DVB Logo
Home
မြန်မာသတင်း
ဗစ်တိုးရီးယားအားစစ်ဆေးရန် ကလေးသူငယ်တရားခွင်ကျွမ်းကျင်သည့် တရားသူကြီးကို တာဝန်ပေးထား
DVB
·
September 10, 2019
ဗစ်တိုးရီးယားအားစစ်ဆေးရန် ကလေးသူငယ်တရားခွင်ကျွမ်းကျင်သည့် တရားသူကြီးကို တာဝန်ပေးထား
Donate to DVB

ဗစ်တိုးရီးယားလေးကို စစ်ဆေးဖို့အတွက် ကလေးသူငယ် စစ်ဆေးမှုဆိုင်ရာကျွမ်းကျင် တရားသူကြီးတဦးကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တာဝန်ပေးအပ်ထားတယ်လို့ ဗစ်တိုရီးယား အမှုအတွက် တရားဆွဲဆိုခံထားရတဲ့ အောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က DVB သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။

ဗစ်တိုးရီးယားအမှုမှာ တရားဆွဲဆိုခံထားရတဲ့ အောင်ကြီးကို စက်တင်ဘာ ၁၁ ရက်နေ့ နေပြည်တော် ဒဏ်က္ခိဏ ရိုင်တရားရုံးမှာ ရုံးထုတ်မှာဖြစ်ပြီး အဓိက နစ်နာခဲ့သူ အသက် ၃ နှစ်အရွယ် ဗစ်တိုရီးယားလေးအား စစ်းဆေးသွားမှာမို့ တရားရုံး ပြင်ဆင်မှုအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းမှုအပေါ် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က အခုလို ဖြေဆိုခဲ့တာပါ။

"တရားရုံးချုပ်ကနေပြီးတော့ တယောက် တာဝန်ပေးထားတယ်။ ကလေးသူငယ် စိတ်ပညာ တို့ နောက်ပြီးတော့ ကလေးသူငယ် တရားခွင်အတွင် သင်တန်းတွေပေါ့ဗျာ။ UNICEF တို့ကနေ သင်တန်းတွေ ပေးတာပေါ့ဗျာ။ အဲဒီသင်တန်းတွေကို တက်ထားတဲ့ တရားသူကြီးတစ်ယောက် အမျိုးသမီး တရားသူကြီးပါ။ သူက ကလေးနဲ့ အဓိက ဆက်ဆံမှာပါ" လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဆိုပါတယ်။

ဗစ်တိုရီးယားလေးကို လာမယ့် စက်တင်ဘာ ၁၁ ရက်နေ့ တရားခွင်မှာ ဗွီဒီယို ကွန်ဖရင့်နဲ့ စစ်ဆေးမှာ ဖြစ်ပါတယ်။

တရားရုံနဲ့ တရားခွင် ကြောက်ရွံ့မှုမရှိစေဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က ဒက္ခိဏခရိုင်တရားရုံးမှာ ဗစ်တိုရီးယားလေးနဲ့ သူမအား အနီးကပ်တာဝန်ယူပေးမဲ့ သီးသန့်တရားသူကြီးတို့ ရင်းနှီးမှု တည်ဆောက်တဲ့အနေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

"မနေ့ကတော့ ကလေးကို ရင်းနှီးအောင်လုပ်ပြီးတော့ ပြောတာဆိုတာတွေလုပ်တာပေါ့ဗျာ။ ကလေးနေမယ့် နေရာကို ပြပြီးရင်းနှီးမှုယူတာ။ ဒါပါဘဲ။ မနက်ဖန်မှာလည်း ကလေးမလေးဘေးမှာ သူရှိမယ်။ နောက်ပြီးတော့ ကလေးမလေး မိခင်ရယ်ရှိမယ်။ အဖေသည် ပင်လျှင် ရှိချင်မှရှိမယ်ဗျ"လို့လည်း ဦးခင်မောင်ဇော်က ဆိုပါတယ်။

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ ပြီးခဲ့တဲ့ မေလက အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယား မဖွယ်မရာပြုကျင့်ခံခဲ့ရတာပါ။

မိခင်ဖြစ်သူရဲ့ အမှုဖွင့်တိုင်ကြားချက်ကြောင့် ရဲတပ်ဖွဲ့အနေက စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ကားယာဉ်မောင်းဖြစ်သူ အောင်ကြီးအား ဒက္ခိဏခရိုင်တရားရုံးမှာ တရားဆွဲဆိုကာ အမှုကို စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။




ဗစ္တိုးရီးယားအားစစ္ေဆးရန္ ကေလးသူငယ္တရားခြင္ကြၽမ္းက်င္သည့္ တရားသူႀကီးကို တာဝန္ေပးထား
ေအာင္ဆန္းဦး

