DVB Logo
Home
မြန်မာသတင်း
Myanmar’s Got Talent ဖိုင်နယ်တက်သွားသည့် ရွှေတံဆိပ်များရှင် မသန်စွမ်းအားကစား သမား-ဝင်းစန်းအောင်(ရုပ်သံ)
DVB
·
September 9, 2019
Myanmar’s Got Talent ဖိုင်နယ်တက်သွားသည့် ရွှေတံဆိပ်များရှင် မသန်စွမ်းအားကစား သမား-ဝင်းစန်းအောင်(ရုပ်သံ)
Donate to DVB

“ဒါဟာချစ်ဗိမာန်လို့ ကိုယ်ထင်ပေမယ့်… အလွမ်းအဆွေးများရဲ့ထောင်ချောက်ပဲ… ထုံကြိုင်မွှေးပျံသော ချစ်ရနံ့များဟာ… အဆိပ်ငွေ့များလိုသတ်နေပြီ”

ဒါကတော့ ရော့ခ်ကာကြီး အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ အချစ်တဲ့လားအမည်ရတဲ့ သီချင်းတပုဒ်ဖြစ်ပြီး တချိန်ကတော့ ပရိသတ်တွေရဲ့ ပါးစပ်ဖျားရေပန်းစားခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

ခုတခါမှာတော့ ဒီသီချင်းကို Myanmar’s Got Talent ရဲ့ဆီမီးဖိုင်နယေအဆင့‌ေ ပြိုင်ပွဲ စင်မြင့်ပေါ်မှာ ပြိုင်ပွဲဝင်တဦးရဲ့ ပုံစံတမျိုးနဲ့ ထူးထူးခြားခြား ယှဉ်ပြိုင်ခဲ့တာကို တကျော့ ပြန်ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီသီချင်းကို ကီးဘုတ်တီးပြီး ထူးထူးခြားခြား ပြိုင်ပွဲဝင်ခဲ့သူကတော့ မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမား ဝင်းစန်းအောင်ဖြစ်ပြီး ပရိသတ်ပေးတဲ့ မဲအများဆုံးနဲ့ ဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့တာပါ။

ပရိသတ်အားပေးမှုတွေနဲ့ ထင်ရှားတဲ့ ဒီပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ၅ ပတ်မြောက်အဖြစ် ကျင်းပခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲမှာတော့ ဝင်းစန်းအောင်နဲ့အတူ ရှေးလန်းရှမ်း လေး၊ ချာလီ၊ မင်းမင်း၊ Hey Mega နဲ့ ဇော်နိုင်ဝင်းတို့က ထူးခြားတဲ့ ရိုးရာရုပ်သေးပညာ၊ မီးအကအလှ၊ ခေတ်ပေါ်အကစတဲ့ စွမ်းရည်တွေ အမျိုးမျိုးနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ ကြတာ ဖြစ်ပါတယ်။

“ရန်သူကြီးတစ်ယောက်လို ထင်နေပြီလား… အမုန်းလက်နက်တွေ ကိုင်စွဲထား… သိပ်တင်းမာပြင်းထန်နေသူမင်းလေးရဲ့… အိုး… ဆက်ဆံရေးတွေကျဲနေပြီ”

ဝင်းစန်းအောင်ဟာ ရေကူး၊ ဝှီးချဲဘတ်စကက်ဘော၊ အလေးမ၊ သံလုံးသံပြားပစ်၊ ဝှီးချဲကြက်တောင် စတဲ့ မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားတဦးဖြစ်ပြီး အရှေ့တောင်အာရှအဆင့် ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၁၈ ခုလောက် ရရှိထားခဲ့ပြီးလည်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ Myanmar’s Got Talent ပြိုင်ပွဲမှာတော့ ဒိုင်တွေအဖြစ် ဝါရင့် သရုပ်ဆောင်မင်းသမီး မို့မို့မြင့်အောင်၊ ဒါရိုက်တာ မောင်သီ၊ သရုပ်ဆောင်မင်းသမီး ခိုင် သင်းကြည်နဲ့ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးတို့က အကဲဖြတ်အမှတ်ပေးကြတာပါ။

ကီးဘုတ်ကို ကိုယ်တိုင်အိမ်မှာပဲ ငယ်ငယ်တည်းက လေ့ကျင့်ရင်း တတ်လာတာဖြစ်ပြီး အိမ်မှာတယောက်တည်း နေရတာများတဲ့အချိန်မှာ ကီးဘုတ်ဟာ သူ့ရဲ့ အဖော် ဖြစ်လာခဲ့တယ်လို့ ပြောခဲ့တဲ့ ဝင်းစန်းအောင်ကတော့ Myanmar’s Got Talent ရဲ့ Audition အဆင့်မှာလည်း ဇော်ဝင်းထွဋ်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ကောင်းကင်မေမေသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့သူဖြစ်ကာ ဒိုင် ၄ ယောက်စလုံးဆီက YES တွေ ရရှိခဲ့ပြီး နောက်တဆင့် တက်လာခဲ့သူ ဖြစ်ပါတယ်။

