institut Myanmar မွာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

ဥေရာပ႐ုပ္ရွင္ပြဲေတာ္ကို ျမန္မာႏိုင္ငံမွာ က်င္းပလာခဲ့တာ အခုႏွစ္မွာေတာ့ ၂၈ ႀကိမ္ေျမာက္ ရွိလာခဲ့ၿပီျဖစ္ၿပီး ဥေရာပႏိုင္ငံေတြက ႐ုပ္ရွင္ကားေတြကို ပရိသတ္ေတြက အခမဲ့ ၾကည့္ရႈခြင့္ ရရွိမွာ ျဖစ္ပါတယ္။

ပရိသတ္ေတြအေနနဲ႔ ႐ုပ္ရွင္လက္မွတ္ေတြကို ပြဲမစမီ တနာရီအလိုမွ ႐ုပ္ရွင္ျပသရန္ ၁၅ မိနစ္အလိုအထိ ဦးရာလူေပးစနစ္နဲ႔ အခမဲ့ယူၿပီး ဝင္ေရာက္ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

ျပသမယ့္ ႐ုပ္ရွင္ကားေတြနဲ႔ ပြဲခ်ိန္ဇယားေတြကိုေတာ့ European Film Festival Myanmar ရဲ႕ တရားဝင္ ေဖ့စ္ဘြတ္ခ္ အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ အေသးစိတ္ ၾကည့္ရႈႏိုင္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013