ဗစ္တိုးရီးယားေလးကို စစ္ေဆးဖို႔အတြက္ ကေလးသူငယ္ စစ္ေဆးမႈဆိုင္ရာကြၽမ္းက်င္ တရားသူႀကီးတဦးကို ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္က တာဝန္ေပးအပ္ထားတယ္လို႔ ဗစ္တိုရီးယား အမႈအတြက္ တရားဆြဲဆိုခံထားရတဲ့ ေအာင္ႀကီးရဲ႕ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က DVB သတင္းဌာနကို အတည္ျပဳေျပာဆိုပါတယ္။

ဗစ္တိုးရီးယားအမႈမွာ တရားဆြဲဆိုခံထားရတဲ့ ေအာင္ႀကီးကို စက္တင္ဘာ ၁၁ ရက္ေန႔ ေနျပည္ေတာ္ ဒဏ္ကၡိဏ ႐ိုင္တရား႐ုံးမွာ ႐ုံးထုတ္မွာျဖစ္ၿပီး အဓိက နစ္နာခဲ့သူ အသက္ ၃ ႏွစ္အ႐ြယ္ ဗစ္တိုရီးယားေလးအား စစ္းေဆးသြားမွာမို႔ တရား႐ုံး ျပင္ဆင္မႈအေျခအေနနဲ႔ပတ္သက္ၿပီး ေမးျမန္းမႈအေပၚ တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က အခုလို ေျဖဆိုခဲ့တာပါ။

"တရား႐ုံးခ်ဳပ္ကေနၿပီးေတာ့ တေယာက္ တာဝန္ေပးထားတယ္။ ကေလးသူငယ္ စိတ္ပညာ တို႔ ေနာက္ၿပီးေတာ့ ကေလးသူငယ္ တရားခြင္အတြင္ သင္တန္းေတြေပါ့ဗ်ာ။ UNICEF တို႔ကေန သင္တန္းေတြ ေပးတာေပါ့ဗ်ာ။ အဲဒီသင္တန္းေတြကို တက္ထားတဲ့ တရားသူႀကီးတစ္ေယာက္ အမ်ိဳးသမီး တရားသူႀကီးပါ။ သူက ကေလးနဲ႔ အဓိက ဆက္ဆံမွာပါ" လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ဆိုပါတယ္။

ဗစ္တိုရီးယားေလးကို လာမယ့္ စက္တင္ဘာ ၁၁ ရက္ေန႔ တရားခြင္မွာ ဗြီဒီယို ကြန္ဖရင့္နဲ႔ စစ္ေဆးမွာ ျဖစ္ပါတယ္။

တရား႐ုံနဲ႔ တရားခြင္ ေၾကာက္႐ြံ႕မႈမရွိေစဖို႔အတြက္ ၿပီးခဲ့တဲ့ စက္တင္ဘာ ၉ ရက္ေန႔က ဒကၡိဏခ႐ိုင္တရား႐ုံးမွာ ဗစ္တိုရီးယားေလးနဲ႔ သူမအား အနီးကပ္တာဝန္ယူေပးမဲ့ သီးသန႔္တရားသူႀကီးတို႔ ရင္းႏွီးမႈ တည္ေဆာက္တဲ့အေနနဲ႔ ထိေတြ႕ဆက္ဆံမႈေတြ ျပဳလုပ္ခဲ့တယ္လို႔လည္း သိရပါတယ္။

"မေန႔ကေတာ့ ကေလးကို ရင္းႏွီးေအာင္လုပ္ၿပီးေတာ့ ေျပာတာဆိုတာေတြလုပ္တာေပါ့ဗ်ာ။ ကေလးေနမယ့္ ေနရာကို ျပၿပီးရင္းႏွီးမႈယူတာ။ ဒါပါဘဲ။ မနက္ဖန္မွာလည္း ကေလးမေလးေဘးမွာ သူရွိမယ္။ ေနာက္ၿပီးေတာ့ ကေလးမေလး မိခင္ရယ္ရွိမယ္။ အေဖသည္ ပင္လွ်င္ ရွိခ်င္မွရွိမယ္ဗ်"လို႔လည္း ဦးခင္ေမာင္ေဇာ္က ဆိုပါတယ္။

ေနျပည္ေတာ္ရွိ Wisdom Hill ပုဂၢိလက မူႀကိဳေက်ာင္းမွာ ၿပီးခဲ့တဲ့ ေမလက အသက္ ၃ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ ဗစ္တိုးရီးယား မဖြယ္မရာျပဳက်င့္ခံခဲ့ရတာပါ။

မိခင္ျဖစ္သူရဲ႕ အမႈဖြင့္တိုင္ၾကားခ်က္ေၾကာင့္ ရဲတပ္ဖြဲ႕အေနက စစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီး ကားယာဥ္ေမာင္းျဖစ္သူ ေအာင္ႀကီးအား ဒကၡိဏခ႐ိုင္တရား႐ုံးမွာ တရားဆြဲဆိုကာ အမႈကို စစ္ေဆးေနတာလည္း ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013