DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း အားပြင်းငလျင်နှင့်ပတ်သက်ပြီး ငလျင်ကော်မတီက ကွင်းဆင်းတိုင်းတာမှုပြုလုပ်နေ
DVB
·
September 8, 2019
စစ်ကိုင်းတိုင်း အားပြင်းငလျင်နှင့်ပတ်သက်ပြီး ငလျင်ကော်မတီက ကွင်းဆင်းတိုင်းတာမှုပြုလုပ်နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ခင်ဦးမြို့နယ်ကြားကို ဗဟိုပြုလှုပ်ခဲ့တဲ့ ငလျင်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီနဲ့ စင်္ကာပူနိုင်ငံ နန့်ယန်းနည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကွင်းဆင်းလေ့လာနေပါတယ်။

သြဂုတ် ၃၁ ရက်နေ့က အင်အားရစ်(ခ်)တာစကေး ၆ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပြီး ဒီငလျင်ကြောင့် ငလျင်ဗဟိုချက်နဲ့နီးတဲ့ ရွှေဘို၊ ရေဦး၊ ခင်ဦးမြို့နယ်အတွင်းမှာ သာသနိက အဆောက်အဦတွေ၊ လူနေအိမ်တွေနှင့် လူအချို့ ထိခိုက်ပျက်စီးဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ငလျင်ဒဏ်ကို ရွှေဘိုမြို့နယ်မှာ ၁၂ နေရာ၊ ရေဦးမြို့နယ်မှာ ၂၉ နေရာနဲ့ ခင်ဦးမြို့နယ်မှာ ၃၉ နေရာက စေတီ၊ ဘုန်းကြီးကျောင်း၊ ဗလီ၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ နေအိမ်တွေ ထိခိုက်မှုဖြစ်ပေါ်ခဲ့တာပါ။ 

ငလျင်ကြီးလှုပ်ပြီးရင် နောက်ထပ်ငလျင်ငယ်တွေ ထပ်မံလှုပ်ခတ်တတ်တာကြောင့် အခြေအနေလေ့လာသုတေသနပြုလုပ်နိုင်ဖို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီနဲ့ စင်ကာပူနိုင်ငံ နန့်ယန်းနည်းပညာတက္ကသိုလ် (Earth Observation of Singapore) တို့ပူးပေါင်းပြီး မုံရွာ၊ မန္တလေး၊ ရန်ကုန် တက္ကသိုလ် ဘူမိဗေဒဌာနက ဆရာတွေ၊ ပါရဂူဘွဲ့ သင်တန်းသားတွေပါဝင်တဲ့အဖွဲ့က စက်တင်ဘာလ ၇ ရက်နေ့ကစတင်ကာ တပတ်လောက်ကြာမယ့် သုတေသနကို လုပ်ဆောင်နေတာပါ။

"အဓိကကတော့ ငလျင်ကြီးလှုပ်ပြီးရင် ငလျင်ငယ်တွေလာတတ်တယ်။ ငလျင်ရဲ့ လှိုင်းကြိမ်နှုန်းတွေ ဖမ်းယူလေ့လာ သုတေသနပြုနိုင်အောင် ငလျင်တိုင်းတာတဲ့ စက်တွေ လိုက်လံတပ်ဆင်တာဖြစ်ပါတယ်။ အဓိကကတော့ ငလျင်ဗဟိုချက်နဲ့ နီးစပ်တဲ့ ဒေသတွေမှာပဲ အဓိကလုပ်ဆောင်တာဖြစ်ပါတယ်" လို့ လေ့လာရေးအဖွဲ့မှာပါဝင်တဲ့ မုံရွာတက္ကသိုလ် ဘူမိဗေဒဌာန လက်ထောက်ကထိက ဦးပြည့်ဖြိုးဟန်က ပြောပါတယ်။

လေ့လာသုတေသနပြုလုပ်နေတဲ့ အဖွဲ့ထဲမှာ နိုင်ငံခြားသား တယောက်အပါအဝင် စုစုပေါင်း ၆ ယောက်ပါဝင်ပြီး ငလျင်တိုင်းတာရေးကို ၁ လအကြာမှာ ပြန်လည် စစ်တမ်းကောက်ယူသွားမှာဖြစ်ပါတယ်။

သြဂုတ် ၃၁ ရက်နေ့က ပြင်းအား ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ၂ နာရီအတွင်း နောက်ထပ် ငလျင်ငယ် ၅ ခု ထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။ 

ဒါ့အပြင် စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာလည်း ငလျင်ငယ်တခု လှုပ်ခတ်ခဲ့သေးတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ လက်ရှိသုတေသနလုပ်ဆောင်နေတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

စစ္ကိုင္းတိုင္း အားျပင္းငလ်င္ႏွင့္ပတ္သက္ၿပီး ငလ်င္ေကာ္မတီက ကြင္းဆင္းတိုင္းတာမႈျပဳလုပ္ေန

စစ္ကိုင္းတိုင္း၊ ေရဦးၿမိဳ႕နယ္နဲ႔ ခင္ဦးၿမိဳ႕နယ္ၾကားကို ဗဟိုျပဳလႈပ္ခဲ့တဲ့ ငလ်င္နဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံေျမငလ်င္ေကာ္မတီနဲ႔ စကၤာပူႏိုင္ငံ နန႔္ယန္းနည္းပညာတကၠသိုလ္တို႔ ပူးေပါင္းကြင္းဆင္းေလ့လာေနပါတယ္။