“ဒါဟာ အချစ်တဲ့လား… အဲဒါ အချစ်တဲ့လား… ဒါများအချစ်တဲ့လားကွာ… မင်း ပြောစမ်း… ဒါဟာ အချစ်တဲ့လား… အဲဒါ အချစ်တဲ့လား… ဒါများအချစ်တဲ့လားကွာ… မင်း ပြောဦး… ဒါဟာ အချစ်တဲ့လား… အဲဒါ အချစ်တဲ့လား… ဒါများအချစ်တဲ့လားကွာ… ပြန်ပြောဦး”

Myanmar’s Got Talent ရဲ့ ဆီမီးဖိုင်နယ်အဆင့်ရဲ့ ထုံးစံအတိုင်း ဖိုင်နယ်အဆင့် ကို တက်ရောက်နိုင်မယ့်သူ ၂ ဦးကိုသာ ရွေးချယ်တာဖြစ်ပြီး ဝင်းစန်းအောင်နဲ့အတူ နောက်တဆင့်ကို တက်ရောက်နိုင်မယ့်သူတဦးကို Top 3 ထဲက ရွေးချယ်ချိန်မှာတော့ ဒိုင် ၄ ဦးက ၂ မဲစီနဲ့ ဇော်နိုင်ဝင်းနဲ့ Hey Mega တို့က ရလဒ်တူညီခဲ့တာပါ။

အဲဒီနောက် ပရိသတ်မဲဒုတိယ အများဆုံးရရှိခဲ့သူကို ရွေးချယ်ချိန်မှာတော့ ဇော်နိုင်ဝင်းက နောက်တဆင့်ဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။




Myanmar’s Got Talent ဖိုင္နယ္တက္သြားသည့္ ေ႐ႊတံဆိပ္မ်ားရွင္ မသန္စြမ္းအားကစား သမား-ဝင္းစန္းေအာင္(႐ုပ္သံ)
(ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ)
DVB

“ဒါဟာခ်စ္ဗိမာန္လို႔ ကိုယ္ထင္ေပမယ့္… အလြမ္းအေဆြးမ်ားရဲ႕ေထာင္ေခ်ာက္ပဲ… ထုံႀကိဳင္ေမႊးပ်ံေသာ ခ်စ္ရနံ႔မ်ားဟာ… အဆိပ္ေငြ႕မ်ားလိုသတ္ေနၿပီ”
ဒါကေတာ့ ေရာ့ခ္ကာႀကီး အဆိုေတာ္ ေဇာ္ဝင္းထြဋ္ရဲ႕ အခ်စ္တဲ့လားအမည္ရတဲ့ သီခ်င္းတပုဒ္ျဖစ္ၿပီး တခ်ိန္ကေတာ့ ပရိသတ္ေတြရဲ႕ ပါးစပ္ဖ်ားေရပန္းစားခဲ့တဲ့ သီခ်င္းတပုဒ္ ျဖစ္ပါတယ္။

ခုတခါမွာေတာ့ ဒီသီခ်င္းကို Myanmar’s Got Talent ရဲ႕ဆီမီးဖိုင္နေယအဆင့‌ေ ၿပိဳင္ပြဲ စင္ျမင့္ေပၚမွာ ၿပိဳင္ပြဲဝင္တဦးရဲ႕ ပုံစံတမ်ိဳးနဲ႔ ထူးထူးျခားျခား ယွဥ္ၿပိဳင္ခဲ့တာကို တေက်ာ့ ျပန္ရႈစားၾကရမွာ ျဖစ္ပါတယ္။

ဒီသီခ်င္းကို ကီးဘုတ္တီးၿပီး ထူးထူးျခားျခား ၿပိဳင္ပြဲဝင္ခဲ့သူကေတာ့ ျမန္မာ့လက္ေ႐ြးစင္ မသန္စြမ္းအားကစားသမား ဝင္းစန္းေအာင္ျဖစ္ၿပီး ပရိသတ္ေပးတဲ့ မဲအမ်ားဆုံးနဲ႔ ဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့တာပါ။

ပရိသတ္အားေပးမႈေတြနဲ႔ ထင္ရွားတဲ့ ဒီၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္အဆင့္ကို ၅ ပတ္ေျမာက္အျဖစ္ က်င္းပခဲ့တာျဖစ္ၿပီး ဒီၿပိဳင္ပြဲမွာေတာ့ ဝင္းစန္းေအာင္နဲ႔အတူ ေရွးလန္းရွမ္း ေလး၊ ခ်ာလီ၊ မင္းမင္း၊ Hey Mega နဲ႔ ေဇာ္ႏိုင္ဝင္းတို႔က ထူးျခားတဲ့ ႐ိုးရာ႐ုပ္ေသးပညာ၊ မီးအကအလွ၊ ေခတ္ေပၚအကစတဲ့ စြမ္းရည္ေတြ အမ်ိဳးမ်ိဳးနဲ႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ ၾကတာ ျဖစ္ပါတယ္။

