DVB Logo
Home
မြန်မာသတင်း
ဝင်ငွေနည်းပြည်သူများကို အကာအကွယ်ပေးသွားမည့် အသေးစားအာမခံလုပ်ငန်းတခု ပြုလုပ်မည်
DVB
·
September 9, 2019
ဝင်ငွေနည်းပြည်သူများကို အကာအကွယ်ပေးသွားမည့် အသေးစားအာမခံလုပ်ငန်းတခု ပြုလုပ်မည်
Donate to DVB

မြန်မာနိုင်ငံမှာ ဝင်ငွေနည်းပြည်သူတွေအတွက် အကာအကွယ်ပေးသွားမယ့် အသေးစား အာမခံလုပ်ငန်းတခုကို ပြုလုပ်ဖို့ စက်တင်ဘာ ၉ ရက်နေ့က ရန်ကုန်မြို့  Chatrium hotel မှာ ပြုလုပ်ခဲ့ပါတယ်။ 

အဲ့ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဝင်ငွေနည်းပြည်သူတွေအတွက် အသက်အာမခံ၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်တဲ့ အာမခံ၊ စိုက်ပျိုးရေးအာမခံနဲ့ ရှင်သန်နေထိုင်မှုဘဝတွေကို အကာအကွယ်ပေးသွားမယ့် အသေးစားအာမခံတခုကို ပြုလုပ်ဖို့  အဓိက ဆွေးနွေးခဲ့တယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ အစဉ်အလာနဲ့ဆောင်ရွက်နေတဲ့ အာမခံလုပ်ငန်းတွေဟာ တကယ့်ဝင်ငွေနည်းပါးတဲ့သူတွေကို အကာအကွယ်မဖြစ်ပါဘူး၊ ဒါကြောင့် အဲ့ဒီအသေးစား အာမခံလုပ်ငန်းကို ဝင်ငွေနည်းပါးတဲ့ ပြည်သူတွေအတွက် အဓိကထားပြီး လုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အာမခံလုပ်ငန်းက တာဝန်ရှိသူတွေနဲ့ အခုလို ဆွေးနွေးခဲ့တာလို့ DaNa Facility အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံအတွင်းမှာ အသေးစားအာမခံလုပ်ငန်းတွေ အသုံးများ လာစေဖို့အတွက် လိုအပ်တဲ့ဥပဒေ၊ စည်းကမ်းထိန်းသိမ်းတာနဲ့ ဈေးကွက်ဆိုင်ရာ လုပ်ငန်းလိုအပ်ချက်တွေကို ဆွေးနွေးသွားခဲ့ပါတယ်။ 

ဒါ့အပြင် အသေးစားအာမခံလုပ်ငန်းဟာ လူ့အဖွဲ့အစည်းတခုလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် အသေးစားအာမခံလုပ်ငန်းတခုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆွေးနွေးသွားပါတယ်။ 

နေလင်းအောင်




ဝင္ေငြနည္းျပည္သူမ်ားကို အကာအကြယ္ေပးသြားမည့္ အေသးစားအာမခံလုပ္ငန္းတခု ျပဳလုပ္မည္
DVB

ျမန္မာႏိုင္ငံမွာ ဝင္ေငြနည္းျပည္သူေတြအတြက္ အကာအကြယ္ေပးသြားမယ့္ အေသးစား အာမခံလုပ္ငန္းတခုကို ျပဳလုပ္ဖို႔ စက္တင္ဘာ ၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Chatrium hotel မွာ ျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒီေဆြးေႏြးပြဲမွာ ျမန္မာႏိုင္ငံအတြင္းမွာရွိတဲ့ ဝင္ေငြနည္းျပည္သူေတြအတြက္ အသက္အာမခံ၊ သဘာဝေဘးအႏၲရာယ္ေၾကာင့္ျဖစ္တဲ့ အာမခံ၊ စိုက္ပ်ိဳးေရးအာမခံနဲ႔ ရွင္သန္ေနထိုင္မႈဘဝေတြကို အကာအကြယ္ေပးသြားမယ့္ အေသးစားအာမခံတခုကို ျပဳလုပ္ဖို႔ အဓိက ေဆြးေႏြးခဲ့တယ္လို႔ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန ေငြေရးေၾကးေရးႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးသန႔္ဇင္က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိ အစဥ္အလာနဲ႔ေဆာင္႐ြက္ေနတဲ့ အာမခံလုပ္ငန္းေတြဟာ တကယ့္ဝင္ေငြနည္းပါးတဲ့သူေတြကို အကာအကြယ္မျဖစ္ပါဘူး၊ ဒါေၾကာင့္ အဲ့ဒီအေသးစား အာမခံလုပ္ငန္းကို ဝင္ေငြနည္းပါးတဲ့ ျပည္သူေတြအတြက္ အဓိကထားၿပီး လုပ္ေဆာင္ဖို႔အတြက္ ျမန္မာႏိုင္ငံအတြင္းမွာရွိတဲ့ အာမခံလုပ္ငန္းက တာဝန္ရွိသူေတြနဲ႔ အခုလို ေဆြးေႏြးခဲ့တာလို႔ DaNa Facility အဖြဲ႕ တာဝန္ရွိသူက ေျပာပါတယ္။

အဲ့ဒီကိစၥနဲ႔ပတ္သတ္ၿပီး ျမန္မာႏိုင္ငံအတြင္းမွာ အေသးစားအာမခံလုပ္ငန္းေတြ အသုံးမ်ား လာေစဖို႔အတြက္ လိုအပ္တဲ့ဥပေဒ၊ စည္းကမ္းထိန္းသိမ္းတာနဲ႔ ေဈးကြက္ဆိုင္ရာ လုပ္ငန္းလိုအပ္ခ်က္ေတြကို ေဆြးေႏြးသြားခဲ့ပါတယ္။

ဒါ့အျပင္ အေသးစားအာမခံလုပ္ငန္းဟာ လူ႔အဖြဲ႕အစည္းတခုလုံးမွာရွိတဲ့ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မယ့္ အေသးစားအာမခံလုပ္ငန္းတခုျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေဆြးေႏြးသြားပါတယ္။
ေနလင္းေအာင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013