DVB Logo
Home
မြန်မာသတင်း
အင်ပင်မြို့တွင် နေအိမ်ဖောက်ထွင်းမှုများကြောင့် ဒေသခံများ စိုးရိမ်
DVB
·
September 8, 2019
အင်ပင်မြို့တွင် နေအိမ်ဖောက်ထွင်းမှုများကြောင့် ဒေသခံများ စိုးရိမ်
Donate to DVB

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ အင်ပင်ရဲတပ်ဖွဲ့စခန်းအပိုင် အင်ပင်မြို့ပေါ်မှာ တပတ်အတွင်း နေအိမ် ဖောက်ထွင်းခိုးယူမှုနှစ်ခု ဖြစ်ပွားခဲ့လို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

စက်တင်ဘာ ၄ ရက်ညမှာ အင်ပင်မြို့၊ နိမ္ဗာန်လမ်းက နေအိမ်တခုအတွင်း ဝင်ရောက်ဖောက်ထွင်းပြီး တယ်လီဖုန်း ၃ လုံးနဲ့ ငွေကျပ် ၁ သိန်းကျော်ကို ယူဆောင်ခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့မှာလည်း အင်ပင်မြို့ ဟင်္သာတ-ကြံခင်းလမ်းမပေါ်က နေအိမ်တခုအတွင်းက ငွေကျပ် ဆယ်သိန်းကျော်နဲ့ တယ်လီဖုန်းတလုံးကို ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွားခဲ့တာပါ။

အင်ပင်နယ်မြေရဲတပ်ဖွဲ့စခန်းက နယ်ထိန်းတပ်ဖွဲ့ ရဲတပ်သား မောင်မောင်ကျော်က “ဟုတ်တယ် အစ်ကို၊ ကျနော်တို့လည်း လှည့်ကင်း လှည့်နေတာပါပဲ။ ကျနော့်အထင်တော့ မိုးလင်းခါနီးလောက်မှာ ဖြစ်တယ်လို့ ထင်တယ်။ ပထမအမှုကို စုံစမ်းတုန်း ခုလို ဖြစ်သွားတာပါ။ ကျနော်တို့ ခိုးဆိုးလုယက်စာရင်းရှိတဲ့ လူတွေနဲ့ ဆက်စပ်တဲ့လူတွေကို စစ်ဆေးနေပါတယ်။ နောက်ဆုံး အခြေအနေကိုတော့ ပြောလို့မရပါဘူး” လို့ ပြောပါတယ်။

တပတ်အတွင်း ခုလို ဆက်တိုက် ဖောက်ထွင်းမှုတွေ ဖြစ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး လောင်းကစားတွေ ပေါတာကြောင့် အခုလို ဖြစ်တာလို့ အင်ပင်မြို့ ကနောင်လမ်းနေ ကိုဇော်လွင်က ပြောပါတယ်။

“အဓိကပြဿနာကတော့ ငွေရေးကြေးရေး ပါးရှားတာရယ်၊ ပြီးတော့ လောင်းကစားတွေ ပေါတာတွေကြောင့် ခုလို ခိုးဆိုးတာတွေ ဖြစ်ပေါ်တာ ဖြစ်နိုင်ပါတယ်။ အင်ပင်မြို့မှာက လောင်းကစားဝိုင်းက နာရေးကနေစပြီး နေရာတိုင်း လုပ်နေကြတာလေ။ ဒါတွေလည်း ထိန်းချုပ်ဖို့ လိုမယ်” လို့ ပြောပါတယ်။

မြန်အောင်မြို့နယ်အတွင်းမှာ ရဲစခန်းပေါင်း ၄ ခုရှိပြီး အင်ပင်ရဲတပ်ဖွဲ့စခန်းမှာ အမှုအများဆုံး ဖြစ်ပေါ်နေတာပါ။

သန်းထိုက်မြင့်

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အင္ပင္ၿမိဳ႕တြင္ ေနအိမ္ေဖာက္ထြင္းမႈမ်ားေၾကာင့္ ေဒသခံမ်ား စိုးရိမ္