ၾသဂုတ္ ၃၁ ရက္ေန႔က အင္အားရစ္(ခ္)တာစေကး ၆ အဆင့္ရွိတဲ့ ငလ်င္တခု လႈပ္ခတ္ခဲ့ၿပီး ဒီငလ်င္ေၾကာင့္ ငလ်င္ဗဟိုခ်က္နဲ႔နီးတဲ့ ေ႐ႊဘို၊ ေရဦး၊ ခင္ဦးၿမိဳ႕နယ္အတြင္းမွာ သာသနိက အေဆာက္အဦေတြ၊ လူေနအိမ္ေတြႏွင့္ လူအခ်ိဳ႕ ထိခိုက္ပ်က္စီးဒဏ္ရာေတြ ရခဲ့ၾကပါတယ္။

ငလ်င္ဒဏ္ကို ေ႐ႊဘိုၿမိဳ႕နယ္မွာ ၁၂ ေနရာ၊ ေရဦးၿမိဳ႕နယ္မွာ ၂၉ ေနရာနဲ႔ ခင္ဦးၿမိဳ႕နယ္မွာ ၃၉ ေနရာက ေစတီ၊ ဘုန္းႀကီးေက်ာင္း၊ ဗလီ၊ စာသင္ေက်ာင္း၊ ေဆးေပးခန္း၊ ေနအိမ္ေတြ ထိခိုက္မႈျဖစ္ေပၚခဲ့တာပါ။

ငလ်င္ႀကီးလႈပ္ၿပီးရင္ ေနာက္ထပ္ငလ်င္ငယ္ေတြ ထပ္မံလႈပ္ခတ္တတ္တာေၾကာင့္ အေျခအေနေလ့လာသုေတသနျပဳလုပ္ႏိုင္ဖို႔ ျမန္မာႏိုင္ငံေျမငလ်င္ေကာ္မတီနဲ႔ စင္ကာပူႏိုင္ငံ နန႔္ယန္းနည္းပညာတကၠသိုလ္ (Earth Observation of Singapore) တို႔ပူးေပါင္းၿပီး မုံ႐ြာ၊ မႏၲေလး၊ ရန္ကုန္ တကၠသိုလ္ ဘူမိေဗဒဌာနက ဆရာေတြ၊ ပါရဂူဘြဲ႕ သင္တန္းသားေတြပါဝင္တဲ့အဖြဲ႕က စက္တင္ဘာလ ၇ ရက္ေန႔ကစတင္ကာ တပတ္ေလာက္ၾကာမယ့္ သုေတသနကို လုပ္ေဆာင္ေနတာပါ။

"အဓိကကေတာ့ ငလ်င္ႀကီးလႈပ္ၿပီးရင္ ငလ်င္ငယ္ေတြလာတတ္တယ္။ ငလ်င္ရဲ႕ လႈိင္းႀကိမ္ႏႈန္းေတြ ဖမ္းယူေလ့လာ သုေတသနျပဳႏိုင္ေအာင္ ငလ်င္တိုင္းတာတဲ့ စက္ေတြ လိုက္လံတပ္ဆင္တာျဖစ္ပါတယ္။ အဓိကကေတာ့ ငလ်င္ဗဟိုခ်က္နဲ႔ နီးစပ္တဲ့ ေဒသေတြမွာပဲ အဓိကလုပ္ေဆာင္တာျဖစ္ပါတယ္" လို႔ ေလ့လာေရးအဖြဲ႕မွာပါဝင္တဲ့ မုံ႐ြာတကၠသိုလ္ ဘူမိေဗဒဌာန လက္ေထာက္ကထိက ဦးျပည့္ၿဖိဳးဟန္က ေျပာပါတယ္။

ေလ့လာသုေတသနျပဳလုပ္ေနတဲ့ အဖြဲ႕ထဲမွာ ႏိုင္ငံျခားသား တေယာက္အပါအဝင္ စုစုေပါင္း ၆ ေယာက္ပါဝင္ၿပီး ငလ်င္တိုင္းတာေရးကို ၁ လအၾကာမွာ ျပန္လည္ စစ္တမ္းေကာက္ယူသြားမွာျဖစ္ပါတယ္။

ၾသဂုတ္ ၃၁ ရက္ေန႔က ျပင္းအား ၆ အဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့ၿပီး ၂ နာရီအတြင္း ေနာက္ထပ္ ငလ်င္ငယ္ ၅ ခု ထပ္မံလႈပ္ခတ္ခဲ့ပါေသးတယ္။

ဒါ့အျပင္ စက္တင္ဘာ ၁ ရက္ေန႔ မနက္ပိုင္းမွာလည္း ငလ်င္ငယ္တခု လႈပ္ခတ္ခဲ့ေသးတယ္လို႔ မိုးဇလက ထုတ္ျပန္ပါတယ္။ လက္ရွိသုေတသနလုပ္ေဆာင္ေနတာနဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံေျမငလ်င္ေကာ္မတီကိုေတာ့ ဆက္သြယ္လို႔ မရေသးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013