DVB Logo
Home
မြန်မာသတင်း
ဝင်းနှင့်ဇော် အသက်ရှင်ခွင့်ရရေး ကူညီပေးရန် ထိုင်းလူ့အခွင့်အရေးကော်မရှင်ထံ မေတ္တာရပ်ခံ
DVB
·
September 10, 2019
ဝင်းနှင့်ဇော် အသက်ရှင်ခွင့်ရရေး ကူညီပေးရန် ထိုင်းလူ့အခွင့်အရေးကော်မရှင်ထံ မေတ္တာရပ်ခံ
Donate to DVB

ထိုင်းနိုင်ငံမှာ သေဒဏ်ကျခံထားရတဲ့ မြန်မာနှစ်ယောက် အသက်ရှင်ခွင့်ရရေးအတွက် လူ့အခွင့်အရေးရှုထောင့်က ကူညီပေးဖို့ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို မြန်မာ လူ့အခွင့်အရေးကော်မရှင်က မေတ္တာရပ်ခံလိုက်ပါတယ်။

ဒါဟာ ၃ ကြိမ်မြောက် မေတ္တာရပ်ခံတာဖြစ်ပြီး ၂၀၁၄ အောက်တိုဘာနဲ့ ၂၀၁၅ ဒီဇင်ဘာတုန်းကလည်း မျှမျှတတ တရားစီရင်ခွင့်ရဖို့၊ ညှဉ်းပန်းနှိပ်စက်တာမလုပ်ဖို့၊ တရားစီရင်ရာမှာ မကြန့်ကြာဖို့၊ မိသားစုနဲ့ တွေ့ဆုံခွင့်ရဖို့၊ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်တာကို ခွဲခြားဆက်ဆံမခံရဘဲရဖို့နဲ့ သူတို့ရဲ့ အသက်ရှင်သန်ပိုင်ခွင့်အတွက် ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါသေးတယ်။

အဲဒီတုန်းကလည်း ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။

မြန်မာ ရွှေ့ပြောင်းလုပ်သား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့နှစ်ယောက်ကို ဗြိတိန်နိုင်ငံသား နှစ်ယောက် အသတ်ခံရတာနဲ့ပတ်သက်ပြီး ၂၀၁၄ နှစ်ကုန်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာပါ။

သူတို့ကို ၂၀၁၅ နှစ်ကုန်ပိုင်းမှာ သေဒဏ်ချမှတ်ထားပြီး နောက်ဆုံးအယူခံလည်း ရှုံးနိမ့် ထားတာကြောင့် ထိုင်းဘုရင်မင်းမြတ်ရဲ့ လွတ်ငြိမ်းခွင့်တခုပဲ ကျန်တော့တာ ဖြစ်ပါတယ်။

ဒီအတွက် အစိုးရနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ မေတ္တာရပ်ခံထားပါတယ်။




ဝင္းႏွင့္ေဇာ္ အသက္ရွင္ခြင့္ရေရး ကူညီေပးရန္ ထိုင္းလူ႔အခြင့္အေရးေကာ္မရွင္ထံ ေမတၱာရပ္ခံ
ပိုင္စိုး

ထိုင္းႏိုင္ငံမွာ ေသဒဏ္က်ခံထားရတဲ့ ျမန္မာႏွစ္ေယာက္ အသက္ရွင္ခြင့္ရေရးအတြက္ လူ႔အခြင့္အေရးရႈေထာင့္က ကူညီေပးဖို႔ ထိုင္းအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ကို ျမန္မာ လူ႔အခြင့္အေရးေကာ္မရွင္က ေမတၱာရပ္ခံလိုက္ပါတယ္။

ဒါဟာ ၃ ႀကိမ္ေျမာက္ ေမတၱာရပ္ခံတာျဖစ္ၿပီး ၂၀၁၄ ေအာက္တိုဘာနဲ႔ ၂၀၁၅ ဒီဇင္ဘာတုန္းကလည္း မွ်မွ်တတ တရားစီရင္ခြင့္ရဖို႔၊ ညႇဥ္းပန္းႏွိပ္စက္တာမလုပ္ဖို႔၊ တရားစီရင္ရာမွာ မၾကန႔္ၾကာဖို႔၊ မိသားစုနဲ႔ ေတြ႕ဆုံခြင့္ရဖို႔၊ ဥပေဒရဲ႕ ကာကြယ္ေစာင့္ေရွာက္တာကို ခြဲျခားဆက္ဆံမခံရဘဲရဖို႔နဲ႔ သူတို႔ရဲ႕ အသက္ရွင္သန္ပိုင္ခြင့္အတြက္ ကူညီေဆာင္႐ြက္ေပးဖို႔ ေမတၱာရပ္ခံခဲ့ပါေသးတယ္။

အဲဒီတုန္းကလည္း ထိုင္းႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က အတတ္ႏိုင္ဆုံး ပူးေပါင္းေဆာင္႐ြက္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။

ျမန္မာ ေ႐ႊ႕ေျပာင္းလုပ္သား ကိုေဇာ္လင္းနဲ႔ ကိုဝင္းေဇာ္ထြန္းတို႔ႏွစ္ေယာက္ကို ၿဗိတိန္ႏိုင္ငံသား ႏွစ္ေယာက္ အသတ္ခံရတာနဲ႔ပတ္သက္ၿပီး ၂၀၁၄ ႏွစ္ကုန္ပိုင္းမွာ ဖမ္းဆီးခံခဲ့ရတာပါ။

သူတို႔ကို ၂၀၁၅ ႏွစ္ကုန္ပိုင္းမွာ ေသဒဏ္ခ်မွတ္ထားၿပီး ေနာက္ဆုံးအယူခံလည္း ရႈံးနိမ့္ ထားတာေၾကာင့္ ထိုင္းဘုရင္မင္းျမတ္ရဲ႕ လြတ္ၿငိမ္းခြင့္တခုပဲ က်န္ေတာ့တာ ျဖစ္ပါတယ္။

ဒီအတြက္ အစိုးရနဲ႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္တို႔ကလည္း သက္ဆိုင္ရာ တာဝန္ရွိသူေတြဆီ ေမတၱာရပ္ခံထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013