DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် အမ်းနှင့်မြေပုံမြို့နယ်တို့တွင် တနေ့တည်းလူ ၃ ဦး ခေါင်းဖြတ်သတ်ခံရ
DVB
·
September 10, 2019
ရခိုင်ပြည်နယ် အမ်းနှင့်မြေပုံမြို့နယ်တို့တွင် တနေ့တည်းလူ ၃ ဦး ခေါင်းဖြတ်သတ်ခံရ
Donate to DVB

ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲလက်မောင်းကျေးရွာမှ လူ ၁ ဦးနဲ့ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တို့မှ လူ ၂ ဦးတို့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ခေါင်းဖြတ်သတ်ဖြတ်ခံ ခဲ့ရတယ်လို့ ကမ်းထောင်းကြီးမြို့ ဒေသခံတွေက ပြောပါတယ်။

မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော် က “ဒီနေ့မနက် ၆ နာရီလောက်မှာ ကမ်းထောင်းကြီး အလယ်ပိုင်းရပ်ကွက်၊ လေးခွလမ်းဆုံမှာ ဒီလူ ၂ ဦး ခေါင်းဖြတ်ခံထားရပြီးတော့မှ ဒီအသတ်ခံထားရတယ် ဆိုပြီးတော့မှ မြို့အုပ်ချုပ်ရေးမှူးမှ ကျနော်ဆီဆက်သွယ်သတင်းပို့ပါတယ်။ သတင်းပို့တော့ သက်ဆိုင်ရာ ရဲတို့နဲ့ ညှိနှိုင်းဆက်သွယ်ပြီးတော့မှ သူတို့အခင်းဖြစ်နေရာ သွားပြီးတော့မှ အဲဒီအလောင်း ၂ လောင်းကတော့ ကျနော်တို့ ကမ်းထောင်းကြီးဆေးရုံက ရင်ခွဲရုံကို ပို့ထားပါတယ်။ ကာယကံရှင် ၂ ဦးကတော့ အသက်ခန့်မှန်းကတော့ အသက် ၄၀ ဝန်းကျင်ခန့်ပါ၊ တဦးကတော့ ကမ်းထောင်းကြီးဇာတိပါ၊ နောက်တဦးကတော့ အမ်းမြို့နယ် ဇာတိပါ၊ သေဆုံးသူတဦးကတော့ ဦးညီညီထွေးပါ၊ နောက်တဦးကတော့ မောင်လုံးပါ၊ ကျန်တာတော့ စုံစမ်း နေဆဲပါ”လို့ ပြောပါတယ်။

သေဆုံးသူတွေကို ကမ်းထောင်းကြီး ဆေးရုံကို ပို့ဆောင်ပေးထားကာ ဖြစ်စဉ်အသေးစိတ်ကိုတော့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အမ်းမြို့နယ် မဲလက်မောင်းကျေးရွာမှ ဦးခိုင်ဆိုသူမှာလည်း ခေါင်းဖြတ်သတ်ဖြတ်ခံ ခဲ့ရတယ်လို့ မဲလက်မောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလင်းက ပြောပါတယ်။

မဲလက်မောင်းအုပ်ချုပ်ရေးမှူး ဦးဝေလင်းက “ခေါင်းဖြတ်အသတ်ခံရတာ ဟုတ်ပါတယ်၊ မဲလက်မောင်းကား လမ်းနံဘေးမှာဖြစ်တာပါ၊ မဲလက်မောင်းဇာတိပါ၊ အသတ်ခံရတဲ့ လူ နာမည်ကတော့ ဦးခိုင်ပေါ့” လို့ပြောပါတယ်။

အဆိုပါ လူ ၃ ဦး အသတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းကို ဆက်သွယ်မေးမြန်းရာမှာ သိချင်ရင် အခင်းဖြစ်တဲ့နေရာ သွားရောက်မေးမြန်းဖို့ပြောဆိုခဲ့ပါတယ်။

နောင်နောင်




ရခိုင္ျပည္နယ္ အမ္းႏွင့္ေျမပုံၿမိဳ႕နယ္တို႔တြင္ တေန႔တည္းလူ ၃ ဦး ေခါင္းျဖတ္သတ္ခံရ
DVB

