DVB Logo
Home
မြန်မာသတင်း
နော်အုန်းလှကို ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် ဖမ်းဆီး
DVB
·
September 10, 2019
နော်အုန်းလှကို ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် ဖမ်းဆီး
1 / 4
Donate to DVB

ရန်ကုန်မြို့မှာ ကရင်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့တာကြောင့် အမှုဖွင့်ခံထားရတဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWU) ခေါင်းဆောင် နော်အုန်းလှကို ကျောက်တံတားမြို့နယ် ရဲစခန်းက မနေ့စက်တင်ဘာလ ၉ ရက်နေ့ညမှာ ဖမ်းဆီးလိုက်ပါတယ်။

မနေ့ညက အလုံရဲစခန်းမှာ အမျိုးသမီးအရေးကိစ္စတခုဆောင်ရွက်နေချိန်မှာ ကျောက်တံတား မြို့နယ်ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကိုအာမခံမပေးခဲ့ဘူးလို့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ကိုမင်းနေထူးက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“အန်တီနော်ကို အာမခံမပေးပါဘူး၊ မနက်ဖြန် ကျောက်တံတားတရားရုံးမှာ ရုံးတင်မယ်လို့ ပြောပါတယ်။ ဝရမ်းကို ရဲစခန်းရောက်မှ ပြပါတယ်။ ငြိမ်းစုစီ ပုဒ်မ (၂၀) နဲ့ဖွင့်ထားပါတယ်တဲ့ တရားရုံးရောက်မှ အာမခံပေးပါ့မယ်လို့ပြောပါတယ်။”

မနေ့ညက ရဲစခန်းအထိ လိုက်ပါကူညီခဲ့တဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကတော့ သူ့ကို ဖမ်း၀ရမ်းထုတ်ပြီး ဖမ်းခဲ့တာကြောင့် ရဲစခန်းက အာမခံမပေးတာလို့ ပြောပါတယ်။ 

“မနေ့ညက ငြိမ်းစုစည်ပုဒ်မ ၂၀ အရ သူ့ကိုစွဲဆိုခြင်းဖြစ်ပါတယ်။ အဲတော့ သူက ခေါ်တာမလာလို့ဆိုပြီး လူဖမ်းဝရမ်းထုတ်ရတဲ့အတွက် မနေ့ညကတော့ ရဲစခန်းမှာ အာမခံမပေးဘူး။ အာမခံမပေးဘဲနဲ့ ဒီကနေ့ ၁၀ နာရီထိုး တရားရုံးကို စွဲတင်မယ်လို့ပြောပါတယ်။ ” 

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၂၀ ဟာ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်ပြီး ကိုယ်ပိုင်ခံဝန်ဖြစ်စေ၊ အာမခံပေးသူ ၂ ဦးဖြစ်စေ အာမခံရနိုင်တယ်လို့လည်း ပြောပါတယ်။ 

ကရင်အာဇာနည်နေ့ကျင်းပလို့ နော်အုန်းလှကို ဖမ်းဆီးတရားစွဲဆိုတာကို ကန့်ကွက်ရှုတ်ချကြောင်း KNU concerned Group က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အခုလို ကရင့်အမျိုးသားအာဇာနည်နေ့ကျင်းပလို ဖမ်းဆီးအရေးယူမှုဟာ ကရင့်တမျိုးသားလုံး အပေါ် ထိပါးစော်ကားစိန်ခေါ်လိုက်တာလို့လည်း ထုတ်ပြန်ထားပါတယ်။

ရှေ့နေဦးရောဘတ်ဆန်းအောင်ကတော့ ကရင်လူမျိုးတွေရဲ့အာဇာနည်နေ့ကို ကျင်းပတာ ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒီအမှုကို ပြန်ရုပ်သင့်တယ်လို့ ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုရင် ကရင်အမျိုးသားတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်သွားနိုင်တယ်။ သူ့လူမျိုးစုကနေပြီးတော့ သူ့ဘာသာသူ အာဇာနည်သတ်မှတ်တာလေ။ အဲဒါကို သတ်မှတ်ရကောင်းလား။ ဒီလိုအခမ်းအနားလုပ်ရကောင်းလားဆိုပြီး အရေးယူမယ်ဆိုရင်တော့ reconciliation ဆိုတဲ့အခြေခံမူကို မှေးမှိန်သွားစေမှာဖြစ်တဲ့အတွက် ပြန်လည်ရုပ်သိမ်းသင့်ပါတယ်လို့ပဲ ကျနော်က အဲဒါပဲ ဆန္ဒပြုပါတယ်။”

သြဂုတ် ၁၂ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပခဲ့တဲ့ ကရင်အာဇာနည်နေ့ အခမ်းအနားမှာ ကရင်အာဇာနည်နေ့ဟု မသုံးစွဲဖို့ အကြောင်းကြားပေမယ့် လိုက်နာခြင်း မရှိတဲ့အတွက်် နော်အုန်းလှ အပါအဝင် သုံးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ - မင်းနေထူး




ေနာ္အုန္းလွကို ၿငိမ္းစုစီပုဒ္မ ၂၀ ျဖင့္ ဖမ္းဆီး
ဒီဗြီဘီ
ရန္ကုန္ၿမိဳ႕မွာ ကရင္အာဇာနည္ေန႔ အခမ္းအနားက်င္းပခဲ့တာေၾကာင့္ အမႈဖြင့္ခံထားရတဲ့ ကရင္အမ်ိဳးသမီးအစည္းအ႐ုံး (KWU) ေခါင္းေဆာင္ ေနာ္အုန္းလွကို ေက်ာက္တံတားၿမိဳ႕နယ္ ရဲစခန္းက မေန႔စက္တင္ဘာလ ၉ ရက္ေန႔ညမွာ ဖမ္းဆီးလိုက္ပါတယ္။

