DVB Logo
Home
Lead Story
ဘန်ကောက် အာဆီယံပြည်သူ့ဖိုရမ် နေရာပြောင်းကျင်းပခဲ့ရ (ဓာတ်ပုံ)
DVB
·
September 10, 2019
ဘန်ကောက် အာဆီယံပြည်သူ့ဖိုရမ်  နေရာပြောင်းကျင်းပခဲ့ရ (ဓာတ်ပုံ)
1 / 6
Donate to DVB

အာဆီယံ အရပ်ဖက်အဖွဲ့အစည်းများညီလာခံ၊ အာဆီယံ လူထုဖိုရမ် (ACSC/AFP)2019 ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သမားဆတ်တက္ကသိုလ်မှာ ဒီနေ့မနက် စက်တင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။

တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ တန်တညီမျှရေး၊ ရေရှည်တည်တံ့ရေး ကတွက် ဒေသတွင်းက ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေ တိုးတက်လုပ်ဆောက်နိုင်ဖို့ ရည်ရွယ်ကျင်းပတဲ့ ညီလာခံမှာ မြန်မာအပါအဝင် အာဆီယံဒေသတွင်း ၁၁ နိုင်ငံက အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ဆွေးနွေးနေကြတာပါ။

မြန်မာနိုင်ငံက လူ့အခွင့်အရေး၊ အလုပ်သမားအရေး၊ လူမှုကူညီရေး၊ ရိုဟင်ဂျာအရေး၊ လွတ်လပ်စွာထုတ်ဖော်ခွင့် အရေးလှုပ်ရှားသူတွေအပါအဝင် လူ ၈၀ လောက် တက်ရောက်ကြပါ တယ်။

ဖိုရမ်ကို မူလက ဘန်ကောက်မြို့လယ်က ဘာကလေဟိုတယ်မှကျင်းပဖို့ စီစဉ်ထားပေမယ့် ထိုင်းအစိုးရက ငွေကြေးပံ့ပိုးကူညီမှုဖြတ်တောက်လိုက်တဲ့အတွက် ဘန်ကောက်မြို့ပြင် ရန်စစ် နယ်မြေရှိ သမာဆတ်တက္ကသိုလ်မှာ နေရာပြောင်းကျင်းပတာပါ။




DVB




Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013