DVB Logo
Home
မြန်မာသတင်း
မြန်မာရဲတပ်ဖွဲ့အတွက် လျှပ်စစ်ဟိုက်ဘရစ်ကားများ Kaing Kaing Sangda စက်ရုံက ထုတ်ပေးမည်
DVB
·
September 9, 2019
မြန်မာရဲတပ်ဖွဲ့အတွက် လျှပ်စစ်ဟိုက်ဘရစ်ကားများ Kaing Kaing Sangda စက်ရုံက ထုတ်ပေးမည်
1 / 2
Donate to DVB

တရုတ်-မြန်မာချစ်ကြည်ရေးအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အသုံးပြုဖို့ Kaing Kaing Sangda မော်တော်ကားစက်ရုံက လျှပ်စစ်ဟိုက်ဘရစ်ကားတွေကို တာဝန်ယူ ထုတ်လုပ်ပေးသွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူ Mr Yu Jian ကပြောပါတယ်။

ဒီလျှပ်စစ်ဟိုက်ဘရစ်ကားတွေဟာ မြန်မာနိုင်ငံမှာ ပထမဆုံးစတင်ထုတ်လုပ်မှာဖြစ်ပြီးတော့ မြန်မာနိုင်ငံရဲ့ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်မီးခိုးကင်းစင်ဖို့အတွက်နဲ့ စက်သုံးဆီချွေတာဖို့ အတွက် တရုတ်နည်းပညာနဲ့ ထုတ်လုပ်ထားတာလို့ တာဝန်ရှိသူကပြောပါတယ်။ 

လက်ရှိမှာတော့ လျှပ်စစ်ဘက်ထရီကား KSD V1 အမျိုးအစားကို အစီးရေ ၁၀၀ ကျော် ထုတ်လုပ်ထားပြီး ကညန က လိုင်စင်ရရှိပါက တရက်ကို အစီးရေ ၄၀ လောက် ထုတ်လုပ်သွား မယ်လို့ သိရပါတယ်။

ဒီကားတင်သွင်းမှုအတွက် တရုတ်အစိုးရက အခွန်မယူထားပါဘူး။ မြန်မာပြည်သူတွေ ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူနိုင်အောင်ရောင်းချပေးသွားမှာပါ။ ဘက်ထရီစွမ်းအင်ကို လျှပ်စစ်မီးရရှိနိုင်တဲ့နေရာတွေမှာ အလွယ်တကူသွင်းနိုင်ပြီး ဟိုင်းဝေးလမ်းမှာ ဘက်ထရီအား ရာခိုင်နှုန်း နည်းနေရင် ဆီထည့်ပြီးကားရဲ့ဘက်ထရီကို အားဖြည့်ပေးနိုင်တဲ့ စက်ပါ တပ်ဆင်ထားတယ်လို့ Kaing Kaing Sangda စက်ရုံက မန်နေးဂျင်းဒါရိုက်တာကပြောပါတယ်။

KSD V1 ကားကို ငွေကျပ် ၉၃ သိန်းနဲ့ဝယ်ယူနိုင်ပြီး ဘက်ထရီ အာမခံတစ်နှစ်ခွဲ ပေးထားပါတယ်။ ကားအတွက် အာမခံပေးနိုင်တဲ့ ကာလအတွင်း ကားရဲ့စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကို အဆိုပါစက်ရုံမှာ ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။




ျမန္မာရဲတပ္ဖြဲ႕အတြက္ လွ်ပ္စစ္ဟိုက္ဘရစ္ကားမ်ား Kaing Kaing Sangda စက္႐ုံက ထုတ္ေပးမည္
ခိုင္ပန္းႏု

တ႐ုတ္-ျမန္မာခ်စ္ၾကည္ေရးအေနနဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ အသုံးျပဳဖို႔ Kaing Kaing Sangda ေမာ္ေတာ္ကားစက္႐ုံက လွ်ပ္စစ္ဟိုက္ဘရစ္ကားေတြကို တာဝန္ယူ ထုတ္လုပ္ေပးသြားမယ္လို႔ ကုမၸဏီတာဝန္ရွိသူ Mr Yu Jian ကေျပာပါတယ္။

ဒီလွ်ပ္စစ္ဟိုက္ဘရစ္ကားေတြဟာ ျမန္မာႏိုင္ငံမွာ ပထမဆုံးစတင္ထုတ္လုပ္မွာျဖစ္ၿပီးေတာ့ ျမန္မာႏိုင္ငံရဲ႕ ရာသီဥတု၊ သဘာဝပတ္ဝန္းက်င္မီးခိုးကင္းစင္ဖို႔အတြက္နဲ႔ စက္သုံးဆီေခြၽတာဖို႔ အတြက္ တ႐ုတ္နည္းပညာနဲ႔ ထုတ္လုပ္ထားတာလို႔ တာဝန္ရွိသူကေျပာပါတယ္။

လက္ရွိမွာေတာ့ လွ်ပ္စစ္ဘက္ထရီကား KSD V1 အမ်ိဳးအစားကို အစီးေရ ၁၀၀ ေက်ာ္ ထုတ္လုပ္ထားၿပီး ကညန က လိုင္စင္ရရွိပါက တရက္ကို အစီးေရ ၄၀ ေလာက္ ထုတ္လုပ္သြား မယ္လို႔ သိရပါတယ္။

ဒီကားတင္သြင္းမႈအတြက္ တ႐ုတ္အစိုးရက အခြန္မယူထားပါဘူး။ ျမန္မာျပည္သူေတြ ေဈးႏႈန္းသက္သက္သာသာနဲ႔ ဝယ္ယူႏိုင္ေအာင္ေရာင္းခ်ေပးသြားမွာပါ။ ဘက္ထရီစြမ္းအင္ကို လွ်ပ္စစ္မီးရရွိႏိုင္တဲ့ေနရာေတြမွာ အလြယ္တကူသြင္းႏိုင္ၿပီး ဟိုင္းေဝးလမ္းမွာ ဘက္ထရီအား ရာခိုင္ႏႈန္း နည္းေနရင္ ဆီထည့္ၿပီးကားရဲ႕ဘက္ထရီကို အားျဖည့္ေပးႏိုင္တဲ့ စက္ပါ တပ္ဆင္ထားတယ္လို႔ Kaing Kaing Sangda စက္႐ုံက မန္ေနးဂ်င္းဒါ႐ိုက္တာကေျပာပါတယ္။

KSD V1 ကားကို ေငြက်ပ္ ၉၃ သိန္းနဲ႔ဝယ္ယူႏိုင္ၿပီး ဘက္ထရီ အာမခံတစ္ႏွစ္ခြဲ ေပးထားပါတယ္။ ကားအတြက္ အာမခံေပးႏိုင္တဲ့ ကာလအတြင္း ကားရဲ႕စက္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈေတြကို အဆိုပါစက္႐ုံမွာ ေဆာင္႐ြက္ေပးသြားမယ္လို႔သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013