DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့တွင် မီးလောင်၊ နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံး
DVB
·
September 9, 2019
မြဝတီမြို့တွင် မီးလောင်၊ နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံး
1 / 3
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၂ ရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားခဲ့လို့ နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အိမ်ရှင်မတဦးက အဝတ်ထည်မီးပူတိုက်ရာမှ လျှပ်စစ်မီး ဝါယာလျှော့ဖြစ်ကာ စတင်မီးလောင်ကျွမ်းခဲ့ပြီး အနီးနားက နေအိမ်တွေကို ကူးစက်လောင်ကျွမ်းခဲ့တာကြောင့် စုစုပေါင်း နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံးခဲ့တာပါ။

မီးလောင်ကျွမ်းမှုကို  မြဝတီခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၄ စီး၊ သင်္ဃန်းညီနောင်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၄ စီး၊ ရပ်ကွက်မှ မီးသတ်ယာဉ ၃ စီးတို့နဲ့ ငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၁၁ နာရီမှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘဲ မီးစတင်လောင်ကျွမ်းတဲ့ အိမ်ပိုင်ရှင်ကိုတော့ မြဝတီမြို့ရဲစခန်းက စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - ဖိုးစီ၊ ဓာတ်ပုံ - Myanmar Fire Services Department




ျမဝတီၿမိဳ႕တြင္ မီးေလာင္၊ ေနအိမ္ ၆ လုံး ပ်က္စီးဆုံးရႈံး
ဖိုးစီ
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ အမွတ္ ၂ ရပ္ကြက္မွာ ဒီကေန႔ မနက္ ၁၀ နာရီခြဲေလာက္က မီးေလာင္မႈျဖစ္ပြားခဲ့လို႔ ေနအိမ္ ၆ လုံး ပ်က္စီးဆုံးရႈံးခဲ့တယ္လို႔ သိရပါတယ္။

အိမ္ရွင္မတဦးက အဝတ္ထည္မီးပူတိုက္ရာမွ လွ်ပ္စစ္မီး ဝါယာေလွ်ာ့ျဖစ္ကာ စတင္မီးေလာင္ကြၽမ္းခဲ့ၿပီး အနီးနားက ေနအိမ္ေတြကို ကူးစက္ေလာင္ကြၽမ္းခဲ့တာေၾကာင့္ စုစုေပါင္း ေနအိမ္ ၆ လုံး ပ်က္စီးဆုံးရႈံးခဲ့တာပါ။

မီးေလာင္ကြၽမ္းမႈကို ျမဝတီခ႐ိုင္မီးသတ္စခန္းမွ မီးသတ္ယာဥ္ ၄ စီး၊ သဃၤန္းညီေနာင္မီးသတ္စခန္းမွ မီးသတ္ယာဥ္ ၁ စီး၊ အရန္မီးသတ္စခန္းမွ မီးသတ္ယာဥ္ ၄ စီး၊ ရပ္ကြက္မွ မီးသတ္ယာဉ ၃ စီးတို႔နဲ႔ ျငႇိမ္းသတ္ခဲ့တာေၾကာင့္ မနက္ ၁၁ နာရီမွာ မီးၿငိမ္းသြားတယ္လို႔ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

မီးေလာင္မႈေၾကာင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးကိုေတာ့ မသိရေသးဘဲ မီးစတင္ေလာင္ကြၽမ္းတဲ့ အိမ္ပိုင္ရွင္ကိုေတာ့ ျမဝတီၿမိဳ႕ရဲစခန္းက စစ္ေဆးေနတယ္လို႔ သိရပါတယ္။
ဓာတ္ပုံ - Myanmar Fire Services Department

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013