ဧရာဝတီတိုင္း၊ ျမန္ေအာင္ၿမိဳ႕နယ္၊ အင္ပင္ရဲတပ္ဖြဲ႕စခန္းအပိုင္ အင္ပင္ၿမိဳ႕ေပၚမွာ တပတ္အတြင္း ေနအိမ္ ေဖာက္ထြင္းခိုးယူမႈႏွစ္ခု ျဖစ္ပြားခဲ့လို႔ ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။

စက္တင္ဘာ ၄ ရက္ညမွာ အင္ပင္ၿမိဳ႕၊ နိမၺာန္လမ္းက ေနအိမ္တခုအတြင္း ဝင္ေရာက္ေဖာက္ထြင္းၿပီး တယ္လီဖုန္း ၃ လုံးနဲ႔ ေငြက်ပ္ ၁ သိန္းေက်ာ္ကို ယူေဆာင္ခဲ့ပါတယ္။

စက္တင္ဘာ ၇ ရက္ေန႔မွာလည္း အင္ပင္ၿမိဳ႕ ဟသၤာတ-ႀကံခင္းလမ္းမေပၚက ေနအိမ္တခုအတြင္းက ေငြက်ပ္ ဆယ္သိန္းေက်ာ္နဲ႔ တယ္လီဖုန္းတလုံးကို ေဖာက္ထြင္း ခိုးယူမႈ ျဖစ္ပြားခဲ့တာပါ။

အင္ပင္နယ္ေျမရဲတပ္ဖြဲ႕စခန္းက နယ္ထိန္းတပ္ဖြဲ႕ ရဲတပ္သား ေမာင္ေမာင္ေက်ာ္က “ဟုတ္တယ္ အစ္ကို၊ က်ေနာ္တို႔လည္း လွည့္ကင္း လွည့္ေနတာပါပဲ။ က်ေနာ့္အထင္ေတာ့ မိုးလင္းခါနီးေလာက္မွာ ျဖစ္တယ္လို႔ ထင္တယ္။ ပထမအမႈကို စုံစမ္းတုန္း ခုလို ျဖစ္သြားတာပါ။ က်ေနာ္တို႔ ခိုးဆိုးလုယက္စာရင္းရွိတဲ့ လူေတြနဲ႔ ဆက္စပ္တဲ့လူေတြကို စစ္ေဆးေနပါတယ္။ ေနာက္ဆုံး အေျခအေနကိုေတာ့ ေျပာလို႔မရပါဘူး” လို႔ ေျပာပါတယ္။

တပတ္အတြင္း ခုလို ဆက္တိုက္ ေဖာက္ထြင္းမႈေတြ ျဖစ္ေနတာေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကၿပီး ေလာင္းကစားေတြ ေပါတာေၾကာင့္ အခုလို ျဖစ္တာလို႔ အင္ပင္ၿမိဳ႕ ကေနာင္လမ္းေန ကိုေဇာ္လြင္က ေျပာပါတယ္။

“အဓိကျပႆနာကေတာ့ ေငြေရးေၾကးေရး ပါးရွားတာရယ္၊ ၿပီးေတာ့ ေလာင္းကစားေတြ ေပါတာေတြေၾကာင့္ ခုလို ခိုးဆိုးတာေတြ ျဖစ္ေပၚတာ ျဖစ္ႏိုင္ပါတယ္။ အင္ပင္ၿမိဳ႕မွာက ေလာင္းကစားဝိုင္းက နာေရးကေနစၿပီး ေနရာတိုင္း လုပ္ေနၾကတာေလ။ ဒါေတြလည္း ထိန္းခ်ဳပ္ဖို႔ လိုမယ္” လို႔ ေျပာပါတယ္။

ျမန္ေအာင္ၿမိဳ႕နယ္အတြင္းမွာ ရဲစခန္းေပါင္း ၄ ခုရွိၿပီး အင္ပင္ရဲတပ္ဖြဲ႕စခန္းမွာ အမႈအမ်ားဆုံး ျဖစ္ေပၚေနတာပါ။

သန္းထိုက္ျမင့္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013