DVB Logo
Home
မြန်မာသတင်း
နှစ် ၈၀ ပြည့် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ
DVB
·
September 9, 2019
နှစ် ၈၀ ပြည့် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ
1 / 8
Donate to DVB

မြန်မာလွတ်လပ်ရေးရဲ့ မီးရှူးတန်ဆောင် အာရှနေဝန်းလို့ တင်သစားခေါ်ဝေါ်ထားတဲ့ ဆရာတော် ဦးဥတ္တမရဲ့ နှစ် ၈၀ ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ ရခိုင်ပြည်နယ် ဓမ္မာရုံမှာ ကျင်းပနေပါတယ်။

ဆရာတော် ဦးဥတ္တမကိုတော့ ၁၈၇၉ ခုနှစ် ဒီဇင်ဘာလမှာ ခမည်းတော် ဦးစံမြ၊ မယ်တော် ဒေါ်အောင်ကြွဖြူတို့က မွေးဖွားခဲ့ပါတယ်။

ဆရာတော်ရဲ့ ငယ်အမည်မှာ မောင်ပေါ်ထွန်းအောင်ဖြစ်ပြီး အင်္ဂလိပ်၊ ဂျပန်၊ ပါဠိ-သက္က၊ ဘင်္ဂါလီ၊ နာဂရီ၊ ဟိန္နူ၊ ပြင်သစ်၊ အီတလီနဲ့ တိဘတ် ဘာသာစကားတွေ တက်မြောက်ထားပါတယ်။

ဆရာတော် ဦးဥတ္တမဟာ ဥရောပခရီးစဉ် အခန်းဆက်ဆောင်းပါး တရုတ်ပြည် ခရီးစဉ်ဆောင်းပါးနဲ့ ဂျပန်ပြည် အတ္ထုပတ္တိ စတဲ့ စာပေတို့ကို ရေးသားခဲ့ပြီး ကမ္ဘာအနှံ့ လှည့်လည်သွားလာခဲ့ပါတယ်။

ဆရာတော်ဟာ ဗြိတိသျှဆန့်ကျင်ရေးလှုပ်ရှားမှု ဟောပြောလှုံ့ဆော်မှုကြောင့် အလုပ်ကြမ်းနဲ့ထောင်ဒဏ်ကျခံခဲ့ရပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့ပါတယ်။




ႏွစ္ ၈၀ ျပည့္ ဆရာေတာ္ ဦးဥတၱမေန႔ ေအာက္ေမ့ဖြယ္အခမ္းအနား က်င္းပ
သူဇာလင္း

ျမန္မာလြတ္လပ္ေရးရဲ႕ မီးရွဴးတန္ေဆာင္ အာရွေနဝန္းလို႔ တင္သစားေခၚေဝၚထားတဲ့ ဆရာေတာ္ ဦးဥတၱမရဲ႕ ႏွစ္ ၈၀ ျပည့္ ေအာက္ေမ့ဖြယ္ အထိမ္းအမွတ္အခမ္းအနားကို စက္တင္ဘာလ ၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ရခိုင္ျပည္နယ္ ဓမၼာ႐ုံမွာ က်င္းပေနပါတယ္။

ဆရာေတာ္ ဦးဥတၱမကိုေတာ့ ၁၈၇၉ ခုႏွစ္ ဒီဇင္ဘာလမွာ ခမည္းေတာ္ ဦးစံျမ၊ မယ္ေတာ္ ေဒၚေအာင္ႂကြျဖဴတို႔က ေမြးဖြားခဲ့ပါတယ္။

ဆရာေတာ္ရဲ႕ ငယ္အမည္မွာ ေမာင္ေပၚထြန္းေအာင္ျဖစ္ၿပီး အဂၤလိပ္၊ ဂ်ပန္၊ ပါဠိ-သကၠ၊ ဘဂၤါလီ၊ နာဂရီ၊ ဟိႏၷဴ၊ ျပင္သစ္၊ အီတလီနဲ႔ တိဘတ္ ဘာသာစကားေတြ တက္ေျမာက္ထားပါတယ္။

ဆရာေတာ္ ဦးဥတၱမဟာ ဥေရာပခရီးစဥ္ အခန္းဆက္ေဆာင္းပါး တ႐ုတ္ျပည္ ခရီးစဥ္ေဆာင္းပါးနဲ႔ ဂ်ပန္ျပည္ အတၳဳပတၱိ စတဲ့ စာေပတို႔ကို ေရးသားခဲ့ၿပီး ကမာၻအႏွံ႔ လွည့္လည္သြားလာခဲ့ပါတယ္။

ဆရာေတာ္ဟာ ၿဗိတိသွ်ဆန႔္က်င္ေရးလႈပ္ရွားမႈ ေဟာေျပာလႈံ႕ေဆာ္မႈေၾကာင့္ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္က်ခံခဲ့ရၿပီး ၁၉၃၉ ခုႏွစ္ စက္တင္ဘာလ ၉ ရက္ေန႔မွာ ပ်ံလြန္ေတာ္မူခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013