DVB Logo
Home
မြန်မာသတင်း
2NE1 အဖွဲ့မှ ဆန်ဒရာပါ့ခ်ကို ရန်ကုန်လေဆိပ်၌ ပရိသတ်များ အုတ်အော်သောင်းတင်းကြိုဆို (ရုပ်သံ)
DVB
·
September 10, 2019
2NE1 အဖွဲ့မှ ဆန်ဒရာပါ့ခ်ကို ရန်ကုန်လေဆိပ်၌ ပရိသတ်များ အုတ်အော်သောင်းတင်းကြိုဆို (ရုပ်သံ)
Donate to DVB

ကေပေါ့ပ်ပရိသတ်တွေကြားမှာ ရေပန်းစားနာမည်ကြီးခဲ့တဲ့ 2NE1 အဖွဲ့မှ ဆန်ဒရာပါ့ခ်ဟာ မနေ့ညက လေကြောင်းခရီးနဲ့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

သူဟာ SBS Medianet, JBJ Entertainment နဲ့ Fortune TV Channel တို့ ပူးပေါင်းရိုက်ကူးမယ့် My Music Teacher, Mingalarbar အမည်ရတဲ့ Variety Program ရိုက်ကူးဖို့အတွက် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

သူနဲ့အတူ တခြား ကေပေါ့ပ်စတားတွေ ဖြစ်ကြတဲ့ Yoon Do Hyun, Sandeul (B1A4), Kim Jaehwan နဲ့ Joo-E (Momoland) တို့လည်း ပါဝင်တယ်လို့ JBJ Entertainment ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

ဒါရာလို့ ချစ်စနိုးခေါ်ကြတဲ့ အသက် ၃၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆန်ဒရာပါ့ခ်ဟာ 2NE1 အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ လာရောက်ဖျော်ဖြေခဲ့ဖူးပြီး ခုကတော့ ဒုတိယအကြိမ်အဖြစ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

2NE1 အဖွဲ့ကို Minzy ၊ CL ၊ Bom နဲ့ Dara ဆိုတဲ့ မိန်းကလေး လေးယောက်နဲ့ ၂၀၀၉ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ပြီး သူတို့ရဲ့ Go away ၊ I don't Care ၊ I am the best စတဲ့ K-pop သီချင်းတွေနဲ့ နာမည်ကျော်ကြားလာတာဖြစ်ကာ အာရှမှာတင်မကဘဲ ကမ္ဘာမှာပါ ကျော်ကြားတဲ့ အမျိုးသမီးကေပေါ့ပ်အဖွဲ့တဖွဲ့ ဖြစ်ခဲ့ပါတယ်။

အချိန် ၇ နှစ်အကြာ ၂၀၁၆ ခုနှစ်မှာတော့ သူတို့အဖွဲ့အနေနဲ့ YG Entertainment နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး ဆက်မချုပ်ဖြစ်ကြတော့ပဲ ပြိုကွဲသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ သူတို့တွေဟာ သီးခြားအနုပညာလှုပ်ရှားမှုတွေကို ဆက်ပြီးတော့ လုပ်ဆောင်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဆန်ဒရာပါ့ခ်ရဲ့ လက်ရှိမြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာတော့ အင်ချွန်းလေဆိပ်ထဲက ဓာတ်ပုံတပုံကို တင်ခဲ့ပြီး ခုလိုရ ရေးသားထားခဲ့တာ တွေ့ရပါတယ်။

“Incheon - Yangon ✈️ Mingalarbar!!! See you soon my #GoldenBlackjacks”

လတ်တလောမှာတော့ ဒီ Variety Program ကို ဘယ်မှာ ရိုက်ကူးမယ် ဆိုတာကို ထုတ်ပြန်ထားတာမျိုးတော့ မတွေ့ရသေးပါဘူး။

မနေ့က ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲကို ရောက်ရှိလာခဲ့ချိန်မှာတော့ မြန်မာပြည်က သူ့ရဲ့ပရိသတ်တွေက လာရောက်စောင့်ကြိုနေကြပြီး အုတ်အော်သောင်းတင်း အော်ဟစ်အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

ရုပ်သံ - Sao Swe Zin Tun Facebook

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

2NE1 အဖြဲ႕မွ ဆန္ဒရာပါ့ခ္ကို ရန္ကုန္ေလဆိပ္၌ ပရိသတ္မ်ား အုတ္ေအာ္ေသာင္းတင္းႀကိဳဆို (႐ုပ္သံ)