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ မဲလက္ေမာင္းေက်း႐ြာမွ လူ ၁ ဦးနဲ႔ ေျမပုံၿမိဳ႕နယ္ ကမ္းေထာင္းႀကီးၿမိဳ႕တို႔မွ လူ ၂ ဦးတို႔ စက္တင္ဘာ ၁၀ ရက္ေန႔မွာ ေခါင္းျဖတ္သတ္ျဖတ္ခံ ခဲ့ရတယ္လို႔ ကမ္းေထာင္းႀကီးၿမိဳ႕ ေဒသခံေတြက ေျပာပါတယ္။

ေျမပုံၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးဇာနည္ေက်ာ္ က “ဒီေန႔မနက္ ၆ နာရီေလာက္မွာ ကမ္းေထာင္းႀကီး အလယ္ပိုင္းရပ္ကြက္၊ ေလးခြလမ္းဆုံမွာ ဒီလူ ၂ ဦး ေခါင္းျဖတ္ခံထားရၿပီးေတာ့မွ ဒီအသတ္ခံထားရတယ္ ဆိုၿပီးေတာ့မွ ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးမွ က်ေနာ္ဆီဆက္သြယ္သတင္းပို႔ပါတယ္။ သတင္းပို႔ေတာ့ သက္ဆိုင္ရာ ရဲတို႔နဲ႔ ညႇိႏႈိင္းဆက္သြယ္ၿပီးေတာ့မွ သူတို႔အခင္းျဖစ္ေနရာ သြားၿပီးေတာ့မွ အဲဒီအေလာင္း ၂ ေလာင္းကေတာ့ က်ေနာ္တို႔ ကမ္းေထာင္းႀကီးေဆး႐ုံက ရင္ခြဲ႐ုံကို ပို႔ထားပါတယ္။ ကာယကံရွင္ ၂ ဦးကေတာ့ အသက္ခန္႔မွန္းကေတာ့ အသက္ ၄၀ ဝန္းက်င္ခန႔္ပါ၊ တဦးကေတာ့ ကမ္းေထာင္းႀကီးဇာတိပါ၊ ေနာက္တဦးကေတာ့ အမ္းၿမိဳ႕နယ္ ဇာတိပါ၊ ေသဆုံးသူတဦးကေတာ့ ဦးညီညီေထြးပါ၊ ေနာက္တဦးကေတာ့ ေမာင္လုံးပါ၊ က်န္တာေတာ့ စုံစမ္း ေနဆဲပါ”လို႔ ေျပာပါတယ္။

ေသဆုံးသူေတြကို ကမ္းေထာင္းႀကီး ေဆး႐ုံကို ပို႔ေဆာင္ေပးထားကာ ျဖစ္စဥ္အေသးစိတ္ကိုေတာ့ သက္ဆိုင္ရာက စုံစမ္းစစ္ေဆးေနတယ္လို႔ ဆိုပါတယ္။

အမ္းၿမိဳ႕နယ္ မဲလက္ေမာင္းေက်း႐ြာမွ ဦးခိုင္ဆိုသူမွာလည္း ေခါင္းျဖတ္သတ္ျဖတ္ခံ ခဲ့ရတယ္လို႔ မဲလက္ေမာင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေဝလင္းက ေျပာပါတယ္။

မဲလက္ေမာင္းအုပ္ခ်ဳပ္ေရးမႉး ဦးေဝလင္းက “ေခါင္းျဖတ္အသတ္ခံရတာ ဟုတ္ပါတယ္၊ မဲလက္ေမာင္းကား လမ္းနံေဘးမွာျဖစ္တာပါ၊ မဲလက္ေမာင္းဇာတိပါ၊ အသတ္ခံရတဲ့ လူ နာမည္ကေတာ့ ဦးခိုင္ေပါ့” လို႔ေျပာပါတယ္။

အဆိုပါ လူ ၃ ဦး အသတ္ခံရတဲ့ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ျပည္နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီးၾကည္လင္းကို ဆက္သြယ္ေမးျမန္းရာမွာ သိခ်င္ရင္ အခင္းျဖစ္တဲ့ေနရာ သြားေရာက္ေမးျမန္းဖို႔ေျပာဆိုခဲ့ပါတယ္။
ေနာင္ေနာင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013