DVB Logo
Home
မြန်မာသတင်း
ကျောက်မဲ၌ ကျွဲကျောင်းသည့် ရွာသားတဦး မိုင်းနင်းမိ
DVB
·
September 9, 2019
ကျောက်မဲ၌ ကျွဲကျောင်းသည့် ရွာသားတဦး မိုင်းနင်းမိ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲမှာ မနေ့က ကျွဲကျောင်းသွားတဲ့ ရွာသားတဦး မိုင်းနင်းမိပြီး ဒဏ်ရာရသွားပါတယ်။

ကျောက်မဲမြောက်ဘက် မိုင် ၃၀ ခန့်အကွာ မိုင်းငေါ့မြို့နယ်ခွဲ တာလုံရပ်နေ ဦးကျော်ခိုင် (အသက် ၄၂ နှစ် ) ဟာ မနေ့ညနေ ၂ နာရီလောက်က ကျွဲကျောင်းသွားစဉ် ဆန်စေ့ရွာနား လမ်းဘေးမှာ လက်လုပ်မိုင်း ထိမိသွားတာလို့ ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

“သူက ခါတိုင်းလိုပဲ ကျွဲမောင်းသွားတာပေါ့။ ဆန်စေ့ရွာထိပ်နားက လူသွားလမ်းအတိုင်းပဲ သွားနေတုန်း လမ်းဘေးက လက်လုပ်မိုင်းကို တိုက်မိတော့ သူ့ညာဘက်ညို့သကျည်းမှာ ၁ ချက်၊ ညာဘက်ခြေသလုံး ဖောက်ထွက်သွားတာက ၁ ချက်၊ နောက် ညာဘက်လက်ညှိုးက လက်သည်းခွံကွာသွားတယ်။ အစက သူ့ကို မိုင်းငေါ့တိုက်နယ်ဆေးရုံ ခေါ်သွားတယ်။ ညနေ ၅ နာရီလောက်ကျတော့ မိုင်းငေါ့ကြက်ခြေနီအသင်းနဲ့ လူမှုကူညီရေးအသင်းက သူ့ကို ကျောက်မဲ ဆေးရုံကို ခေါ်လာပါတယ်ခင်ဗျ။”

ဦးကျော်ခိုင်အား မိုင်းစတွေ ထိသွားတဲ့နေရာဟာ အသက်အန္တရာယ်နဲ့ နီးတဲ့နေရာတွေ မဟုတ်တာကြောင့် စိုးရိမ်စရာတော့ မရှိကြောင်း၊ ဒါပေမယ့် မိုင်းငေါ့ - ကျောက်မဲဘက်မှာ ရွာသားတွေ သွားရင်းလာရင်း မိုင်းထိမိတာတွေ မကြာခဏဖြစ်လေ့ရှိတော့ စိုးရိမ်စွာနဲ့ သတိထားပြီးသွားလာနေရတယ်လို့ ဆိုပါတယ်။

အဲဒီဒေသမှာ လတ်တလောတိုက်ပွဲတွေ မရှိပေမယ့် ပြီးခဲ့တဲ့လ ၁၅ ရက်နေ့က နောင်ချိုဘက်မှာ မြောက်ပိုင်းမဟာမိတ်နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပြီးတဲ့နောက် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက အဲဒီဘက်လမ်းကြောင်းတွေကိုဖြတ်ကျော်ပြီး ဆုတ်ခွာခဲ့တယ်လို့ ကျောက်မဲဒေသခံ ၁ ဦးက ပြောပါတယ်။

ကျောက်မဲခရိုင်ထဲမှာ ပြီးခဲ့တဲ့လကလည်း ရွာသားတွေ မိုင်းထိခဲ့ကြရာမှာ မိုင်းငေါ့မှာ ၂ ဦး၊ ကော်ပေါင်းရွာမှာ ၂ ဦး၊ မိုင်ပေါဝ်းရွာအနီးမှာ ၃ ဦးရှိပြီး သူတို့ထဲက ကော်ပေါင်းရွာသား ၁ ဦးသေဆုံးခဲ့ကြောင်း၊ ကျန် ၆ ဦးမှာ ဒဏ်ရာတွေရခဲ့ကြတယ်လို့ ဦးတင်မောင်သိန်းက ပြောပါတယ်။
Photo: Tin Maung Thein




ေက်ာက္မဲ၌ ကြၽဲေက်ာင္းသည့္ ႐ြာသားတဦး မိုင္းနင္းမိ
နန္းျမနဒီ
ရွမ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ မိုင္းေငါ့ၿမိဳ႕နယ္ခြဲမွာ မေန႔က ကြၽဲေက်ာင္းသြားတဲ့ ႐ြာသားတဦး မိုင္းနင္းမိၿပီး ဒဏ္ရာရသြားပါတယ္။

