DVB Logo
Home
မြန်မာသတင်း
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌအား တရားစွဲဆိုမှု တပ်မတော်ပြန်ရုပ်သိမ်း
DVB
·
September 9, 2019
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌအား တရားစွဲဆိုမှု တပ်မတော်ပြန်ရုပ်သိမ်း
1 / 3
Donate to DVB

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် ကို တပ်မတော်ဘက်က တရားစွဲဆိုခဲ့တာကို စက်တင်ဘာလ ၉ ရက်နေ့မှာ ပြန်ရုတ်သိမ်းလိုက်ပြီလို့ မြစ်ကြီးနားမြို့နယ်တရားရုံးက ထုတ်ပြန်ပါတယ်။ 

တပ်မတော်အနေနဲ့ အလျော့အတင်းတွေလုပ်ပြီး လူထုနဲ့ သဟဇာတဖြစ်အာင်လုပ်သွားနိုင်တဲ့ ကိစ္စကို ကြိုဆိုရမယ်လို့ တရားစွဲခံရတဲ့ ဒေါက်တာခမ်လမ်ဆမ်ဆွန်က ဒီဗွီဘီကိုပြောပါတယ်။

ပြည်သူတွေလိုလားချက်ကို တပ်မတော်အနေနဲ့နားလည်ပြီး တရားရုံးကို မရောက်ဘဲ ပြေလည်အောင် လုပ်ဆောင်သွားနိုင်တာ ကောင်းတဲ့အလားလာဖြစ်တယ်လို့ ပြောဆိုသလို တပ်မတော်အနေနဲ့ အခုလိုမျိုး ဆက်လက်လုပ်ဆောင်သွားစေချင်တယ်လို့ ဒေါက်တာဆလမ်ဆမ်ဆွန်က ပြောဆိုပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နဲ့ တွေ့ဆုံချိန်မှာ ဒေါက်တာခလမ်ဆမ်ဆွန် ပြောဆိုခဲ့တာတွေနဲ့ စပ်လျဉ်းပြီး အရေးယူပေးဖို့ ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က တရားလို ပြုလုပ်ပြီး တရားရုံကို ဦးတိုက် လျှောက်ထားခဲ့တာပါ။ 

ဒီလိုတရားစွဲဆိုမှုနဲ့ပတ်သက်ပြီး လုပ်ဆောင်တာက မဖြစ်သင့်တဲ့ကိစ္စလို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က စက်တင်ဘာလ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်တစ်ဆောင် ထုတ်ပြန်ခဲ့ပါတယ်။ 

အဲဒီထုတ်ပြန်ချက်ထဲမှာ ဒေါ်နယ်ထရမ့်ကိုပြောဆိုခဲ့တာက ပြည်ထောင်စုမြန်မာနိုင်ရဲ့ အရေးကို မေတ္တာရှေ့ထားကာ အပြုသဘောနဲ့ ပြောဆိုခဲ့တာလို့ ဖော်ပြထားပြီး အမှန်တရားကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ကိစ္စကို ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူဖို့ ပြင်ဆင်တာဟာ နည်းလမ်းမှန်ကန်မှုမရှိဘူးဆိုပြီး သုံးသပ်မိတယ်လို့လည်း ပါရှိပါတယ်။

အမေရိကန်သမ္မတနဲ့ တွေ့ဆုံစဉ်မှာ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်က မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေကို တပ်မတော်က ဖိနှိပ်ခဲ့ပြီး ဘုရားကျောင်းတွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့ကြောင်းနဲ့ ဘာသာရေးကို လွတ်လွတ်လပ်လပ် ကိုးကွယ်ဖို့ အခွင့်အရေး မရကြောင်း၊ တိုင်းရင်းသား လူနည်းစု ခေါင်းဆောင်တွေကို အမေရိကန်အစိုးရအနေနဲ့ ဦးစားပေး ကူညီဖို့ အပါအဝင် အချက် ၅ ချက်ကို တင်ပြတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။




ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ဥကၠ႒အား တရားစြဲဆိုမႈ တပ္မေတာ္ျပန္႐ုပ္သိမ္း
ေအာင္သူ

ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ဥကၠ႒ သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာခလမ္ဆမ္ဆြန္ ကို တပ္မေတာ္ဘက္က တရားစြဲဆိုခဲ့တာကို စက္တင္ဘာလ ၉ ရက္ေန႔မွာ ျပန္႐ုတ္သိမ္းလိုက္ၿပီလို႔ ျမစ္ႀကီးနားၿမိဳ႕နယ္တရား႐ုံးက ထုတ္ျပန္ပါတယ္။

တပ္မေတာ္အေနနဲ႔ အေလ်ာ့အတင္းေတြလုပ္ၿပီး လူထုနဲ႔ သဟဇာတျဖစ္အာင္လုပ္သြားႏိုင္တဲ့ ကိစၥကို ႀကိဳဆိုရမယ္လို႔ တရားစြဲခံရတဲ့ ေဒါက္တာခမ္လမ္ဆမ္ဆြန္က ဒီဗြီဘီကိုေျပာပါတယ္။

ျပည္သူေတြလိုလားခ်က္ကို တပ္မေတာ္အေနနဲ႔နားလည္ၿပီး တရား႐ုံးကို မေရာက္ဘဲ ေျပလည္ေအာင္ လုပ္ေဆာင္သြားႏိုင္တာ ေကာင္းတဲ့အလားလာျဖစ္တယ္လို႔ ေျပာဆိုသလို တပ္မေတာ္အေနနဲ႔ အခုလိုမ်ိဳး ဆက္လက္လုပ္ေဆာင္သြားေစခ်င္တယ္လို႔ ေဒါက္တာဆလမ္ဆမ္ဆြန္က ေျပာဆိုပါတယ္။

အေမရိကန္သမၼတေဒၚနယ္ထရမ့္ နဲ႔ ေတြ႕ဆုံခ်ိန္မွာ ေဒါက္တာခလမ္ဆမ္ဆြန္ ေျပာဆိုခဲ့တာေတြနဲ႔ စပ္လ်ဥ္းၿပီး အေရးယူေပးဖို႔ ဒုတိယဗိုလ္မႉးႀကီး သန္းထိုက္က တရားလို ျပဳလုပ္ၿပီး တရား႐ုံကို ဦးတိုက္ ေလွ်ာက္ထားခဲ့တာပါ။

ဒီလိုတရားစြဲဆိုမႈနဲ႔ပတ္သက္ၿပီး လုပ္ေဆာင္တာက မျဖစ္သင့္တဲ့ကိစၥလို႔ ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္က စက္တင္ဘာလ ၆ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္တစ္ေဆာင္ ထုတ္ျပန္ခဲ့ပါတယ္။

အဲဒီထုတ္ျပန္ခ်က္ထဲမွာ ေဒၚနယ္ထရမ့္ကိုေျပာဆိုခဲ့တာက ျပည္ေထာင္စုျမန္မာႏိုင္ရဲ႕ အေရးကို ေမတၱာေရွ႕ထားကာ အျပဳသေဘာနဲ႔ ေျပာဆိုခဲ့တာလို႔ ေဖာ္ျပထားၿပီး အမွန္တရားကို လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ ကိစၥကို ျပစ္မႈဆိုင္ရာဥပေဒအရ အေရးယူဖို႔ ျပင္ဆင္တာဟာ နည္းလမ္းမွန္ကန္မႈမရွိဘူးဆိုၿပီး သုံးသပ္မိတယ္လို႔လည္း ပါရွိပါတယ္။

အေမရိကန္သမၼတနဲ႔ ေတြ႕ဆုံစဥ္မွာ ဆရာေတာ္ ေဒါက္တာခလမ္ဆမ္ဆြန္က ျမန္မာႏိုင္ငံမွာ ခရစ္ယာန္ဘာသာဝင္ေတြကို တပ္မေတာ္က ဖိႏွိပ္ခဲ့ၿပီး ဘုရားေက်ာင္းေတြကို ဖ်က္ဆီးတာေတြ လုပ္ခဲ့ေၾကာင္းနဲ႔ ဘာသာေရးကို လြတ္လြတ္လပ္လပ္ ကိုးကြယ္ဖို႔ အခြင့္အေရး မရေၾကာင္း၊ တိုင္းရင္းသား လူနည္းစု ေခါင္းေဆာင္ေတြကို အေမရိကန္အစိုးရအေနနဲ႔ ဦးစားေပး ကူညီဖို႔ အပါအဝင္ အခ်က္ ၅ ခ်က္ကို တင္ျပေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013