DVB Logo
Home
မြန်မာသတင်း
ချောက်မြို့နယ် ဂွေးပင်ကျေးရွာတွင် စာသင်ကျောင်းဆောင်သစ် လှူဒါန်းပေးအပ်
DVB
·
September 8, 2019
ချောက်မြို့နယ် ဂွေးပင်ကျေးရွာတွင် စာသင်ကျောင်းဆောင်သစ် လှူဒါန်းပေးအပ်
1 / 3
Donate to DVB

မကွေးတိုင်း ချောက်မြို့နယ် ဂွေးပင်ကျေးရွာမှာ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ ၉ လကြာ ဆောက်လုပ်ထားတဲ့ နှစ်ထပ် ကျောင်းဆောင်သစ်ကို မနေ့က လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ပိုက်လိုင်းစီမံကိန်း စတင်ချိန်ကတည်းက လက်ရှိအချိန်အထိ CSR လုပ်ငန်းအတွက် ကုန်ကြငွေ ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄ သန်း ၈ သိန်း အသုံးပြုပြီး ဖြစ်ကြောင်းနဲ့ ဆောင်ရွက်တဲ့ အခန်းကဏ္ဍတွေမှာ ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေ ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ ဆက်သွယ်ရေးနဲ့ လမ်းခင်းပေးခြင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလှူဒါန်းတဲ့ ကျောင်းဆောင်ဟာ စီမံကိန်းအနေနဲ့ ပညာရေးကဏ္ဍမှာ ၁၀၇ ကြိမ်မြောက် အကြီးဆုံးဆောက်လုပ်လှူဒါန်းတဲ့ ကျောင်းဆောင်ဖြစ်ပြီး အလျား ပေ ၁၄၀၊ အနံပေ ၃၀ ရှိ အခန်းပေါင်း ၈ ခန်းပါဝင်တဲ့ အာစီ ၂ ထပ်ကျောင်းဆောင် ဖြစ်ကာ ကျောင်းသား ကျောင်းသူ ၄၀၀ လောက် ပညာသင်ကြားနိုင်ပါတယ်။ ၅ မိုင်ပါတ်လည်ရှိ ကျေးရွာ ၁၀ ရွာခလောက် အကျိုးခံစားနိုင်တယ်လို့ သိရပါတယ်။

အဆိုပါ စာသင်ကျောင်းဆောင် လွှဲအပ်ပွဲ အခမ်းအနားကို တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းပညာရေးညွှန်ကြားရေမှူးနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ကျောင်းသား ကျောင်းသူ ၁၀၀၀ ကျော်အတွက် လွယ်အိတ်နဲ့ စာရေးကိရိယာ တစုံစီ၊ ဆရာ၊ ဆရာမ ၄၀ ကျော်အတွက် Loud-speaker နှင့် Power bank ၁ ခုစီကို အဲဒီစီမံကိန်းက လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

ကိုလင်း(ချောက်)

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေခ်ာက္ၿမိဳ႕နယ္ ေဂြးပင္ေက်း႐ြာတြင္ စာသင္ေက်ာင္းေဆာင္သစ္ လႉဒါန္းေပးအပ္

မေကြးတိုင္း ေခ်ာက္ၿမိဳ႕နယ္ ေဂြးပင္ေက်း႐ြာမွာ ျမန္မာ-တ႐ုတ္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းစီမံကိန္းမွ ၉ လၾကာ ေဆာက္လုပ္ထားတဲ့ ႏွစ္ထပ္ ေက်ာင္းေဆာင္သစ္ကို မေန႔က လႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။

ပိုက္လိုင္းစီမံကိန္း စတင္ခ်ိန္ကတည္းက လက္ရွိအခ်ိန္အထိ CSR လုပ္ငန္းအတြက္ ကုန္ၾကေငြ ပမာဏစုစုေပါင္း အေမရိကန္ေဒၚလာ ၂၄ သန္း ၈ သိန္း အသုံးျပဳၿပီး ျဖစ္ေၾကာင္းနဲ႔ ေဆာင္႐ြက္တဲ့ အခန္းက႑ေတြမွာ ပညာေရး၊ က်န္းမာေရး၊ ေသာက္သုံးေရ ရရွိေရး၊ လွ်ပ္စစ္မီး ရရွိေရး၊ ဆက္သြယ္ေရးနဲ႔ လမ္းခင္းေပးျခင္းတို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

အခုလႉဒါန္းတဲ့ ေက်ာင္းေဆာင္ဟာ စီမံကိန္းအေနနဲ႔ ပညာေရးက႑မွာ ၁၀၇ ႀကိမ္ေျမာက္ အႀကီးဆုံးေဆာက္လုပ္လႉဒါန္းတဲ့ ေက်ာင္း‌ေဆာင္ျဖစ္ၿပီး အလ်ား ေပ ၁၄၀၊ အနံေပ ၃၀ ရွိ အခန္းေပါင္း ၈ ခန္းပါဝင္တဲ့ အာစီ ၂ ထပ္ေက်ာင္းေဆာင္ ျဖစ္ကာ ေက်ာင္းသား ေက်ာင္းသူ ၄၀၀ ေလာက္ ပညာသင္ၾကားႏိုင္ပါတယ္။ ၅ မိုင္ပါတ္လည္ရွိ ေက်း႐ြာ ၁၀ ႐ြာခေလာက္ အက်ိဳးခံစားႏိုင္တယ္လို႔ သိရပါတယ္။

အဆိုပါ စာသင္ေက်ာင္းေဆာင္ လႊဲအပ္ပြဲ အခမ္းအနားကို တိုင္းေဒသႀကီးအစိုးရ ဝန္ႀကီးခ်ဳပ္ေဒါက္တာေအာင္မိုးညိဳ၊ လႊတ္ေတာ္ဥကၠ႒ ဦးတာ၊ လႊတ္ေတာ္ ဒုဥကၠ႒ ဦးေဇာ္မ်ိဳးဝင္း၊ တိုင္းပညာေရးၫႊန္ၾကားေရမႉးနဲ႔ ေဒသဆိုင္ရာ တာဝန္ရွိသူေတြ တက္ေရာက္ခဲ့ၾကပါတယ္။

ေက်ာင္းသား ေက်ာင္းသူ ၁၀၀၀ ေက်ာ္အတြက္ လြယ္အိတ္နဲ႔ စာေရးကိရိယာ တစုံစီ၊ ဆရာ၊ ဆရာမ ၄၀ ေက်ာ္အတြက္ Loud-speaker ႏွင့္ Power bank ၁ ခုစီကို အဲဒီစီမံကိန္းက လက္ေဆာင္ေပးအပ္ခဲ့ပါတယ္။

ကိုလင္း(ေခ်ာက္)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013