“ရန္သူႀကီးတစ္ေယာက္လို ထင္ေနၿပီလား… အမုန္းလက္နက္ေတြ ကိုင္စြဲထား… သိပ္တင္းမာျပင္းထန္ေနသူမင္းေလးရဲ႕… အိုး… ဆက္ဆံေရးေတြက်ဲေနၿပီ”

ဝင္းစန္းေအာင္ဟာ ေရကူး၊ ဝွီးခ်ဲဘတ္စကက္ေဘာ၊ အေလးမ၊ သံလုံးသံျပားပစ္၊ ဝွီးခ်ဲၾကက္ေတာင္ စတဲ့ ျမန္မာ့လက္ေ႐ြးစင္ မသန္စြမ္းအားကစားသမားတဦးျဖစ္ၿပီး အေရွ႕ေတာင္အာရွအဆင့္ ၿပိဳင္ပြဲေတြမွာ ေ႐ႊတံဆိပ္ ၁၈ ခုေလာက္ ရရွိထားခဲ့ၿပီးလည္း ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ရဲ႕ Myanmar’s Got Talent ၿပိဳင္ပြဲမွာေတာ့ ဒိုင္ေတြအျဖစ္ ဝါရင့္ သ႐ုပ္ေဆာင္မင္းသမီး မို႔မို႔ျမင့္ေအာင္၊ ဒါ႐ိုက္တာ ေမာင္သီ၊ သ႐ုပ္ေဆာင္မင္းသမီး ခိုင္ သင္းၾကည္နဲ႔ အစီအစဥ္တင္ဆက္သူ ေမာင္ေမာင္ေအးတို႔က အကဲျဖတ္အမွတ္ေပးၾကတာပါ။

ကီးဘုတ္ကို ကိုယ္တိုင္အိမ္မွာပဲ ငယ္ငယ္တည္းက ေလ့က်င့္ရင္း တတ္လာတာျဖစ္ၿပီး အိမ္မွာတေယာက္တည္း ေနရတာမ်ားတဲ့အခ်ိန္မွာ ကီးဘုတ္ဟာ သူ႔ရဲ႕ အေဖာ္ ျဖစ္လာခဲ့တယ္လို႔ ေျပာခဲ့တဲ့ ဝင္းစန္းေအာင္ကေတာ့ Myanmar’s Got Talent ရဲ႕ Audition အဆင့္မွာလည္း ေဇာ္ဝင္းထြဋ္ရဲ႕ သီခ်င္းတပုဒ္ျဖစ္တဲ့ ေကာင္းကင္ေမေမသီခ်င္းနဲ႔ ယွဥ္ၿပိဳင္ခဲ့သူျဖစ္ကာ ဒိုင္ ၄ ေယာက္စလုံးဆီက YES ေတြ ရရွိခဲ့ၿပီး ေနာက္တဆင့္ တက္လာခဲ့သူ ျဖစ္ပါတယ္။

“ဒါဟာ အခ်စ္တဲ့လား… အဲဒါ အခ်စ္တဲ့လား… ဒါမ်ားအခ်စ္တဲ့လားကြာ… မင္း ေျပာစမ္း… ဒါဟာ အခ်စ္တဲ့လား… အဲဒါ အခ်စ္တဲ့လား… ဒါမ်ားအခ်စ္တဲ့လားကြာ… မင္း ေျပာဦး… ဒါဟာ အခ်စ္တဲ့လား… အဲဒါ အခ်စ္တဲ့လား… ဒါမ်ားအခ်စ္တဲ့လားကြာ… ျပန္ေျပာဦး”

Myanmar’s Got Talent ရဲ႕ ဆီမီးဖိုင္နယ္အဆင့္ရဲ႕ ထုံးစံအတိုင္း ဖိုင္နယ္အဆင့္ ကို တက္ေရာက္ႏိုင္မယ့္သူ ၂ ဦးကိုသာ ေ႐ြးခ်ယ္တာျဖစ္ၿပီး ဝင္းစန္းေအာင္နဲ႔အတူ ေနာက္တဆင့္ကို တက္ေရာက္ႏိုင္မယ့္သူတဦးကို Top 3 ထဲက ေ႐ြးခ်ယ္ခ်ိန္မွာေတာ့ ဒိုင္ ၄ ဦးက ၂ မဲစီနဲ႔ ေဇာ္ႏိုင္ဝင္းနဲ႔ Hey Mega တို႔က ရလဒ္တူညီခဲ့တာပါ။

အဲဒီေနာက္ ပရိသတ္မဲဒုတိယ အမ်ားဆုံးရရွိခဲ့သူကို ေ႐ြးခ်ယ္ခ်ိန္မွာေတာ့ ေဇာ္ႏိုင္ဝင္းက ေနာက္တဆင့္ဖိုင္နယ္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013