ေက်ာက္မဲေျမာက္ဘက္ မိုင္ ၃၀ ခန႔္အကြာ မိုင္းေငါ့ၿမိဳ႕နယ္ခြဲ တာလုံရပ္ေန ဦးေက်ာ္ခိုင္ (အသက္ ၄၂ ႏွစ္ ) ဟာ မေန႔ညေန ၂ နာရီေလာက္က ကြၽဲေက်ာင္းသြားစဥ္ ဆန္ေစ့႐ြာနား လမ္းေဘးမွာ လက္လုပ္မိုင္း ထိမိသြားတာလို႔ ေက်ာက္မဲၿမိဳ႕ ဇီဝိတလူမႈကူညီေရးအသင္း ဥကၠ႒ ဦးတင္ေမာင္သိန္းက ဒီဗြီဘီကို ေျပာပါတယ္။

“သူက ခါတိုင္းလိုပဲ ကြၽဲေမာင္းသြားတာေပါ့။ ဆန္ေစ့႐ြာထိပ္နားက လူသြားလမ္းအတိုင္းပဲ သြားေနတုန္း လမ္းေဘးက လက္လုပ္မိုင္းကို တိုက္မိေတာ့ သူ႔ညာဘက္ညိဳ႕သက်ည္းမွာ ၁ ခ်က္၊ ညာဘက္ေျခသလုံး ေဖာက္ထြက္သြားတာက ၁ ခ်က္၊ ေနာက္ ညာဘက္လက္ညႇိဳးက လက္သည္းခြံကြာသြားတယ္။ အစက သူ႔ကို မိုင္းေငါ့တိုက္နယ္ေဆး႐ုံ ေခၚသြားတယ္။ ညေန ၅ နာရီေလာက္က်ေတာ့ မိုင္းေငါ့ၾကက္ေျခနီအသင္းနဲ႔ လူမႈကူညီေရးအသင္းက သူ႔ကို ေက်ာက္မဲ ေဆး႐ုံကို ေခၚလာပါတယ္ခင္ဗ်။”

ဦးေက်ာ္ခိုင္အား မိုင္းစေတြ ထိသြားတဲ့ေနရာဟာ အသက္အႏၲရာယ္နဲ႔ နီးတဲ့ေနရာေတြ မဟုတ္တာေၾကာင့္ စိုးရိမ္စရာေတာ့ မရွိေၾကာင္း၊ ဒါေပမယ့္ မိုင္းေငါ့ - ေက်ာက္မဲဘက္မွာ ႐ြာသားေတြ သြားရင္းလာရင္း မိုင္းထိမိတာေတြ မၾကာခဏျဖစ္ေလ့ရွိေတာ့ စိုးရိမ္စြာနဲ႔ သတိထားၿပီးသြားလာေနရတယ္လို႔ ဆိုပါတယ္။

အဲဒီေဒသမွာ လတ္တေလာတိုက္ပြဲေတြ မရွိေပမယ့္ ၿပီးခဲ့တဲ့လ ၁၅ ရက္ေန႔က ေနာင္ခ်ိဳဘက္မွာ ေျမာက္ပိုင္းမဟာမိတ္နဲ႔ ျမန္မာ့တပ္မေတာ္တို႔ တိုက္ပြဲျဖစ္ၿပီးတဲ့ေနာက္ ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႕ေတြက အဲဒီဘက္လမ္းေၾကာင္းေတြကိုျဖတ္ေက်ာ္ၿပီး ဆုတ္ခြာခဲ့တယ္လို႔ ေက်ာက္မဲေဒသခံ ၁ ဦးက ေျပာပါတယ္။

ေက်ာက္မဲခ႐ိုင္ထဲမွာ ၿပီးခဲ့တဲ့လကလည္း ႐ြာသားေတြ မိုင္းထိခဲ့ၾကရာမွာ မိုင္းေငါ့မွာ ၂ ဦး၊ ေကာ္ေပါင္း႐ြာမွာ ၂ ဦး၊ မိုင္ေပါဝ္း႐ြာအနီးမွာ ၃ ဦးရွိၿပီး သူတို႔ထဲက ေကာ္ေပါင္း႐ြာသား ၁ ဦးေသဆုံးခဲ့ေၾကာင္း၊ က်န္ ၆ ဦးမွာ ဒဏ္ရာေတြရခဲ့ၾကတယ္လို႔ ဦးတင္ေမာင္သိန္းက ေျပာပါတယ္။
Photo: Tin Maung Thein

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013