DVB Logo
Home
မြန်မာသတင်း
အပူပိုင်းမုန်တိုင်းအဖွဲ့ စုံညီအစည်းအဝေး နေပြည်တော်တွင် စတင်ကျင်းပ
DVB
·
September 9, 2019
အပူပိုင်းမုန်တိုင်းအဖွဲ့ စုံညီအစည်းအဝေး နေပြည်တော်တွင် စတင်ကျင်းပ
Donate to DVB

အပူပိုင်းမုန်တိုင်း သတိပေးချက်စနစ်တွေ ပိုကောင်းမွန်လာစေဖို့နဲ့ အပူပိုင်းမုန်တိုင်း ဘေးအန္တရာယ်တွေကြောင့် ပျက်စီးဆုံးရှုံးတာတွေ လျော့ကျနိုင်ရေးအတွက် ရည်ရွယ်ပြီး အပူပိုင်းမုန်တိုင်းအဖွဲ့ စုံညီအစည်းအဝေးကို ဒီနေ့ နေပြည်တော်မှာစတင်လိုက်ပြီး ၄ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (World Meteorological Organization-WMO)၊ ကုလသမဂ္ဂ အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (United Nations Economic and Social Commission for Asia and the Pacific- UNESCAP) တို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး တရုတ်နိုင်ငံ မိုးလေဝသဌာန၊ ဂျပန်နိုင်ငံ ရေနဲ့ဆက်နွယ်တဲ့ ဘေးအန္တရာယ်တွေနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု အပြည်ပြည်ဆိုင်ရာဗဟိုဌာနက ပညာရှင်တွေလည်း တက်ရောက်ကြပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့ အာရေဗျပင်လယ်ပြင်မှာ ဖြစ်ပေါ်တဲ့ အပူပိုင်းမုန်တိုင်းတွေအတွက် ခန့်မှန်းချက်နဲ့ သုတေသနလုပ်ငန်းတွေအတွက် နည်းပညာဆိုင်ရာ သတင်းအချက်အလက်တွေ ဖြန့်ဝေတာအပါအဝင် အပူပိုင်းမုန်တိုင်း သတိပေးချက်စနစ်တွေ ပိုပြီး ကောင်းမွန်လာစေဖို့၊ အပူပိုင်းမုန်တိုင်းနဲ့ ဆက်နွယ်တဲ့ ဘေးအန္တရာယ်တွေကြောင့် စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပျက်စီးဆုံးရှုံးတာတွေ လျှော့ချနိုင်ဖို့အတွက် ဒီအစည်းအဝေးလုပ်တာလို့ ထုတ်ပြန်ထားပါတယ်။

ဒီမျက်နှာစုံညီအစည်းအဝေးမှာ ဘင်္ဂလားပင်လယ်အော်နဲ့ အာရေဗျပင်လယ်ပြင်မှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းတွေကို အမည်သစ်ပေးဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေက အဆိုပြုထားတဲ့ မုန်တိုင်းအမည်တွေကို အတည်ပြုတာကိုလည်း လုပ်သွားမှာ ဖြစ်ပါတယ်။




အပူပိုင္းမုန္တိုင္းအဖြဲ႕ စုံညီအစည္းအေဝး ေနျပည္ေတာ္တြင္ စတင္က်င္းပ
DVB

အပူပိုင္းမုန္တိုင္း သတိေပးခ်က္စနစ္ေတြ ပိုေကာင္းမြန္လာေစဖို႔နဲ႔ အပူပိုင္းမုန္တိုင္း ေဘးအႏၲရာယ္ေတြေၾကာင့္ ပ်က္စီးဆုံးရႈံးတာေတြ ေလ်ာ့က်ႏိုင္ေရးအတြက္ ရည္႐ြယ္ၿပီး အပူပိုင္းမုန္တိုင္းအဖြဲ႕ စုံညီအစည္းအေဝးကို ဒီေန႔ ေနျပည္ေတာ္မွာစတင္လိုက္ၿပီး ၄ ရက္ၾကာ က်င္းပသြားမွာ ျဖစ္ပါတယ္။

မိုးေလဝသနဲ႔ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၊ ကမာၻ႔မိုးေလဝသအဖြဲ႕ခ်ဳပ္ (World Meteorological Organization-WMO)၊ ကုလသမဂၢ အာရွနဲ႔ပစိဖိတ္ေဒသဆိုင္ရာ စီးပြားေရးနဲ႔ လူမႈေရးေကာ္မရွင္ (United Nations Economic and Social Commission for Asia and the Pacific- UNESCAP) တို႔ ပူးေပါင္းျပဳလုပ္တာျဖစ္ၿပီး တ႐ုတ္ႏိုင္ငံ မိုးေလဝသဌာန၊ ဂ်ပန္ႏိုင္ငံ ေရနဲ႔ဆက္ႏြယ္တဲ့ ေဘးအႏၲရာယ္ေတြနဲ႔ ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ အျပည္ျပည္ဆိုင္ရာဗဟိုဌာနက ပညာရွင္ေတြလည္း တက္ေရာက္ၾကပါတယ္။

ဘဂၤလားပင္လယ္ေအာ္နဲ႔ အာေရဗ်ပင္လယ္ျပင္မွာ ျဖစ္ေပၚတဲ့ အပူပိုင္းမုန္တိုင္းေတြအတြက္ ခန႔္မွန္းခ်က္နဲ႔ သုေတသနလုပ္ငန္းေတြအတြက္ နည္းပညာဆိုင္ရာ သတင္းအခ်က္အလက္ေတြ ျဖန႔္ေဝတာအပါအဝင္ အပူပိုင္းမုန္တိုင္း သတိေပးခ်က္စနစ္ေတြ ပိုၿပီး ေကာင္းမြန္လာေစဖို႔၊ အပူပိုင္းမုန္တိုင္းနဲ႔ ဆက္ႏြယ္တဲ့ ေဘးအႏၲရာယ္ေတြေၾကာင့္ စီးပြားေရး၊ လူမႈေရးဆိုင္ရာ ပ်က္စီးဆုံးရႈံးတာေတြ ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ဒီအစည္းအေဝးလုပ္တာလို႔ ထုတ္ျပန္ထားပါတယ္။

ဒီမ်က္ႏွာစုံညီအစည္းအေဝးမွာ ဘဂၤလားပင္လယ္ေအာ္နဲ႔ အာေရဗ်ပင္လယ္ျပင္မွာ ျဖစ္ေပၚတဲ့ မုန္တိုင္းေတြကို အမည္သစ္ေပးဖို႔အတြက္ အဖြဲ႕ဝင္ႏိုင္ငံေတြက အဆိုျပဳထားတဲ့ မုန္တိုင္းအမည္ေတြကို အတည္ျပဳတာကိုလည္း လုပ္သြားမွာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013