ေကေပါ့ပ္ပရိသတ္ေတြၾကားမွာ ေရပန္းစားနာမည္ႀကီးခဲ့တဲ့ 2NE1 အဖြဲ႕မွ ဆန္ဒရာပါ့ခ္ဟာ မေန႔ညက ေလေၾကာင္းခရီးနဲ႔ ျမန္မာႏိုင္ငံ၊ ရန္ကုန္ၿမိဳ႕ကို ေရာက္ရွိလာခဲ့ပါတယ္။

သူဟာ SBS Medianet, JBJ Entertainment နဲ႔ Fortune TV Channel တို႔ ပူးေပါင္း႐ိုက္ကူးမယ့္ My Music Teacher, Mingalarbar အမည္ရတဲ့ Variety Program ႐ိုက္ကူးဖို႔အတြက္ ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

သူနဲ႔အတူ တျခား ေကေပါ့ပ္စတားေတြ ျဖစ္ၾကတဲ့ Yoon Do Hyun, Sandeul (B1A4), Kim Jaehwan နဲ႔ Joo-E (Momoland) တို႔လည္း ပါဝင္တယ္လို႔ JBJ Entertainment ရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚမွာ ေဖာ္ျပထားပါတယ္။

ဒါရာလို႔ ခ်စ္စႏိုးေခၚၾကတဲ့ အသက္ ၃၄ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ ဆန္ဒရာပါ့ခ္ဟာ 2NE1 အဖြဲ႕အေနနဲ႔ ျမန္မာႏိုင္ငံကို ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္မွာ လာေရာက္ေဖ်ာ္ေျဖခဲ့ဖူးၿပီး ခုကေတာ့ ဒုတိယအႀကိမ္အျဖစ္ ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

2NE1 အဖြဲ႕ကို Minzy ၊ CL ၊ Bom နဲ႔ Dara ဆိုတဲ့ မိန္းကေလး ေလးေယာက္နဲ႔ ၂၀၀၉ ခုႏွစ္ကတည္းက ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး သူတို႔ရဲ႕ Go away ၊ I don't Care ၊ I am the best စတဲ့ K-pop သီခ်င္းေတြနဲ႔ နာမည္ေက်ာ္ၾကားလာတာျဖစ္ကာ အာရွမွာတင္မကဘဲ ကမာၻမွာပါ ေက်ာ္ၾကားတဲ့ အမ်ိဳးသမီးေကေပါ့ပ္အဖြဲ႕တဖြဲ႕ ျဖစ္ခဲ့ပါတယ္။

အခ်ိန္ ၇ ႏွစ္အၾကာ ၂၀၁၆ ခုႏွစ္မွာေတာ့ သူတို႔အဖြဲ႕အေနနဲ႔ YG Entertainment နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီး ဆက္မခ်ဳပ္ျဖစ္ၾကေတာ့ပဲ ၿပိဳကြဲသြားခဲ့တာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ သူတို႔ေတြဟာ သီးျခားအႏုပညာလႈပ္ရွားမႈေတြကို ဆက္ၿပီးေတာ့ လုပ္ေဆာင္ေနခဲ့ၾကတာ ျဖစ္ပါတယ္။

ဆန္ဒရာပါ့ခ္ရဲ႕ လက္ရွိျမန္မာခရီးစဥ္နဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ အင္စတာဂရမ္ စာမ်က္ႏွာေပၚမွာေတာ့ အင္ခြၽန္းေလဆိပ္ထဲက ဓာတ္ပုံတပုံကို တင္ခဲ့ၿပီး ခုလိုရ ေရးသားထားခဲ့တာ ေတြ႕ရပါတယ္။

“Incheon - Yangon ✈️ Mingalarbar!!! See you soon my #GoldenBlackjacks”

လတ္တေလာမွာေတာ့ ဒီ Variety Program ကို ဘယ္မွာ ႐ိုက္ကူးမယ္ ဆိုတာကို ထုတ္ျပန္ထားတာမ်ိဳးေတာ့ မေတြ႕ရေသးပါဘူး။

မေန႔က ညပိုင္းက ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ထဲကို ေရာက္ရွိလာခဲ့ခ်ိန္မွာေတာ့ ျမန္မာျပည္က သူ႔ရဲ႕ပရိသတ္ေတြက လာေရာက္ေစာင့္ႀကိဳေနၾကၿပီး အုတ္ေအာ္ေသာင္းတင္း ေအာ္ဟစ္အားေပးခဲ့ၾကတာကို ေတြ႕ရပါတယ္။

႐ုပ္သံ - Sao Swe Zin Tun Facebook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013