မေန႔ညက အလုံရဲစခန္းမွာ အမ်ိဳးသမီးအေရးကိစၥတခုေဆာင္႐ြက္ေနခ်ိန္မွာ ေက်ာက္တံတား ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က လာေရာက္ဖမ္းဆီးခဲ့တာျဖစ္ၿပီး သူ႔ကိုအာမခံမေပးခဲ့ဘူးလို႔ ဒီမိုကေရစီႏွင့္ ၿငိမ္းခ်မ္းေရး အမ်ိဳးသမီးအဖြဲ႕မွ အေထြေထြအတြင္းေရးမႉး ကိုမင္းေနထူးက သူ႔ရဲ႕လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။

“အန္တီေနာ္ကို အာမခံမေပးပါဘူး၊ မနက္ျဖန္ ေက်ာက္တံတားတရား႐ုံးမွာ ႐ုံးတင္မယ္လို႔ ေျပာပါတယ္။ ဝရမ္းကို ရဲစခန္းေရာက္မွ ျပပါတယ္။ ၿငိမ္းစုစီ ပုဒ္မ (၂၀) နဲ႔ဖြင့္ထားပါတယ္တဲ့ တရား႐ုံးေရာက္မွ အာမခံေပးပါ့မယ္လို႔ေျပာပါတယ္။”

မေန႔ညက ရဲစခန္းအထိ လိုက္ပါကူညီခဲ့တဲ့ ေရွ႕ေန ဦးေရာဘတ္ဆန္းေအာင္ကေတာ့ သူ႔ကို ဖမ္း၀ရမ္းထုတ္ၿပီး ဖမ္းခဲ့တာေၾကာင့္ ရဲစခန္းက အာမခံမေပးတာလို႔ ေျပာပါတယ္။
“မေန႔ညက ၿငိမ္းစုစည္ပုဒ္မ ၂၀ အရ သူ႔ကိုစြဲဆိုျခင္းျဖစ္ပါတယ္။ အဲေတာ့ သူက ေခၚတာမလာလို႔ဆိုၿပီး လူဖမ္းဝရမ္းထုတ္ရတဲ့အတြက္ မေန႔ညကေတာ့ ရဲစခန္းမွာ အာမခံမေပးဘူး။ အာမခံမေပးဘဲနဲ႔ ဒီကေန႔ ၁၀ နာရီထိုး တရား႐ုံးကို စြဲတင္မယ္လို႔ေျပာပါတယ္။ ”

ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ႏွင့္ စီတန္းလွည့္လည္ခြင့္ ဆိုင္ရာ ဥပေဒပုဒ္မ ၂၀ ဟာ အာမခံေပးလို႔ရတဲ့ ပုဒ္မျဖစ္ၿပီး ကိုယ္ပိုင္ခံဝန္ျဖစ္ေစ၊ အာမခံေပးသူ ၂ ဦးျဖစ္ေစ အာမခံရႏိုင္တယ္လို႔လည္း ေျပာပါတယ္။

ကရင္အာဇာနည္ေန႔က်င္းပလို႔ ေနာ္အုန္းလွကို ဖမ္းဆီးတရားစြဲဆိုတာကို ကန႔္ကြက္ရႈတ္ခ်ေၾကာင္း KNU concerned Group က ဒီကေန႔ ထုတ္ျပန္ပါတယ္။

အခုလို ကရင့္အမ်ိဳးသားအာဇာနည္ေန႔က်င္းပလို ဖမ္းဆီးအေရးယူမႈဟာ ကရင့္တမ်ိဳးသားလုံး အေပၚ ထိပါးေစာ္ကားစိန္ေခၚလိုက္တာလို႔လည္း ထုတ္ျပန္ထားပါတယ္။

ေရွ႕ေနဦးေရာဘတ္ဆန္းေအာင္ကေတာ့ ကရင္လူမ်ိဳးေတြရဲ႕အာဇာနည္ေန႔ကို က်င္းပတာ ျဖစ္ၿပီး အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအတြက္ ဒီအမႈကို ျပန္႐ုပ္သင့္တယ္လို႔ ေျပာပါတယ္။

“ဘာျဖစ္လို႔လဲဆိုရင္ ကရင္အမ်ိဳးသားေတြနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို ထိခိုက္သြားႏိုင္တယ္။ သူ႔လူမ်ိဳးစုကေနၿပီးေတာ့ သူ႔ဘာသာသူ အာဇာနည္သတ္မွတ္တာေလ။ အဲဒါကို သတ္မွတ္ရေကာင္းလား။ ဒီလိုအခမ္းအနားလုပ္ရေကာင္းလားဆိုၿပီး အေရးယူမယ္ဆိုရင္ေတာ့ reconciliation ဆိုတဲ့အေျခခံမူကို ေမွးမွိန္သြားေစမွာျဖစ္တဲ့အတြက္ ျပန္လည္႐ုပ္သိမ္းသင့္ပါတယ္လို႔ပဲ က်ေနာ္က အဲဒါပဲ ဆႏၵျပဳပါတယ္။”

ၾသဂုတ္ ၁၂ ရက္က ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံေရွ႕မွာ က်င္းပခဲ့တဲ့ ကရင္အာဇာနည္ေန႔ အခမ္းအနားမွာ ကရင္အာဇာနည္ေန႔ဟု မသုံးစြဲဖို႔ အေၾကာင္းၾကားေပမယ့္ လိုက္နာျခင္း မရွိတဲ့အတြက္္ ေနာ္အုန္းလွ အပါအဝင္ သုံးဦးကို ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ႏွင့္ စီတန္းလွည့္လည္ျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၂၀ နဲ႔ အမႈဖြင့္ထားတာျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013