DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် တရားမဝင်မြန်မာ ၇ ဦးအား စိတ်ကြွဆေးနှင့်အတူဖမ်းမိ
DVB
·
September 9, 2019
မဲဆောက်တွင် တရားမဝင်မြန်မာ ၇ ဦးအား စိတ်ကြွဆေးနှင့်အတူဖမ်းမိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၇ ဦးကို စိတ်ကြွဆေးပြားတွေနဲ့ ဖမ်းဆီးရမိတယ်လို့ AEC အာဆီယံသတင်းမှာ ဖော်ပြပါတယ်။

မဲဆောက် ဒုမြို့နယ်မှူး၊ ပြည်သူ့စစ်၊ ကျေးရွာအုပ် ချုပ်ရေးမှူး နဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပါဝင်တဲ့ အင်အား ၃၀ ဟာ စက်တင်ဘာ ၈ ရက်နေ့က ရပ်ရွာလုံခြုံရေး၊ သစ်တောထွက်ပစ္စည်းများ ထိန်းသိမ်းရေး၊ သစ်တောနယ်မြေကျူးကျော်မှုများ တားဆီးရေးအတွက် နယ်မြေထဲကွင်းဆင်းစစ်ဆေးရာက တောထဲကနေ ဖြတ်ပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် လာတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို စိတ်ကြွဆေး ၉ ပြားနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

သူတို့အားလုံးကို နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ အရေးယူဖို့ မဲဆောက်ရဲစခန်းကို ဆက်လက်ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မဲဆောက်မြို့နယ်ထဲမှာ ခုတပတ်တွင်း နယ်မြေလုံခြုံမှုစစ်ဆေးရေးတွေ ဆောင်ရွက်နေရာ မှာ အရင်ပတ်ကလည်း မြန်မာဘက်ကမ်းကနေ သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ကူးပြီး ထိုင်း ဘက်ခြမ်း မဲဆောက်မြို့နယ် ထာ့ဆိုင်လွှတ်ရပ်ကွက်ထဲကို တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၇၀ ကျော်  ပိတ်ဆို့ဖမ်းဆီးခံခဲ့ရပါတယ်။

Photo: aecaseannews




မဲေဆာက္တြင္ တရားမဝင္ျမန္မာ ၇ ဦးအား စိတ္ႂကြေဆးႏွင့္အတူဖမ္းမိ
ဒီဗြီဘီ

ထိုင္-ျမန္မာနယ္စပ္ တာ့ခ္ခ႐ိုင္ မဲေဆာက္ၿမိဳ႕မွာ တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာ ၇ ဦးကို စိတ္ႂကြေဆးျပားေတြနဲ႔ ဖမ္းဆီးရမိတယ္လို႔ AEC အာဆီယံသတင္းမွာ ေဖာ္ျပပါတယ္။

မဲေဆာက္ ဒုၿမိဳ႕နယ္မႉး၊ ျပည္သူ႔စစ္၊ ေက်း႐ြာအုပ္ ခ်ဳပ္ေရးမႉး နဲ႔ ရပ္႐ြာလုံၿခဳံေရးအဖြဲ႕ေတြ ပူးေပါင္းပါဝင္တဲ့ အင္အား ၃၀ ဟာ စက္တင္ဘာ ၈ ရက္ေန႔က ရပ္႐ြာလုံၿခဳံေရး၊ သစ္ေတာထြက္ပစၥည္းမ်ား ထိန္းသိမ္းေရး၊ သစ္ေတာနယ္ေျမက်ဴးေက်ာ္မႈမ်ား တားဆီးေရးအတြက္ နယ္ေျမထဲကြင္းဆင္းစစ္ေဆးရာက ေတာထဲကေန ျဖတ္ၿပီး ထိုင္းႏိုင္ငံထဲ တရားမဝင္ ဝင္ေရာက္ လာတဲ့ ျမန္မာႏိုင္ငံသား ၇ ဦးကို စိတ္ႂကြေဆး ၉ ျပားနဲ႔အတူ ဖမ္းဆီးရမိတယ္လို႔ ဆိုပါတယ္။

သူတို႔အားလုံးကို ႏိုင္ငံထဲ တရားမဝင္ ဝင္ေရာက္မႈ၊ မူးယစ္ေဆးလက္ဝယ္ေတြ႕ရွိမႈနဲ႔ အေရးယူဖို႔ မဲေဆာက္ရဲစခန္းကို ဆက္လက္ပို႔ေဆာင္ထားတယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

မဲေဆာက္ၿမိဳ႕နယ္ထဲမွာ ခုတပတ္တြင္း နယ္ေျမလုံၿခဳံမႈစစ္ေဆးေရးေတြ ေဆာင္႐ြက္ေနရာ မွာ အရင္ပတ္ကလည္း ျမန္မာဘက္ကမ္းကေန ေသာင္ရင္းျမစ္ကို ေလွနဲ႔ျဖတ္ကူးၿပီး ထိုင္း ဘက္ျခမ္း မဲေဆာက္ၿမိဳ႕နယ္ ထာ့ဆိုင္လႊတ္ရပ္ကြက္ထဲကို တရားမဝင္ ဝင္ေရာက္ေနထိုင္ေနတဲ့ ျမန္မာႏိုင္ငံသား ၇၀ ေက်ာ္ ပိတ္ဆို႔ဖမ္းဆီးခံခဲ့ရပါတယ္။
Photo: aecaseannews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013